Latest News

ခရေတစ်ပွင့်အကြောင်း

ခရေတစ်ပွင့်

ခရေတစ်ပွင့်...
ပင်ယံမြင့်မှာ
အမှတ်မထင် တွေ့လိုက်တယ်။

ရောင်ဝါ ၀င်း တဲ့ခရေပွင့်ရေ
ပင် မြင့် မှာစံနေရင်း
လေညှင်းကဆော်သွေးတော့
မွှေးပျံ့လှချည်လား...
သင်းထုံလှချည်လား...
နမ်းရှိုက်သူအတွက်တော့
မွှေးလိုက်တဲ့ ခရေပွင့်ပါလား...။

အို...
ခရေပွင့်ရယ်
လေညှင်းမက လေပြင်းကျရင်တော့
မြေလွှာပြင်ထက်
ဆင်းသက်ရဦးမှာပေါ့။

ဒါပေမယ့်လည်း
နမ်းရှိုက်သူသိပါတယ်လေ
ခရေပွင့်ဆိုတာ
ဝေလည်းမွှေးမြဲ ကြွေလည်းမွှေးဆဲ။
လန်းလည်းမွှေးဆဲ နွမ်းလည်းမွှေးမြဲ။ ။

ကျွန်တော်လေးစားခဲ့ရသူတစ်ဦးရဲ့ဂုဏ်ကိုရည်ကာ
ရေးစပ်ဖော် ကျူးအပ်ပါတယ်။
ဒီခရေပွင့်လေးကို အတုယူနိုင်ပါစေ။

လေးစားစွာဖြင့်
ပြည့်စုံအောင်


25.10.2008, SUN, 04:41 AM
pyaesoneaumg2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply