ဒီကဗျာလေးကို ကျွန်တော် ( 2.12.2006 ) , SUN: တုန်းက ရေးစပ်ခဲ့တာပါ။ ဖတ်ရှုသူတိုင်း ခံစားနိုင်မှာပါ။
အမေးအဖြေ
အမှတ်တမဲ့ပဲ ခေါ်ခေါ်
ပုံမှန်ပဲ ဆိုဆို
လေးနက်မှုအပြည့်နဲ့ပဲ ပြောပြော
မည်သို့ပင်ခေါ်ဆိုစေ
သင့်နှလုံးသားမှာ
အပြုံးများမှေးစက်
ပီတိများလွှမ်းခြုံ
ကြည်နူးခြင်းဆွတ်ဖျန်းတဲ့အရသာ
အသေအချာသင်ခံစားရတဲ့
ခေါ်ဝေါ်သုံးစွဲသံ
သင်ခေါ်ဖူးရဲ့လား…?
အတွေးနယ်မချဲ့ပါနဲ့
အမေးကျယ်တယ်လို့လည်း
မယိုးစွပ်စေချင်
ဒါ…
သင်အပါအ၀င်
လူတိုင်းပြုဖူးတဲ့
အမှုတစ်ခုပါ
တိုင်ပေးရင်လိုက်ဆိုမှာလား…?
ကြည်နူးသွားရင်
ပီတိဖြာသွားရင်
တာဝန်မယူဘူးနော်
ဆိုကြည့်ပါ
မေမေ…လို့။ ။
ကျွန်တော့် မေမေအပါအ၀င် မေမေအားလုံးသို…ရည်ရွယ်ပါတယ်။
လေးစားစွာဖြင့်
ပြည့်စုံအောင်
27.10.2008, MON:, 04:31 pm
pyaesoneaung2007@gmail.com
Latest News
0 comments