Latest News

ပဋိသန္ဓေ စိတ်ချုပ်၍ ကံစိတ်စွမ်းအင် ကူးပုံနှင့် မဇ္ဈိမပဋိပဋာ


ပဋိသန္ဓေ စိတ်ချုပ်၍ ကံစိတ်စွမ်းအင် ကူးပုံနှင့် မဇ္ဈိမပဋိပဋာ

>>>ပဋိ သန္ဓေ စိတ် ဆိုတော့… အင်း … အရင်ဆုံး အမိ ၀မ်းမှာ ပဋိ သန္ဓေ နေနိုင်ဖို့ အတွက် ဘယ် အချက် တွေ လိုအပ် သလဲ… အဲဒီက စပြော ရအောင်။ မြတ်စွာ ဘုရားရှင် ကိုယ်တော် မြတ်ကြီးက ပဋိ သန္ဓေ နေနိုင်ဖို့ အတွက် အချက် သုံးချက်နဲ့ ပြည့်စုံ ရမယ်လို့ ဟောထား တယ်ဗျ။ အဲဒါက ဘာတွေလဲ ဆိုတော့---

၁။ မိခင်သည် ဥတုပန်း ပွင့်ဆဲအရွယ်၊ ကိုယ်ဝန် ဆောင်နိုင်ဆဲ အရွယ် ဖြစ်ရမယ်။
၂။ မိခင်နှင့် ဖခင်တို့ကာမ စပ်ယှက် မှုရှိရမယ်။
၃။ တဘက်က ၀ိဥာဏ်စိတ် ချုပ်တဲ့သူ၊ သေတဲ့သူရှိရမယ်။

ဒီအချက် သုံးချက် ပြည့်စုံပါမှ ပဋိ သန္ဓေ စိတ်ဆိုတာ ဖြစ်ပါတယ်။

>>>ဒီနေရာမှာ ၀ိဥာဏ်စိတ် ဘယ်လို ချုပ်ပြီး ကံစိတ် စွမ်းအင် ဘယ်လို ကူးသလဲ၊ ဘယ်အချိန်မှာ ကူးသလဲ.. ကြည့် ရအောင်။ ဘယ်လို ကူးသလဲ။ ဥပမာလေးနဲ့ ပြောရအောင်။ အားလုံးပဲ TV ကြည့်ဘူး ကြမှာပါ။ TV ကအစီ အစဉ် တစ်ခု လွှင့်တယ်။ အူဝဲ လေးရဲ့ကြော်ငြာ လို့ပဲ ဆိုပါစို့။ ဒီကြော် ငြာကို ရန်ကုန် မြို့က ကြည့်နေတဲ့ သူနဲ့ မြစ် ကြီးနားက ကြည့်နေ တဲ့သူ အချိန် တူရဲ့လား၊ အတူတူပဲ။ အချိန် ကာလ အခြား မရှိဘူး။ ဘာလို့လဲ ဆိုတော့ ထုတ်လွှင့်မှု အလျင်က တစ် စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ နဲ့ သွားတာ ကိုးဗျ။ ပဋိ သန္ဓေ စိတ်လဲ ဒီလိုပဲ။ သူ့ကျတော့ အလျင် ဘယ်လောက်နဲ့ သွားတယ် ထင်သလဲ။ ပိုဆိုး တယ်ဗျ။ တစ် စက္ကန့်ကို မိုင်ပေါင်း ကုဋေ တစ်သိန်း တောင်သွားတာ။ အဲဒီ လောက်တောင် မြန်တယ်။ ဒီနေရာမှာ မဇ္ဈိမ ပဋိ ပဋာလေး ထည့် ကြည့်ရအောင်။ အူဝဲ လေးကိုပဲ ဥပမာယူ လိုက်ကြ မယ်။ ကျွန်တော် တစ်ချက် မေးကြည့် မယ်နော်။ TV မှာ သရုပ် ဆောင် နေတဲ့ အူဝဲ လေးသည် အပြင်မှာ ရှိနေသော အူဝဲ လေးလား လို့မေးရင် ဘယ်လို ဖြေမလဲ။ ဟုတ်မှ မဟုတ်တာ။ မဟုတ် ဘူးလို့ပဲ ဖြေမှာပေါ့။ ဒါဖြင့် တစ်ခု ထပ်မေး ကြည့်မယ်။ တကယ်ပဲ ဒါဟာ အူဝဲ မဟုတ် ဘူးလားဆို ရင်ကော။ အပြင်မှာ ရှိနေ တဲ့ အူဝဲတော့ မဟုတ် ဘူး။ ဒါပေ မယ့် ဒါဟာ အူဝဲ သရုပ်ဆောင် နေတာပဲ၊ အူဝဲ ဟုတ်တယ် လို့ပဲ ဖြေရမှာပါ။ ပိုရှင်း သွားအောင် နောက်ထပ် ဥပမာ တစ်ခု ထပ်ပြော ပါ့မယ်။ ကျွန်တော်တို့ မချစ်စု သရက်ပင် တစ်ပင် စိုက်မယ် ဆိုပါစို့။ ဘာနဲ့စိုက် ရမလဲ။ မချစ်စု သရက် စေ့နဲ့ပဲ စိုက်ရ မှာပေါ့၊ မဟုတ် ဘူးလား။ ထားပါ။ ဒါနဲ့ အပင်ပေါက်၊ အသီး သီး လာတယ် ဆိုပါတော့။ ဒီ နေရာ မှာလဲ ခုန လိုပါပဲ။ အပင်က သီးလာတဲ့ မချစ်စု သရက်သီး သည် နဂို စိုက်လိုက်တဲ့ အစေ့က အသီး လားဆိုရင် မဟုတ်ဘူး။ တကယ် ပဲ မဟုတ် ဘူးလား ဆိုတော့လဲ ဟုတ်နေတယ်။ ပဋိ သန္ဓေ စိတ်သည်လည်း ဒီလိုပါပဲ။ အထည် ဒြပ် အားဖြင့် တော့ ဘ၀ နှစ်ခု ဟာဆက်စပ် ခြင်းမရှိ ပေမယ့် ကြောင်းကျိုး အားဖြင့် တော့ ဆက်စပ် နေပါတယ်။ ဒါသည်ပင် မဇ္ဈိမ ပဋိ ပဋာ ဖြစ်ပါတယ်။ ဒီလို အစွန်း နှစ်ဖက် လွတ်အောင် မြင်တတ်ရင် သဿတ ဒိဌိနဲ့ ဥစ္ဆေဒ ဒိဌိက လွတ် ပါတယ်။ ဒီလောက် ဆိုရင် ကံစိတ် စွမ်းအင် ဘယ်လို ကူးတယ် ဆို တာသဘော ပေါက် လောက်ပြီ လို့ထင်ပါ တယ်။

>>>နောက်ပြီး ဘယ် အချိန်မှာ ကူးသလဲ။ ဒါလည်း သိသင့် တယ်လို့ ထင်ပါတယ်။ ၀ိဥာဏ် စိတ် ကူးတယ်
ဆိုတာ သိစိတ်စပေါ် တာပဲ။ သိစိတ် ရှိတယ် ဆိုတာ အသက် ရှင်နေတာ။ အသက် ရှင်ဖို့အတွက် နှလုံး ခုန်ရ
မယ်။ ကဲ.. ဒီ နေရာ မှာစပြီ နော်။ နှလုံး ခုန်အောင် ဘယ် အရာ ကစေ့ဆော် တာလဲ။ ဘယ်လို စေ့ဆော် သလဲ။ ကျွန်တော် တို့ရဲ့ ဗုဒ္ဓ ဘုရား ရှင်က အခုလို ဆိုထား တယ်ခင်ဗျ။ နှလုံးရဲ့ ဘယ်ဘက် သွေးပြန် ကြောထဲမှာ ဟဒယ လို့ခေါ် တဲ့ဝတ္ထု တစ်မျိုး ရှိတယ်၊ အဲဒီ ဟဒယ ၀တ္ထုကို တစ်ဘက်က ၀ိဥာဏ် ချုပ်သူရဲ့ ကံစိတ် စွမ်းအင်က လာရောက် စေ့ဆော်တဲ့ အချိန်မှာ နှလုံးက ဖတ်ခနဲ ဆိုပြီး ထခုန် တော့တာ ပဲတဲ့။ ကံစိတ် စွမ်းအင် ဆိုတာ ကတော့ လွယ်လွယ် ပြောရရင် ခုနက မချစ်စုသရက်စေ့ ပေါ့ဗျာ။ သဘောပေါက် လောက် မယ်လို့ ထင်ပါတယ်။ ဒီနေရာ မှာလည်း မချစ်စု သရက်စေ့ ဆိုတဲ့ ကံစိတ် စွမ်းအင် ကြောင့်သာ တစ်ဖက်မှာ မချစ်စု သရက်ပင် ပေါက် တာနော်။ ဒီအချက် ကလည်း တော်တော် အရေး ပါပါ တယ်။ ဆိုကြ ပါစို့။ TV အင်တနာ ဖမ်းယူမှု နဲ့ပဲ ဥပမာ ပေးပါ့မယ်။ ကျွန်တော်တို့က 5 series အစီ အစဉ် ကြည့်ချင်ရင် 5 series လိုင်းကို မိမယ့် အင်တနာ ဒါမှမဟုတ် channel box ကျွန်တော်တို့ ဆီမှာ ရှိရမယ်။ ဒီလို မှမ ဟုတ်ရင် 5 series အစီ အစဉ်ကို ကျွန်တော်တို့ တစ်တွေ မကြည့် နိုင်ဘူး။ တစ်ဘက်က ပြန် စဉ်းစား ပြန်ရင်လည်း 5 series လိုင်းကို မိမယ့် အင်တနာ ဒါမှမဟုတ် channel box သည် 5 series လိုင်းက လွဲပြီး ကျန်တဲ့ လိုင်းကို ဖမ်းလို့လည်း မရဘူး။ မိလည်း မမိဘူး။ ဒီလိုပါပဲ၊ လူ တစ်ယောက်ဟာ ဒီဘက် ဘ၀က ကုသိုလ်စိတ် နဲ့သေသွား ရင် အဲဒီ ကုသိုလ် စိတ်ကို ဖမ်းမိ နိုင်တဲ့ အင်တနာ ဆိုတဲ့ ဘုံ ဘ၀က ဟိုဘက် ကနေ အသင့် စောင့်ကြို နေတာပါ။ အကု သိုလ် စိတ်နဲ့ သေသွား ရင်လည်း ဒီလိုပါပဲ။ လိုင်းမှားပြီး ဖမ်းတယ် ဆိုတာ မရှိပါဘူး။ ဒါကို လည်း သိထား ရပါမယ်။ ကဲ.. လိုရင်း လေး ပြန်ကောက် လိုက်ရအောင်။ ဟဒယ ၀တ္ထုကို တစ်ဘက် က၀ိဥာဏ် ချုပ်သူရဲ့ ကံစိတ် စွမ်းအင်က လာရောက် စေ့ဆော်ရင် နှလုံး စခုန်မယ်။ အဲဒီလို နှလုံး စခုန်တဲ့ အချိန် သည် ၀ိဥာဏ် စဖြစ် တယ်လို့ သိရ ပါမယ်။ ကဲ.. ကောင်းပြီ။ လူ တစ်ယောက် မှာ နှလုံး ဘယ်အချိန် စခုန် သလဲ။ သိပ္ပံ ပညာ ကတော့ ပဋိ သန္ဓေ စနေ တဲ့အချိန်က စပြီး ရေတွက်ရင် နှစ်လကနေ သုံးလ အတွင်း မှာလို့ ဆိုပါတယ်။ ရက် အတိ အကျ မပြော နိုင်သလို နှလုံး ခုန်အောင် ဘယ် အရာက စေ့ဆော် ပေးလိုက်တယ် ဆိုတာ ကိုလည်း မပြော နိုင်ပါဘူး။ ( ဒီ အကြောင်း ကို ပုံတူ မျိုးပွားနည်း DNA နည်း ပညာနဲ့ နိုဘယ်လ် ဆုရသွားတဲ့ ဇနီး မောင်နှံ နှစ်ဦး ရေးသော LANNGUAGE OF LIFE စာအုပ်မှာ ဖတ်ရှုနိုင် ပါတယ်။) မြတ်စွာ ဘု ရား ရှင် ကတော့ ပဋိ သန္ဓေ စ နေတဲ့ အချိန်က စပြီး ရေ တွက်ရင် ဆယ့် တစ်ပတ် မြောက်၊ (၇၇) ရက်မှာ နှလုံး စခုန် တယ်လို့ အတိ အလင်း ဆိုထား ပါတယ်။ အဲဒီ အချိန် မှာပဲ တစ်ဘက်က ပဋိ သန္ဓေ စိတ်ချုပ် သူရဲ့ ကံစိတ် စွမ်းအင် ကူးပါတယ်။

>>>ဒီနေ ရာမှာ မယ်တော် မာယာ ဥပုသ် နေ့မှာ ပဋိ သန္ဓေ ယူတာနဲ့ ပတ်သတ်ပြီး အခြား ဘာသာ ၀င်တွေ တိုက်ခိုက် ပြောဆို ကြတာ ရှိပါတယ်။ သူတို့ ဆိုလို ချင်တာက ဥပုသ် နေ့တောင် မရှောင်ဘဲ ကာမ စက်ယှက် တယ်၊ မေထုန် အမှု ပြုတယ် ပေါ့။ ဒီလို မဟုတ် ပါဘူး။ ကျွန်တော် တို့ရဲ့ အတု မရှိ ဗုဒ္ဓ မြတ်စွာကို ကိုယ်ဝန် ဆောင်ရမယ့် မယ် တော် မာ ယာ သည် ဒီလို အပြု အမူ မျိုး လုပ်ပါ့ မလား ဗျာ။ ဒီနေရာမှာ ပဋိ သန္ဓေ ယူတဲ့ ရက်ကို ဘယ်လို စရေ တွက် သလဲ။ လက်တွေ့ ဘ၀နဲ့ပဲ ယှဉ်ကြည့် ရအောင်။ ဆိုပါ တော့ဗျာ။ ယနေ့ ခောတ်မှာ ဆရာဝန် တွေသည် မိခင် လောင်း တစ်ယောက် က ကိုယ်ဝန် ဆောင်တာ ဘယ်နှစ် လရှိပြီလဲ သိချင်လို့ လာမေးရင် ခင်ဗျား ဘယ် အချိန် တုန်းက ခင်းဗျား ယောက်ျားနဲ့ မေထုန် အမှု ပြုခဲ့သလဲလို့ ပြန်မေးမယ် ထင်သလား။ ဘယ် ဆရာဝန်မှ အဲဒီ လိုမမေး ဘူး။ ဘယ် အချိန်က စပြီး ဓမ္မတာ သွေး မလာ တော့တာ လည်း လို့ပဲ မေးတယ်။ ဆရာဝန် တွေသည် ပဋိ သန္ဓေ ယူတဲ့ ရက်ကို မိခင် ဓမ္မတာသွေး မလာ တော့တဲ့ ရက်ကစပြီး ရေတွက်ပါတယ်။ ပထမ တစ်လ မလာ သေးဘူးလား၊ ရသေး တယ်။ အဲ.. ဒုတိယ လမှာပါ ဓမ္မ တာသွေး မလာ တော့ ဘူးဆိုရင်တော့ ကိုယ်ဝန် ရှိနေ ပြီလို့ စတင်သတ်မှတ် သလို အဲဒီ လကစပြီး ပဋိ သန္ဓေ ရက်စတင် ရေ တွက်ပါ တယ်။ ဒါကြောင့် မယ်တော်မာယာ သည် ဥပုသ် နေ့မတိုင် ခင် နှစ်လ အလိုက၊ ဒါမှ မဟုတ် နှစ်လ အတွင်းမှာ မေထုန်မှု ပြုခဲ့ တယ်လို့ ဆိုနိုင် ပါတယ်။ ကျွန်တော် ဆိုလို တာက အချက် အလက် ကိုအဓိက ပြောချင်တာ မဟုတ် ပါဘူး။ ဒီ အချက် အလက် တွေသည် မှန်ချင် လည်း မှန်မယ်။ မှန်ချင် မှလည်း မှန်မယ်။ အရေးကြီးတာက ဖြစ်နိုင်ချေရှိမရှိ စဉ်းစား တတ်ဖို့နဲ့ သဘော အသွားလေး ကို ယူတတ် ဖို့ပါပဲလေ..။

ကဲ..အားလုံးပဲ ကျွန်တော်သိထားတာလေးကို မျှဝေလိုက်တာပါ။ ကျေနပ်အားရမှု ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီအကြောင်းအရာများကို ဆရာတော် ဦးကောသလ္လနဲ့ အရှင်အာဒိစ္စရံသီ (ဦးဆန်းလွင်) တို့ရဲ့ တရား
တော်များမှ ထုတ်နုတ်ရေးသားအပ်ပါကြောင်း။

လေးစားစွာဖြင့်
ပြည့်စုံအောင်

22.10.2008, WED, 07:50 AM
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply