တစ်ပွင့်တော့ ကြွေလေပြီ…
ကျန်ပွင့်လွှာ နှင်းဆီဝါတို့
ဓမ္မတာ ဤသဘောတော့
မေ့လျော့၍ မစံသင့်ပေ…
ကြွေမှာတစ်နေ့ ကြိုးတွေးမတွေ့ချင်
လေပြေအလာ ငါတို့ပျော်ပိုက်
အမင်္ဂလာ တွေးမမိုက်ချင်ဘူး
သူ့အခိုက်အလာ သူ့ဟာသာရှိစေတော့ဟု
အတွေးပေါ့၍ မစံသင့်ပေ…
တစ်နေ့တော့ ကြွေရမှာ
ဒါကိုစဉ်တွေး စံရတာ
မရွှင်သာဘဲ ငိုက်မှေးအိပ်စက်
အနေပျက်၍လည်း မစံသင့်ပေ…
နှင်းဆီဝါ စံအခိုက်မှာ
ရနံ့ဖြာ သင်းပါ့စေ…
ပွင့်လွှာဖြာ ကြည်သာပါ့စေ…
နမ်းရှိုက်သူ ရင်မှာအေးစေ…
ကြွေအခိုက်မှာ တင့်ပါစေ…
ဝင်းမြင့်
ကိုကျော်ထင်လင်း ဆုံးတုန်းက ကိုဝင်းမြင့် ရေးစပ်ထားခဲ့တာပါ။
လေးစားစွာဖြင့်
ပြည့်စုံအောင်
03.12.2008, WED:, 01:12:12 am
Latest News
0 comments