12:08 PM F: ဖိုးသား
me: အေးရှိတယ် သူငယ်ချင်း
F: ငါငိုချင်တယ်
12:09 PM me: အယ်… ဘာလို့လဲ ပြောပါဦး မငိုပါနဲ့
ဘာတွေဖြစ်လို့လဲဟ
F: ငါ့ကိုညာတယ်
ငါ့ကိုညာကြတယ်
me: ဘယ်သူတွေလဲပြောပါဦး
12:10 PM ဘာတွေဖြစ်တာလဲ
F: ငါ့ချစ်သူဆိုတာလေ
me: အေး သိတယ်ပြောလေ
ဘာလုပ်လို့တုန်း
12:11 PM F: သူကကွာ တခြားကောင်မလေးကိုသွားတွေ့တယ်ကွာ
အဲဒါ ခုငါ့ဆီကို အလုပ်နဲ့လာရတာ
အဲဒါကို
ငါ့ကိုလာကြိုရမယ်တဲ့
တခြားမိန်းမတစ်ယောက်ကို
သွားတွေ့ထားတဲ့ သူတစ်ယောက်ကို
12:12 PM me: အော်သူနဲ့ ကပြီးသွားပြီအောက်မေ့တာ အဲဒါ သူငယ်ချင်းကော မဖြစ်နိုင်ဘူးလား
F: ငါကညကြီးမိုးချုပ်သွားကြိုရမယ်တဲ့
ပြီးသွားပြီလေ
အဲဒါကို
သူကမပြီးတာ
ငါကပြီးသွားပြီ
me: အော် .. တအားခံစားနေရလား။
12:13 PM F: ငါလူတိုင်းကို စိတ်မညစ်စေတတ်ဘူးဟာ
အဲဒါငါ့ကိုလာမကြိုဘူးလားဆိုပြီး
စိတ်ဆိုးသွားတယ်လေ
ငါ့ဘာသာမေ့လိုက်တာ
ငါ့ဘာသာ
ပြီးဆုံးသွားတာ
သူ့ကိုရန်တောင်မလုပ်ပါဘူးဟာ
အဲဒါကို
ငါ့ကိုလာပြီးစိတ်ဒုက္ခပေးတယ်
me: စိတ်မကောင်းမဖြစ်ပါနဲ့ အေးပေါ့ အေးအေး ငါနားလည်ပါတယ်။
12:14 PM အချစ်ဦးကတော့ ဘယ်သူမဆို မေ့လို့ဘယ်ရပါ့မလဲ ဟုတ်ပါတယ်
F: ငါကိုကံမကောင်းတာလားဖိုးသားရာ
ငါသူ့ကြောင့်
ငိုရတဲ့ရက်တွေလည်းများခဲ့ပြီ
နှလုံးတွေလည်းတုန်နေပြီ
12:15 PM ရောဂါတောင်ရနေပြီလားမသိဘူး
me: ပြောမယ်ဆို ကိုယ်သူတစ်ပါးအပေါ် ပြုခဲ့ဘူးလို့ပဲလို့ သဘောထား ၀ဋ်တွေဆပ်နေတယ်လို့ သဘောထား စိတ်ကိုသက်သာအောင်နေပါ သူငယ်ချင်းရာ
F: ဟူးးးးးးးးးးးးးး
အေးပါဟာ
12:16 PM ငါဝဋ်ကြွေးတွေ မကုန်သေးဘူးလားမသိဘူးနော်
12:17 PM me: အေးပေါ့ အကုသိုလ်ဆိုတာဖြေဖျောက်လို့ ရပေမယ့် ၀ဋ်ကတော့ ကျေအောင် ဆပ်ရတယ် သူငယ်ချင်း ဘုရားရှင်တောင် ဘုရားဖြစ်တာတောင်မှ ၀ဋ်က ဆပ်ရသေးတာပဲလေ ..
နေသာရဲ့လား
12:18 PM F: ငါအရမ်းခေါင်းမူးလာတယ်
me: နားလိုက်ပါလား
F: ပြီးတော့ ရင်ထဲမှာလည်းနေလို့မရဘူး
me: ခဏလောက်ဖြစ်ဖြစ်
F: ငါကံကောင်းချင်ပါပြီ
12:19 PM me: အေးအေး ကိုယ်အခုကောင်းအောင်နေခဲ့တာတွေက တစ်ချိန်ချိန်မှာ ကံကောင်းစေမှာပါ သူငယ်ချင်း
F: ဟုတ်
ငါသူ့အပေါ်ကို
အနိုင်မယူခဲ့ပါဘူး
12:21 PM me: အေးအေး ခဏလောက်နားလိုက်လေ .. သက်သာသွားအောင်ပေါ့
12:22 PM သူ့အကြောင်း စဉ်းစားနေသေးလား .. သိပ်မတွေးနဲ့လေ လွမ်းတာကို နာတာနဲ့ဖြေတတ်အောင်လုပ်
အဲဒါမှ သက်သာမှာ
F: တွေးတာထက်
ရင်ထဲမှာ
အောင့်နေတယ်
ဘယ်လိုမှန်းမသိဘူးဟာ
12:23 PM ငါအဲလောက်ကံဆိုးသလား
ငါ့ကိုအဲလောက်နိုင်စားသလား
me: အေး သိပါတယ် .. ကိုယ်က ချစ်လာခဲ့တာကိုး ဟုတ်ပါတယ်လေ ..
တဖြေးဖြေး စိတ်ကို လျော့လိုက်
F: ငါကြောက်လှပြီ
ဟုတ်
ရင်တွေလည်းပူနေပီ
me: ခုအလုပ်ထဲမှာလား
12:24 PM နားလို့ရလား
F: ဟုတ်
နားတော့ဘူး
တော်ကြာလည်းပြန်မှာဆိုတော့
12:25 PM me: အေးအေး အဆောင်ရောက်ရင်လည်း ငိုမနေနဲ့နော် .. မျက်ရည်တွေခန်းသွားရင် နောက်တစ်ယောက် အတွက်မကျန်ဘဲ နေဦးမယ် ဟဲ ဟဲ
F: တော်ပါပြီ
နောက်တစ်ယောက်အတွက်
ကြောက်သွားပါပြီ
တစ်ယောက်တည်းနဲ့တင်
လန့်တယ်
12:26 PM me: အေးပါ အေးပါ .. ကိုယ်ကကောင်းရင် အဲလိုပဲ ကိုယ့်အပေါ် မကောင်းတဲ့သူတွေနဲ့ တွေ့ရတတ်တာ လောက ဓမ္မတာလိုပဲ
12:27 PM F: ဟုတ်
ခဏနော်
me: ငါလည်း ဘယ်လိုအားပေးရမှန်း မသိတော့ဘူး နည်းနည်းလေး ဘုရားစာလေး ရွတ်ကြည့်ပါလား
အေးအေး လုပ်
12:29 PM သူ့အပေါ် မေတ္တာလေး ပို့ပေးကြည့်လေ .. သူ စိတ်ချမ်းသာပါစေ ဆိုပြီးတော့လေ .. စိတ်ထဲကနေ မှတ်မှတ်ရရနဲ့ မေတ္တာပို့ပေးလိုက်
12:30 PM အဲဒါဆို တဖြေးဖြေး သက်သာသွားလိမ့်မယ်
ခံစားနေရတာတွေ
________________________________________ 5 minutes
12:35 PM F: ဟုတ်
သက်သာအောင်နေမယ်နော်
12:36 PM သူကလောဘကြီးနေတာသိလား
ငါ့ကိုလည်း မပြတ်ချင်ဘူး
တခြားသူတွေကိုလည်းး
လက်မလွှတ်ချင်ဘူးဖြစ်နေတာ
ငါကသူ့အရုပ်တစ်ရုပ်ဖြစ်နေတာ
12:37 PM me: အေးအေး ပြန်တော့မှာလား ..
F: ဟင့်အင်
ပြန်ရသေးဘူး
လိုသေးတယ်
12:38 PM me: သူကြိုးဆွဲတိုင်း မကမိအောင် စိတ်ကိုထိန်းလိုက်ပါ။
F: ဟုတ်
me: ပြောရတာတော့လွယ်တယ် .. မဖြစ်နိုင်မှန်းတော့ သိပါတယ် .. ဒါပေမယ့် စိတ်ချမ်းသာအောင်နေပါ။
12:39 PM F: ဟုတ်နေပါ့မယ်
me: တဖြေးဖြေးတော့ သက်သာသွားမှာပါ အချိန်တစ်ခုတော့ လိုမှာပေါ့လေ ..
12:40 PM F: ဟုတ်ကံကောင်းချင်လှပြီ
တစ်ဖက်သတ်နားလည်ခြင်းတွေနဲ့ နားလည်ခြင်းကို အခွင့်ကောင်းယူမှုတွေနဲ့ပဲ
ငါ… ချစ်သူသက်တမ်းကကုန်ဆုံးခဲ့ရတာ
me: ဘယ်လိုကံကို ပြောတာလဲ အချစ်ကံ ထပ်ကောင်းချင်တာလား
12:41 PM F: ကံဆိုတာမှာ
အားလုံးပေါ့
me: ဆရာတော် အရှင်ဆန္ဒာဓိက ရေးထားတာလေးရှိတယ် .. အချစ်ခံခေပေမယ့် အနှစ်ကျန်စေရမယ် ဆိုတာလေး ဖတ်ဖူးလား
12:42 PM F: ဟုတ်
ဖတ်ဖူးတယ်
me: အော် အဲဒီလို အနှစ်ကျန်အောင် ကြိုးစားပါနော် .. ငါလည်း သိပ်မပြောတတ်လို့ပါ ..
12:43 PM F: ဟုတ်
ခုလိုပြောပေးတာကို
ကျေးဇူးတင်ပါတယ်ဟာ
ငါ့ရူးသွပ်မှုတွေကို တဖြည်းဖြည်းကုစားတော့မှာပါ
me: ကံဆိုတာ သူ့အလိုလိုတော့ မကောင်းနိုင်ပါဘူး ကိုယ်က ကောင်းအောင်နေမှ ကံကကောင်းမှာ.. သူငယ်ချင်းလည်း နားလည်မှာပါလေ ..
F: ဟုတ်
နားလည်ပါတယ်
12:45 PM me: အကုသိုလ်ကံတွေများပေမယ့်လည်း ကုသိုလ်တရားတွေ များများလုပ်ပြီး အဲဒီအကုသိုလ်ကံကို ချေဖျက်လို့ ရပါတယ် .. အချစ်ကံကောင်းချင်ရင် လုပ်လို့ရတာလေး တစ်ခုပြောပြမယ်နော်
F: ဟုတ်
ပြောပြလေ
12:46 PM me: ဆရာတော်တွေကို ဆေးလှူပါတဲ့ ဆေးဝါးပေါ့ ကိုယ်တတ်နိုင်သလောက် .. ဘုန်းဘုန်း ကောသလ္လတရားထဲပါတာ .. အဲဒါဆို ဘယ်သူတွေဘယ်လိုခွဲခွဲ ကွဲစရာအကြောင်းမရှိဘူးတဲ့ ပေါင်းဖက်ရတယ်တဲ့
12:47 PM F: ဟုတ်လား
me: လှူရင်တော့ ဆုတောင်းတာက နိဗ္ဗာန်ပေါ့နော် .. ဒါပေမယ့် ခေါင်ထိအကုန်စားဆိုသလို .. ကျန်တာတွေပါ ပြည့်ဝပါတယ်လေ
12:48 PM F: အဲဒါဟုတ်တယ်
ငါအရင်က
ခုလိုမဟုတ်ဘူးသိလား
ငါလောကဓံတောင်
ခံနိုင်တယ်
အချစ်ဓံမှ
ငါခံရတယ်
ငါခုလိုဖြစ်တာ
ကိုယ့်ကိုယ်ကိုတောင်
အံ့သြမိတယ်
ပူလောင်လိုက်တဲ့အချစ်
12:50 PM ငါပြန်တော့မယ်နော်
me: အချစ်ကို တအားခံစားလိုက်လို့နဲ့ တူပါတယ် .. မေတ္တာပါတဲ့ အချစ်နဲ့ ချစ်တတ်အောင်ကြိုးစားစေချင်ပါတယ်သူငယ်ချင်းရယ် .. အဲဒါဆို ဘာမှမခံစားရတော့ဘူး။ ဗြဟ္မစိုရ် တရားလေးပါးပေါ့ .. ဥပေက္ခာပြုသင့်ရင် ပြုလိုက်ရတယ်လေ ..ကိုယ်ချစ်သလိုမှ ပြန်မချစ်တာပဲ
အေးအေး
12:51 PM F: ဟုတ်ကဲ့
me: ငါ့သူငယ်ချင်းတစ်ယောက် စိတ်ချမ်းသာပါစေ
F: ပေးတဲ့ဆုနဲ့ပြည့်ပါစေ
ပြန်ပီနော်
me: ကောင်းပါပြီ သူငယ်ချင်း
အားလုံးသော ချစ်တတ်သူအပေါင်းလည်း ဥပေက္ခာနဲ့ ယှဉ်တဲ့ မေတ္တာမျိုးဖြင့် ချစ်တတ်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
1/5/2009, MON:, 3:03:22 PM
Latest News
0 comments