ဒီအကြောင်းအရာလေးကို ကျွန်တော်ဖတ်ဖူးတာ ကြာခဲ့ပါပြီ… (၁၀) နှစ်ကျော်လောက်တော့ ရှိသွားပြီ ထင်ပါတယ်..။ သေသေချာချာတော့ မမှတ်မိတော့ပါဘူး.. ခုလို ပြန်ရေးနိုင်တာကလည်း စာအုပ်ထဲမှာ ရေးမှတ်ထားလို့ပါ…။ ကဲ အားလုံးပဲ ဒါလေးကို ဖတ်ရှုပြီး စိတ်ချမ်းသာအောင် ကျင့်ကြံနိုင်ကြပါစေဗျာ…။
၁။ လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်။
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက ဘယ်မှာ အနတ္တ ရှိမည်နည်း။
၂။ ပြောတိုင်းမရ ဒေါမထနှင့်။
ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာ အနတ္တ ရှိမည်နည်း။
၃။ ကြံတိုင်းမမြောက် စိတ်မဖောက်နှင့်။
ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တ ရှိမည်နည်း။
၎။ ဆင်းရဲကြုံမူ မညည်းညူနှင့်။
ချမ်းသာချည်းသာ ကြုံတွေ့ပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း။
၅။ လိုချင်တိုင်းလည်း မတောင့်တနှင့်။
လိုချင်တိုင်းသာ တောင့်တပါက ဘယ်မှာ ဒုက္ခ ဆုံးမည်နည်း။
၆။ ပျက်စီးတိုင်းလျှင် မပူပင်နှင့်။
မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာ အနိစ္စ ရှိမည်နည်း။
၇။ အာရုံဟူသမျှ မတောင့်တနှင့်။
အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာ လောဘ ဆုံးမည်နည်း။
၈။ အရာရာမျိုး စိတ်မဆိုးနှင့်။
နေရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသ ဆုံးမည်နည်း။
၉။ သိဉာဏ်မလိုက် သင်မမိုက်နှင့်။
သိဉာဏ်မပါ မိုက်နေပါက ဘယ်မှာ မောဟ ဆုံးမည်နည်း။
၁၀။ ဗုဒ္ဓတရား မေ့မထားနှင့်။
ဆုံးမတိုင်းသာ ကျင့်ကြံပါက ဘယ်မှာ နိဗ္ဗာန် ဝေးမည်နည်း။
>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
29.01.2009, THU:, 04:12:07 AM

February 1, 2009 at 12:52 AM
ဒါလေးကို gmail ကပို.တဲ့ အတွက်လည်း ကျေးဇူးတင်တယ် နောင်လည်း များများရေးနိုငပါစေဗျ။