Latest News

*အမေးအဖြေ ယောင်ပေပေ*

ကျွန်တော် ဖိုးသား နှင့် ညီလေး တစ်ယောက် ပြောဖြစ်ခဲ့တာလေးပါ… အမှားတွေ ပါမှာ ကျိန်းသေပါတယ်… ဒီအမှားတွေကို မထောက်မညှာ လမ်းညွှန်လို့ သွန်သင်ပေးဖို့ တလေးတစား ပြောကြားလိုပါတယ် ခင်ဗျာ၊ တကယ်လို့ ဒီအမှားတွေ ကြားမှာမှ အမှန်တရားလေးများ တစ်စုံတစ်ရာ ပါလာခဲ့ရင်လည်း နှလုံးသွင်း ဆင်ခြင် နာယူပေးဖို့လည်း တောင်းဆိုပါရစေ။

ဓမ္မမိတ်ဆွေတို့ အကျိုး အစဉ်မျှော်ကိုးလျက်…

*************************************

၁၀ linyeaung: အကိုနေကောင်းလား

pyae: အေးညီလေး ကောင်းပါတယ်

ညီကော အဆင်ပြေတယ် မှတ်လား

၁၀ linyeaung: သုံးနေတာလား
ပြေပါတယ်
အားလားအကို

pyae: အေးညီ ခဏ
၁၀ linyeaung: ရတယ်အကိုလုပ်ပါ

pyae: ရပြီညီ ပြောလေ
ဘာမေးချင်လို့လဲ မသိဘူး

၁၀ linyeaung: စိတ်အကြောင်းနဲနဲမေးချင်လို့

pyae: အေးညီ

၁၀ linyeaung: စိတ်က နှစ်ခုတပြိုင်တည်း မဖြစ်ဘူးနော်

pyae: ဟုတ်တယ်ညီ မဖြစ်ဘူး

၁၀ linyeaung: အဲဒါမရှင်းလို့
ညီတို့ကမြင်ရင်းနဲ့ကြားနေရတယ်လေ

pyae: အင်း ပြောမယ်.. မြင်တာနဲ့ ကြားတာမှာ ညီက တပြိုင်တည်းလို့ ထင်နေတာကိုး
စိတ်က တအားမြန်တယ်ညီ

၁၀ linyeaung: ဟုတ်ကဲ့အကို
pyae: သူ့ရဲ့ သွားနှုန်းကလည်း တစ်စက္ကန့်ကို မိုင်ပေါင်း ကုဋေ တစ်သိန်း သွားတာ

၁၀ linyeaung: ဘာကိုအရင်ရှုရမှာလဲအကို

pyae: မြင်တာနဲ့ ကြားတာမှာ တပြိုတည်း ထင်နေလို့ထင်တယ်... ညီကြိုက်တာရှု

၁၀ linyeaung: ညီမေးချင်တာက

pyae: နောက် ဘာကိုရှုရမလဲလို့ ထင်နေတဲ့ စိတ်ဖြစ်နေရင် အဲဒီစိတ်ကို ပြန်ရှု

၁၀ linyeaung: အာရုံကအဓိကလား

pyae: အင်း ဟုတ်တယ်
အာရုံပြီးမှ စိတ်ဖြစ်တာ
အာရုံကို အရင်ရှု..
အရုံကိုမှ ရှုလို့မရရင် အဲဒီအာရုံကို ခံစားပြီး ဖြစ်ပေါ်တဲ့ စိတ်ကို ထပ်ရှု

၁၀ linyeaung: အာရုံမပြုရင်စိတ်မဖြစ်ဘူးလား

pyae: မဖြစ်ဘူး ညီ

၁၀ linyeaung: ဒါဆိုညီမေးမယ်နော်

pyae: မေးညီ

၁၀ linyeaung: တိုက်ဆိုင်ရင်စိတ်ဖြစ်တာဆို
ဒါဆိုတိုက်တိုင်းမဖြစ်ဘူးပေါ့
အဲလိုလားအကို

pyae: ဒီနေရာမှာ အစ်ကိုသိသလောက် အာရုံက ညီပြုပြု မပြုပြု ဖြစ်တယ်ညီ
ဒါကို ခံစားပြီး ဝေဒနာ ကွာသွားတယ်

၁၀ linyeaung: အကိုဘာဖြစ်သွားတာလဲ

pyae: ဘာမှမဖြစ်ပါဘူး ဘာလို့လဲ ညီ

၁၀ linyeaung: ပျောက်သွားလို့

pyae: ဟုတ်လား
လိုင်းတွေ ကြောင့်ထင်တယ်
ပြောပါညီ

၁၀ linyeaung: ဟုတ်
အာရုံနဲ့ဒွာရတိုက်တိုင်းစိတ်တွေဖြစ်တယ်နော်အကို
အာရုံမပြုရင်မဖြစ်ဘူးပေါ့

pyae: အဆင်းရယ် အာရုံရယ် အကြည်ဓါတ်ရယ်.. ဒီသုံးခုပေါင်းမှ မြင်စိတ်ဆိုတာ ဖြစ်တာညီ
တိုက်တိုင်းမဖြစ်ဘူး
အာရုံ အရင်လာရတယ်
အကြည်ဓါတ်ဆိုတာ ရိုးရိုးပြောရင် မျက်လုံးပေါ့

၁၀ linyeaung: ဟုတ်
ပြောပါအကို

pyae: အဆင်းရှိနေပြီး ညီက ကြည့်ချင်တဲ့ အာရုံမရှိရင် မြင်စိတ်မဖြစ်ဘူးလေ

၁၀ linyeaung: ဟုတ်အကို
အဲဒါဟုတ်တယ်အကို

pyae: ဒီလိုပဲ အဆင်းနဲ့ အာရုံတော့ရှိတယ်.. မျက်စိကွယ်နေရင်ကော ညီမြင်ပါ့မလား
မမြင်ဘူးလေ

၁၀ linyeaung: မမြင်ဘူးပေါ့

pyae: အင်း ကျန်တာတွေလည်း ဒီလိုပဲညီ
ကြားစိတ်တို့ နံစိတ်တို့ ပေါ့

၁၀ linyeaung: ညီသဘောပေါက်ပြီအကို
ဒါဆိုအခံဓာတ်နှစ်ခုတိုက်တိုင်းစိတ်တွေမ
ဖြစ်ဘူးပေါ့အကို
အဲလိုလား

pyae: အင်း အစ်ကိုသိထားတာတော့ အဲလိုပဲညီရ
စာသိနဲ့ တင် မကျေနပ်နဲ့ညီ... သဘာဝကျမကျပါ စဉ်းစား
ဒါဆို နားလည်လာလိမ့်မယ်

၁၀ linyeaung: ဟုတ်လားအကို


pyae: ဘာကိုလဲညီ.. ဟုတ်လား ဆိုတာ ဘာကိုမေးတာလဲ မသိဘူး
၁၀ linyeaung: အခံဓာတ်နှစ်ခုတိုက်တိုင်းစိတ်တွေမဖြစ်ဘူးဆိုတာလေ
အာရုံကပါသေးတာပေါ့နော်

pyae: အေးညီ ပါရတာပေါ့
အဲဒါကြောင့် အာရုံနဲ့ စိတ်မှာ အာရုံအရင်ဖြစ်တယ်လို့ အဘိဓမ္မာက ဆိုတာပေါ့ ညီ

၁၀ linyeaung: ဒါဆိုညီတို့ရှုရတာအာရုံကိုပေါ့

pyae: ၂ မျိုးလုံး ရှုလို့ရတယ်ညီ

၁၀ linyeaung: ဟုတ်ကဲ့အကို
pyae: အာရုံကို ရှုဖို့ဆိုတာ ခက်တယ်
အဲဒါကြောင့် စိတ်ကို ပြန်ရှုတာ

၁၀ linyeaung: အင်း
ဟုတ်

pyae: ညီ် အဲမှာ မိုးကုတ်ဝိပဿနာ ကျောင်းရှိတယ် သိလား မသိဘူး
ခွင့်ပြန်လာပြီးရင် အဲမှာ ညနေဘက် တရားသွားထိုင်လို့ရတယ်ညီ.. နောက် တရားပွဲတွေလည်း လုပ်တယ်...

အစ်ကိုတို့တုန်းက ၅ နာရီက နေ ၆ နာရီ သွားထိုင်ကြတယ်
အဲဒီကမှ ပဋိစ္စသမုပ္ပါဒ်ကို နည်းနည်း ရင်းနှီးလာတာ ညီရ
အဲဒါကို နည်းနည်း နားလည်ရင် ကျန်တာတွေလည်း နားလည်လာလိမ့်မယ်

ခုလောလောဆယ် အစ်ကို အကြံပေးချင်တာက တရားထိုင်တာနဲ့ တရားနာတာမှာ နာတာကို ဦးစားပေးသင့်တယ်ညီ

၁၀ linyeaung: ဟုတ်ကဲ့အကို
ဘယ်မှာနာရမလဲအကို

pyae: တရားခွေဝယ်နာလေညီ.. ဒါမှမဟုတ်
ကျောက်တောင်ဘုရားအောက်က လက်ဖက်ရည်ဆိုင်မှာ

၁၀ linyeaung: ညီကစာအုပ်ကနာတာအကို

pyae: တရားခွေတွေ အလကားငှားပေးတယ်

အင်းကောင်းတယ် အဲဒါလည်း

၁၀ linyeaung: စာအုပ်တွေဝယ်ဖြစ်တယ်

pyae: တရားစာအုပ်တွေလည်း အလကားငှားပေးတယ်

၁၀ linyeaung: ဒါမေမယ့်မရှင်းတာရှိရင် ဘယ်မေးရမလဲမသိဘူး

pyae: အင်း

၁၀ linyeaung: အခုအကို့ကိုမေးရတော့မှာပေါ့

pyae: အဲဒီ မိုးကုတ်ကျောင်းကို သွားကြည့်ပါလား ညီ
ဆရာတော်ကို လျှောက်ပြီး မေးချင်တာမေးလို့ရတာပေါ့
သိပ်မဝေးပါဘူး

၁၀ linyeaung: ညီကိုနဲနဲသည်းခံပါအကို

pyae: အာ ရတယ်

၁၀ linyeaung: ဟုတ်

pyae: မေး
ဘာမှ မဖြစ်ဘူး

၁၀ linyeaung: အဲမှာကမသိတော့မေးလို့မကောင်းဘူးအကိုရ
လူခင်မှတရားမင်တာရှိတယ်လေ

pyae: အင်းဟုတ်တယ်

စာလည်းလုပ်ဦးညီ
တရားတွေ လုပ်ပါများရင်

၁၀ linyeaung: ဟုတ်

pyae: စာကို စိတ်မ၀င်စားတတ်တော့ဘူး

၁၀ linyeaung: ညီမေးဦးမယ်နော်

pyae: အေးအေးမေး

၁၀ linyeaung: ဟုတ်တယ်အကို
စာသိပ်မလုပ်ချင်ဘူးဖြစ်နေတယ်

ညီကအခုမှမြန်မာလိုရေးတာမကြာသေးဘူး

pyae: ဒါပေါ့
ရတယ်ညီ
ဖြေးဖြေးချင်းပေါ့

၁၀ linyeaung: နှေးရင်သည်းခံနော်အကို

pyae: အင်္ဂလိပ်လို ရရင်လည်း ရိုက်လေညီ...
မြန်းဂလိပ်ရရင်ရိုက်
အစ်ကို ဖတ်တတ်ပါတယ်

၁၀ linyeaung: တရားမှတ်လို့ကြားမှာကိလေသာမ၀င်ရင်
၇ ရက်နဲ့ရတာဟုတ်လား

pyae: အင်း ဘုရားက တော့ အဲလိုဟောတယ်လေ

၁၀ linyeaung: ညီကြားဖူးတာပါ

pyae: မနက်အားထုတ်ညနေရတယ် ညနေအားထုတ် မနက်ရတယ်တဲ့
ဒါပေမယ့် ရချင်စိတ်နဲ့ လုပ်ရင်တော့ မရဘူးညီ
လိုချင်တဲ့ လောဘ ပါနေလို့လေ

၁၀ linyeaung: အကိုကောလုပ်ဘူးလား

pyae: မလုပ်ဖူးဘူးညီ

၁၀ linyeaung: အကိုတရားမှတ်ရင် ဘယ်လိုမှတ်လဲ

pyae: မလုပ်နဲ့ဦး.. ဘာလို့လည်းဆိုတော့ တရားကို သေချာမသိသေးဘဲ လုပ်ရင် မရဘူးညီ

၁၀ linyeaung: နည်းလမ်းပြောပြပါလားညီ့ကို
ဟုတ်လားအကို

pyae: ဟုတ်တယ်

၁၀ linyeaung: ဘာဖြစ်သွားနိုင်လဲ

pyae: ဘာမှတော့ မဖြစ်ဘူးညီ အချိန်ကုန်ရုံပဲရှိတယ်
တစ်ခုပြောပြမယ်

၁၀ linyeaung: ဟုတ်

pyae: တရားအားထုတ်ဖို့ အရင်ဆုံးသိသင့်တာက

၁၀ linyeaung: ပြောပါအကို

pyae: ပဋိစ္စသမုပ္ပါဒ်ကို သေသေချာချာ နားလည်ရမယ်..

၁၀ linyeaung: ဟုတ်ကဲ့အကို

pyae: မြန်မာလိုပြောရင် ကြောင်းကျိုးဆက် တရား
နောက်

အဲလို နားလည်အောင် ပြောပြနိုင် သွန်သင်နိုင်တဲ့ မိတ်ကောင်း (ဆရာကောင်း) လိုတယ်
ဒါက ၂ အချက်
၃ က

၁၀ linyeaung: ဟုတ်အကို
ဘာလဲအကို

pyae: တရားအရင် နာရမယ်.. အဲလိုနာရာမှာလည်း

၁၀ linyeaung: ကိုယ်တိုင်ကျင့်ရမှာလား

pyae: သစ္စာတရားကို အရင်နာရမယ်
သစ္စာဆိုတာ အမှန်တရားကို ဆိုလိုတာ

၁၀ linyeaung: ဟုတ်လားအကို

pyae: ဟုတ်တယ်
ဘုရားလက်ထက်က မြင်းမြီးဆွဲမောင်ဆံ ကိုကြားဖူးမှာပေါ့

၁၀ linyeaung: ဒါဆိုညီမှာဆရာကောင်းလိုနေတာပေါ့
အကိုကောမဖြစ်နိုင်ဘူးလား

pyae: သူဆို ဘုရား ပရိနိဗ္ဗာန် စံ ပြီး အချိန်ထိ တရားမရဘူး
ဘာလို့လဲ ဆိုတော့ဆရာကောင်း ရှိပေမယ့် တရားတွေသိနေ ဖြစ်ပျက်တွေ မြင်နေပေမယ့်
ပဋိစ္စသမုပ္ပါဒ်ကို နားမလည်လို့ညီ

အဲဒါ အရှင်အာနန္ဒာနဲ့ တွေ့မှ တရားရသွားတာ
ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြလိုက်လို့လေ

၁၀ linyeaung: အကိုမအားဘူးလား

pyae: ဆရာကောင်း သမားကောင်း ဆိုတာ ခုနပြောသလို သစ္စာတရား ဟောပြနိုင်တဲ့သူကို ဆရာတင်သင့်တယ်ညီရ

အားပါတယ်
ညီ အဆင်ပြေရင် MP 3 နဲ့ မိုးကုတ်တရားတွေ နာကြည့်ပါလား

၁၀ linyeaung: ဟုတ်အကို

pyae: တရားစာလည်း ဖတ်ပေါ့

၁၀ linyeaung: အကို့ဆီရှိလား

pyae: ရှိတယ်ညီ

၁၀ linyeaung: ညီဝယ်လိုက်ဦးမယ်

pyae: အော် ညီ့မှာ မရှိဘူးလား

၁၀ linyeaung: ညီကစာပဲဖတ်ဖြစ်နေလို့

pyae: အေး ကောင်းပါတယ် အဲဒါလည်း
သိပ်မစုရပါဘူး ၀ယ်မယ်ဆို

ဖြစ်ချင်တဲ့ စိတ် သိပ်မများနဲ့ညီ.. ပုံမှန်လေး လုပ်နိုင်အောင်သာ ကြိုးစား
ခုနပြောသလို တစ်ညလုံး ထိုင်တာမျိုးတွေ မလုပ်နဲ့ဦး

၁၀ linyeaung: ညီကအချိန်တွေမကုန်ချင်ဘူးအကို

pyae: အစ်ကို နားလည်ပါတယ်
အဲလို ဖြစ်ချင်ဇောအားကြီးရင်
အဲဒီစိတ်က ပြန်ပြီး ဒုက္ခပေးတတ်တယ်

၁၀ linyeaung: ဟုတ်အကို

pyae: တရားကို ထိုင်ရင်လည်း ကြာကြာထိုင်တာထက်
နေ့စဉ် ပုံမှန် ထိုင်နိုင်အောင်လုပ်ညီ

ဆရာတော်တစ်ပါး ပြောတာရှိတယ်
ထိုင်တိုင်းသာ တရားရမယ်ဆိုရင် ဖဲသမားတွေ အရင် တရားရမှာပေါ့တဲ့
တစ်ညလုံးထိုင်နေတာကိုးတဲ့

ဆိုလိုတာက တရားသဘောကို သေချာနားလည်အောင် အရင်လုပ်ဆိုတာပါပဲ
နားလည်အောင်လည်း တရားနာတာတို့ တရားစာ ဖတ်တာတို့ အဲဒီကနေ တရားအသိဉာဏ်တွေ ရလိမ့်မယ် ညီ

တရားအလုပ်ကိုလည်း လုပ်ရမယ် ဆိုတဲ့ စိတ်ကြီး သွင်းမထားနဲ့
လုပ်ရုံလေးပဲလုပ်
ငါရအောင် လုပ်မယ် ဆိုတဲ့ ဖြစ်ချင်နေတဲ့ စိတ်က လောဘ ညီ...

၁၀ linyeaung: ပြောပါအကို

pyae: ဝေဒနာပေါ်လာတာကို မဖြစ်အောင် တားဆီးတာကတော့ ဒေါသ

ဖြစ်တိုင်းပျက်တိုင်း မသိတာက မောဟ တဲ့

တရားလုပ်တယ်ဆိုတာ ဖြစ်တိုင်းပျက်တိုင်းကို လောဘမပါ ဒေါသမပါ မောဟမပါဘဲ သိနေဖို့ပဲတဲ့
နောက်ဆုံး အနှစ်ချုပ်ရင် ဖြစ်ပျက် တစ်လုံးပဲ ကျန်တယ်ညီရ

အဓိကက ကိုယ်လုပ်တဲ့ အလုပ်တိုင်းရဲ့ ဖြစ်နေမှု ။ နောက် အဲလို ဖြစ်ပြီးတော့ ပျက်နေမှု ဒါကို သိအောင်လုပ်ဖို့ပဲတဲ့

အဲဒါလေးကိုပဲ သိအောင်လုပ်ညီ
နားမလည်ရင် ပြန်မေးပါ အစ်ကို့ကို

၁၀ linyeaung: ဟုတ်အကို
ညီနားလည်ပါပြီ

pyae: အော် အေးအေး
ညီ အစ်ကို့ထက် အများကြီးပိုသိပါတယ်
တကယ်ပြောတာ

အစ်ကိုတုန်းက အဲဒီအချိန် ဘာမှ မသိသေးဘူး
ညီသိသလိုမျိုး

၁၀ linyeaung: အကိုပြောတာတွေနဲ့ ညီလုပ်တာတွေ တိုက်ဆိုင်နေတယ်အကို

pyae: ဟုတ်လား

၁၀ linyeaung: ဒါကြောင့်ညီဘာမှမရတာ

pyae: အင်း

၁၀ linyeaung: လောဘခံနေတာကိုးအကိုရ

pyae: ဟုတ်တယ်
အဲဒီလောဘကို မသိရင် သူက ဒုက္ခပေးကော

၁၀ linyeaung: အကို့ကိုကျေးဇူးတင်ပါတယ်

pyae: အာ ရပါတယ် ညီရ

၁၀ linyeaung: အခုလိုပြောပြတဲ့အတွက်ပါ

pyae: အစ်ကိုလည်း သိထားတာလေး ပြောပြရတာ

၁၀ linyeaung: အကိုကမိတ်ဆွေကောင်းပါ

pyae: ညီ့လိုမေးမယ့်သူ မရှိရင်လည်း အစ်ကို ဘယ်သူ့ကို သွားပြောလို့ ရပါ့မလဲ

၁၀ linyeaung: အကိုနဲ့တွေ့ရတာ ညီကံကောင်းတယ်အကိုရ

pyae: အေးအေးညီ

၁၀ linyeaung: ညီအတွက်အခုမှလမ်းပွင့်သွားပြီအကို

pyae: ညီ ဒီကြားထဲ စိတ်ထဲ ခံစားနေ ဖြစ်ပေါ်နေတာတွေကို အစ်ကို့ကို ပြောညီ..
အားမနာနဲ့

၁၀ linyeaung: ဟုတ်အကို

pyae: အဲလိုပြောမှ သိမှာ
အစ်ကို မရှိရင်လည်း စာရိုက်ထားလိုက်

၁၀ linyeaung: ဟုတ်
ညီ့မှာပြောစရာအကိုပဲရှိတာ

pyae: အေးအေး ဟုတ်တယ်
၁၀ linyeaung: ညီပြောမှာပါ

pyae: နောက် ပတ်ဝန်းကျင်က ထင်တာတွေကို သိပ်ဂရု မစိုက်နဲ့ညီ
ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်

၁၀ linyeaung: အကို့ဆီမှာဘယ်ချိန်လဲအခု
ဟုတ်အကို

pyae: 2.45 ညနေ
ညီတို့နဲ့ သုံးနာရီခွဲကွာတယ်လေ

၁၀ linyeaung: ဟုတ်လားအကို

pyae: အင်း ဟုတ်တယ်

၁၀ linyeaung: အကိုဆာပြီလား

pyae: အစောကြီးရှိသေးတယ်
မဆာသေးပါဘူး

၁၀ linyeaung: ဆက်ပြောမယ်နော်

pyae: အဲ ညီသွားစားလေ
ဆာရင်

၁၀ linyeaung: ရပါတယ်

pyae: မဟုတ်ဘူး ပိုက်ဆံ သက်သက် ကုန်နေမယ်လေ

၁၀ linyeaung: အကိုနဲ့ ၄၇ က ပြောတာညီဖတ်ရတယ်

pyae: အော်

၁၀ linyeaung: ညီကညနေစာလျှော့နေတာအကိုရ

pyae: ဟုတ်လား ဘာလို့လဲ
ဥပုသ်ယူနိုင်အောင်လား
ဒါမှမဟုတ်

၁၀ linyeaung: ရာဂများလို့ ဒါလဲပါတာပေါ့အကို

pyae: အား ကောင်းပညီရေ
သာဓုပါကွာ

၁၀ linyeaung: ညီဆက်ပြောမယ်နော်

pyae: အေးပြောညီ

၁၀ linyeaung: အဲမှာ ၄၇ နဲ့အကိုတို့ကမတူဘူးလား

pyae: အစ်ကိုနဲ့ပြောတဲ့ ၄၇ ဆိုတာက မော်စကိုကလေ

၁၀ linyeaung: ဟုတ်
ညီပြောတာက intake ကိုမတူဘူးလား

pyae: အော် သိပြီညီပြောတာ

၁၀ linyeaung: ညီဆို ၄၈ နဲ့ တူတယ်လေ

pyae: ဒီလိုညီရ

၁၀ linyeaung: ဟုတ်

pyae: အစ်ကိုထက်လည်း အသက်ကြီးတယ်
နောက်

အစ်ကိုတို့ ခင်မင်မှုက ဓမ္မနဲ့ ပတ်သတ်ပြီး ခင်တာလေ... အင်တိတ်နဲ့ ပတ်သတ်ပြီး ခင်တာမဟုတ်ဘူး
အဲဒါကြောင့် အစ်ကိုလို့ သုံးတာ

၁၀ linyeaung: ဆောရီးအကို

pyae: ရတယ်ညီ

၁၀ linyeaung: ညီသဘောပေါက်ပါပြီ

pyae: ဘာမှ မဖြစ်ဘူး

၁၀ linyeaung: အဲဒီမှာ
ညီနဲနဲံမေးချင်လို့

pyae: မေးမေး ရတယ်

၁၀ linyeaung: သူမေးတဲ့ပျက်ပြီရင်ဖြစ်တာလေအကို

pyae: အော်အေး
ပြောညီ

၁၀ linyeaung: အဲဒါဟုတ်လား

ညီထင်တာပြောမယ်နော်

pyae: အင်း အဲမှာလည်း ဖြေထားတယ်လေညီ
အေး ညီအရင်ပြောကြည့်

၁၀ linyeaung: ညီသဘောမပေါက်လို့အကိုရ
ညီပြောတာအကိုနားထောင်ပါလား
ညီပြောမယ်နော်

pyae: အေးပြောရတယ်ညီ

၁၀ linyeaung: ညီထင်တာပျက်ပြီးရင် မဖြစ်ဘူးလားလို့

ဖြစ်တာကအကြောင်းရှိလို့

pyae: အင်း အဲဒါ မျိုး အစ်ကိုလည်း ထင်တာ

၁၀ linyeaung: ထပ်ပြီးဖြစ်တာထင်တယ်
အကျိုးအနေနဲ့လေ
ပျက်တဲ့ဟာကပြီးသွားပြီမှတ်လား

pyae: မပြီးဘူး ညီရ

၁၀ linyeaung: ကံမကုန်သေးလို့ထပ်ဖြစ်တာလေ

pyae: ပျက်တဲ့ဟာကိုပြီးတယ်လို့ မယူရဘူး

၁၀ linyeaung: အတိတ်ကကံပေါ့
ဟုတ်လားအကို

pyae: အဲဒါ ဒိဋ္ဌိပါနေတယ်
ဥစ္ဆေဒ ဒိဋ္ဌိညီ
ဘယ်လိုသဘောလည်းဆိုတော့
သေရင် ပြီးပြတ်ပြီလို့ ညီက ယူဆလိုက်လို့

ညီပြောတာလည်း ဟုတ်ပါတယ်
ကံမကုန်သေးလို့ ထပ်ဖြစ်တယ်ဆိုတာ

၁၀ linyeaung: သူမေးတဲ့ဟာက အကိုပြောသလို မလွတ်ဘူးဖြစ်နေတယ်

pyae: အင်း

၁၀ linyeaung: ညီကအဲလိုသဘောပေါက်ထားတယ်
အကို့ထင်မြင်ချက်ပေးပါဦး
ညီပြောတာဟုတ်လား

pyae: ညီပြောတာလည်း ဟုတ်တယ်လေ ကံမကုန်သေးလို့ ထပ်ဖြစ်တယ် ဆိုတာ
ဒါပေမယ့်

ပျက်ပြီးရင် မဖြစ်ဘူးလို့ ပြောလို့မရဘူး
သူက အကောင်အထည်အားဖြင့် မဆက်စပ်ပေမယ့်

အကြောင်းအကျိုး ညီပြောသလို ကံနဲ့တော့ ဆက်စပ်နေတယ်လေ

ဒါကြောင့် ပျက်ပြီးရင် အကြောင်းကို ချုပ်အောင် မလုပ်နိုင်တဲ့သူ တွေအတွက်တော့ ထပ်ဖြစ်တယ်လို့ ပြောလို့ရတယ်ညီ

ဒါက အကြောင်းကို ချုပ်အောင် မလုပ်နိုင်သူတွေ အတွက်ပြောတာနော်

၁၀ linyeaung: အကိုရှိသေးလား

pyae: နားမလည်ရင်မေးညီ
အေး ရှိပါတယ်
ပြောလေညီ

၁၀ linyeaung: ခဏလေးအကို

pyae: အေးအေး
လုပ်ညီ

၁၀ linyeaung: ညီဖတ်နေတယ်
ရပြီအကို
ညီနားလည်ပါတယ်
အကိုပြောတာဟုတ်ပါတယ်

pyae: ဒါပေမယ့် ဘုရား ရဟန္တာ တွေကျတော့ အကြောင်းဆိုတဲ့ကိလေသာကို သေအောင် သတ်ပြီးလို့ ပျက်ပြီးရင် နောက်ခန္ဓာ ထပ်မဖြစ်တော့ဘူးညီ

ဒါကျတော့ ပျက်ပြီးရင် မဖြစ်တာပေါ့

၁၀ linyeaung: ဟုတ်အကို

pyae: ဒါကြောင့် ပျက်တိုင်း ဖြစ်သလား ဆိုတဲ့ အမေးမေးလာရင် အဲလို နားလည်ရမယ် ညီရ
မရှင်းရင် ပြောနော်ညီ

၁၀ linyeaung: ညီပြောတာက ခန်ဓာ ကိုပြောတာအကို

pyae: အင်း

၁၀ linyeaung: ဟုတ်လား

pyae: ခန္ဓာလည်း အကြောင်းမသေသ၍ ပျက်ပြီးရင် ဖြစ်မယ်လေညီ

၁၀ linyeaung: ဟုတ်

pyae: ဒါပေမယ့် ဒီဘက်က ခန္ဓာက ဟိုဘက် ကို သွားဖြစ်တာ မဟုတ်ဘူးလေ
အစ်ကို ပြောသလိုလေ

အထည်ဒြပ်အားဖြင့် ဆက်စပ်တာ မဟုတ်ဘူး
အကြောင်းအကျိုးအားဖြင့်သာ ကျေးဇူးပြုသွားတာ

၁၀ linyeaung: ဒါဆို အကြောင်းသေအောင် ဘယ်လိုလုပ်ရမလဲ

pyae: အကြောင်းသေအောင် တဏှာကို သတ်ရမှာပေါ့
ဒါကြောင့် ခုနက ညီမေးသလို

၁၀ linyeaung: ဟုတ်

pyae: မြင်တာကို မြင်တယ်လို့ မှတ်တာဟာ
ကိုယ်မြင်တယ်လို့ ခံစားပြီး ရလာမယ့် ဝေဒနာကို မကူးအောင်လုပ်တာ

တကယ်လို့ မြင်တယ်လို့ မှတ်လို့ မရဘဲ ဝေဒနာကို ကူးသွားမယ် ဆိုရင်
အဲဒီ ဝေဒနာကို ထပ်မှတ်ညီ
ဒါကတော့ ဝေဒနာကနေ တဏှာ မကူးအောင် လုပ်တာ

ဘယ်လို ဝေဒနာလည်းဆိုတော့
ညီက မြင်တဲ့ အပေါ်မှာ သာယာသွားလို့ ရလာမယ့် သုခဝေဒနာ ရှိမယ်

နောက် ညီမြင်တဲ့ အပေါ်မှာ မနှစ်မြို့၊ မကြိုက်ရင် ဖြစ်လာမယ့် ဒုက္ခဝေဒနာ ရှိမယ်။

နောက်ဆုံး တစ်ခုကတော့ ညီ့အနေနဲ့ သုခဝေဒနာလည်း မဟုတ် ဒုက္ခဝေဒနာလည်း မဟုတ် ခံစားလိုက်ရတဲ့ ဥပေက္ခာ ဝေဒနာ ဆိုတာ ရှိမယ်လေညီ

၁၀ linyeaung: အဲဒါညီဖတ်ဖူးတယ်အကို

pyae: အင်း

၁၀ linyeaung: မိုးကုတ်စာအုပ်ထဲမှာ

pyae: အဲဒါတွေအကုန်လုံးက
အေး ဟုတ်တယ်ညီရ
ပဋိစ္စသမုပ္ပါဒ်ထဲမှာ အခု အစ်ကို ပြောခဲ့တာတွေ အကုန်လုံး အကျုံးဝင်တယ်

၁၀ linyeaung: ဟုတ်အကို

pyae: ပြောညီ

၁၀ linyeaung: ဖြတ်မေးမယ်နော်

pyae: မေးညီ ရတယ်

၁၀ linyeaung: စကားလုံးဆင့်ကဘယ်လိုရိုက်ရတာလဲအကို
alt နှိပ်တာမရဘူးဖြစ်နေတယ်
ခန်ဓာ လို့ပဲရတယ်

pyae: အဲ သူက တစ်လုံးနဲ့ တစ်လုံး ရိုက်ပုံချင်းတော့ မတူဘူး
ဘာနဲ့ တွဲနှိပ်ရလည်း ဆိုတော့
Esc အောက်က `~ အဲဒီ သင်္ကေတလေးရှိတဲ့ ခလုတ်နဲ့ တွဲနှိပ်တာ

န နဲ့ န က Shift ခံတဲ့ ပေါ်မူတည်ပြီး ကွဲသွားတာ

၁၀ linyeaung: န ရတယ်အကို

pyae: အင်း

၁၀ linyeaung: ဓ ကိုမရတာ
န အောက်မှာရအောင်လို့လေ

pyae: အဲဒီ န အောက်က ဓ ကျတော့ Esc အောက်က `~ အဲဒီ သင်္ကေတရယ် Shift ရယ် ဒ ပေါ်တဲ့ ခလုတ်ရယ် သုံးခုပေါင်း တွဲနှိပ်တာ
အဲ သုံးခုပေါင်းတာ မဟုတ်ဘူး
`~ ဒီသင်္ကေတာ ပါတဲ့ ခလုပ်ကို တွေ့လားညီ

၁၀ linyeaung: ဟုတ်

pyae: အေး
အဲဒါကို အရင်နှိပ်ပြီး လွှတ်လိုက်
ပြီးရင်Shift နဲ့ ဒ ပါတဲ့ ခလုတ်နဲ့ တွဲနှိပ်
န္ဓ အဲလိုရမယ်

၁၀ linyeaung: ၶႏၶ ရျပီအကို

pyae: အေးအေး
အဲဒါလေးပဲ ခက်တာပါ

၁၀ linyeaung: ကျေးဇူး

pyae: ကျန်တာတွေက သိပ်မခက်ဘူး
ပ္ပ တို့ကျတော့
ပ ကိုနှိပ်ပြီး
`~ ဒီသင်္ကေတရယ်
ပ ပါတဲ့ခလုတ်ရယ် တွဲနှိပ်တာ
အဲ မတွဲဘူး
လွှတ်လိုက်

၁၀ linyeaung: ကျန်တာတွေကောဒီလိုပဲလား ပ္ပ

pyae: အေး လုပ်ကြည့်ညီ

၁၀ linyeaung: ဟုတ်အကို

pyae: အဲလို ၂ ဆင့် မရရင်
ခုန ပြောခဲ့သလို ၃ ဆင့်ပေါ့
န္ဓ ဆိုတာ သုံးဆင့်ပေါ့

၁၀ linyeaung: ဟုတ်အကို

pyae: က္က
ခ္ခ

၁၀ linyeaung: ညီလုပ်ကြည့်ပါ့မယ်

pyae: ဒါတွေက နှစ်ဆင့်

၁၀ linyeaung: တူတာနှစ်ဆင့်ပေါ့နော်

pyae: အဲ ခလုတ် ၂ ခုပဲ နှိပ်ရတာ
မဟုတ်ဘူးညီ
က နဲ့ ခ ခွေး တွဲနှိပ်ချင်ရင် ၂ ဆင့်ပဲ
က္ခ
လေ

၁၀ linyeaung: ခ္ခ က္က
ဟုတ်လား
က္ခ

pyae: နှိပ်ကြည့်
အေး

၁၀ linyeaung: ဟုတ်သားပဲအကို
ပုံသေမရှိဘူးနော်

pyae: အင်း ဓက Shift နဲ့ ဒ နဲ့ တွဲမှ ဓ ရတာလေ

၁၀ linyeaung: very thanks အကို

pyae: အဲဒါကြောင့် ခလုတ် ၃ ခု ဖြစ်တာလေ
ရတယ်ညီ
မေးရမှာ မကြောက်နဲ့ မရှက်နဲ့တဲ့
အဲဒါမှ သိမှာတဲ့

၁၀ linyeaung: ဟုတ်
အကို့ရဲ့ နှင်းကဗျာက သံဝေဂရစရာပဲအကို

pyae: အေးညီ
ညီ့လိုလူပဲ အဲဒါကို သိမှာ
ကျန်တဲ့သူတွေ မသိဘူး

၁၀ linyeaung: အကိုတင်ဆန်းဦးနဲ့သိလား

pyae: အစ်ကို့ ဂါဒီယမ် လေ

၁၀ linyeaung: သူနဲ့ညီအခု ဘေးချင်းကပ်ပဲအကို
စာသင်တာလေ
သူပြောပါတယ်

pyae: အော်

၁၀ linyeaung: သူ့ဆီက ဘာသာရေးစာအုပ်တွေ ဖတ်ရတယ်အကို

pyae: ဟုတ်လား ကောင်းတာပေါ့ညီရ

၁၀ linyeaung: ၀ိပဿနာနဲ့ပက်သက်ပြီတော့ပေါ့

pyae: အော် တင်ဆန်းဦးလည်း ဒါတွေ လုပ်လား
အစ်ကို မသိဘူးညီရ
တကယ်

၁၀ linyeaung: သူ့ကိုညီမေးကြည့်တယ်

pyae: အင်း

၁၀ linyeaung: ဖတ်ပြီးလုပ်လားပေါ့

သူကပြောတာတော့အခုမလုပ်နိုင်သေးဘူးတဲ့
သိအောင်လုပ်နေတာတဲ့
သူပြောတော့လဲဟုတ်တာပဲအကို
မသိရင်ဘာမှဖြစ်မှာမဟုတ်ဘူးနော်

pyae: အစ်ကိုတို့ မြန်မာနိုင်ငံက လူတော်တော်များများ ထင်နေကြတာက
ဘာသာရေးလုပ်ရင် တသီးတသန့် လုပ်ရတယ် ထင်နေကြတာ
တကယ်တော့ မဟုတ်ဘူးညီ

၁၀ linyeaung: ဟုတ်တယ်အကို

pyae: ကိုယ့်နေ့စဉ် အလုပ်တွေကို ဘုရားအဆုံးအမနဲ့ အညီ လုပ်ကိုင်ဆောင်ရွက် ပြောဆိုနေတာလည်း ဘာသာရေးလုပ်တာပဲ

၁၀ linyeaung: အကိုပြောတာဟုတ်ပါတယ်

pyae: အဓိကက သတိလေး ကပ်ပေးဖို့ပဲ

၁၀ linyeaung: စိတ်ကိုကြည့်နိုင်ရင် မြန်မြန်ခရီးပေါက်နိုင်တာ ဟုတ်လားအကို

pyae: ဒါပေါ့ညီရ

၁၀ linyeaung: ညီဖတ်ဖူးတာပါ

pyae: ကိုယ့်စိတ်ကို ကိုယ်သိလာရင်
သူတစ်ပါးရဲ့ စိတ်ကိုလည်း မြင်လာလိမ့်မယ်

၁၀ linyeaung: အကိုတော့မသိဘူး ညီတော့သတိ မနဲထားနေရတယ်

pyae: ဒါပေါ့ညီ
အစ်ကိုလည်း ဒီလိုပဲပေါ့

၁၀ linyeaung: ခဏခဏ လွတ်သွားတယ်အကိုရ

pyae: အဲလို သတိလေး ထားချင်စိတ် ပေါ်နေတာကိုက သူများထက် တစ်ပန်းမက သာနေပြီညီ
သူများနဲ့ ယှဉ်တာတော့ မဟုတ်ပါဘူး
ယှဉ်လည်း မယှဉ်သင့်ပါဘူးလေ
အစ်ကိုက သဘောပြောတာပါ

၁၀ linyeaung: ရပါတယ်အကို
ရုပ်ကို စိတ်ကဆောင်တာနော်

pyae: အင်း ဟုတ်တယ်

၁၀ linyeaung: စိတ်နဲ့မနောနဲ့ ဘယ်လိုကွာလဲအကို

pyae: မနောဆိုတာ စိတ်ပဲလေညီ
မနောက ပါဠိလိုပြောတာ

၁၀ linyeaung: ညီပဌာန်းမှာ ဖတ်ဖူးတာပြောမယ်နော်

pyae: အင်းပြောညီ

၁၀ linyeaung: စိတ်က အဖြူပဲတဲ့

pyae: ပြောပါဦးညီ

၁၀ linyeaung: မနောက ခံစားတာတဲ့
ဒါဆိုဝေဒနာဖြစ်သွားပြီပေါ့

pyae: အင်း အဲဒါတော့ အစ်ကိုလည်း မသိဘူးညီရ.. ဒီလိုကွာခြားမှန်း

၁၀ linyeaung: သူပြောတာက

pyae: အေး ပြောပါညီ
အစ်ကိုလည်း သိရတာပေါ့

၁၀ linyeaung: မြင်သိ ကစိတ်တဲ့အကိုရ
မြင်ခံစား ကမနောတဲ့

pyae: ဟုတ် ညီ

၁၀ linyeaung: ကျန်တာတွေလဲဒီအတိုင်းပဲအကိုရ

အာ အကိုကလဲ

pyae: အော် အဲလိုလား
တကယ်မသိလို့ ညီ

၁၀ linyeaung: ဒါမို့လို့ အကို့ကိုမေးတာပေါ့

စိတ်နဲ့မနောနဲ့ဘာကွာလဲလို့
ညီလဲအကိုထင်သလိုထင်တာပါ
အတူတူလို့လေ

pyae: အဲ ဒီလိုထင်တယ်

၁၀ linyeaung: ပြောအကို

pyae: လူတစ်ယောက် ပဋိသန္ဓေ စနေရင် အရင်ဆုံး ၀ိညာဏ် စဖြစ်တယ်ညီ
သိစိတ်ပေါ့၊ ပဋိသန္ဓေ စိတ်လို့လည်း ခေါ်တယ်

၁၀ linyeaung: ဟုတ်အကို

pyae: အဲဒါပြီးရင် နာမ်နဲ့ ရုပ်ဖြစ်တယ်

၁၀ linyeaung: ဟုတ်
ပြောပါအကို

pyae: ဒီနေရာမှာ နာမ် က စိတ်ထစ်ခုထဲ မဟုတ်ဘူးနော်ညီ
နာမ် ၄ ပါးရှိတယ်လေ စိတ်အပါအ၀င်

၁၀ linyeaung: စေတသိက်ပါတယ်လေ

pyae: အင်း ဟုတ်တယ်
အဲဒါလည်း

၁၀ linyeaung: ဆက်ပါအကို
ဆောရီး

pyae: ဒါပေမယ့် စေသသိက်က စိတ်မှာ မှီတွယ်ပြီး စိတ်ကို ခြယ်လှယ်တတ်တဲ့သဘော

၁၀ linyeaung: ဟုတ်

pyae: အစ်ကိုပြောတဲ့ နာမ်လေးပါးဆိုတာက ခန္ဓာ ၅ ပါးမှာ ရုပ်ကို ဖယ်ရင် ကျန်တဲ့ ခန္ဓာလေး ပါးကို ပြောတာ
ညီ နားလည်လား မသိဘူး

၁၀ linyeaung: ဟုတ်

ညီနားလည်ပါတယ် ဆက်ပြောပါအကို
pyae: အင်း အဲဒီလို နာမ်နဲ့ ရုပ်ဖြစ်ပြီးရင် သဠာယတန ၆ ပါးဖြစ်တယ်တဲ့

၁၀ linyeaung: ဟုတ်

pyae: မျက်စိ နား နှာ လျှာ ကိုယ် နဲ့ စိတ် ဆိုပြီး

၁၀ linyeaung: ကံရုပ်ပေါ့နော်

pyae: အဲ အစ်ကိုထင်တာ ဒီ သုံး ခု ဖြစ်ရာမှာ စိတ်က သုံး ခုလုံး ပါနေတယ်
ကံရုပ်ဆိုတာ အစ်ကို မသိဘူး ညီ.. သိရင် ပြောပြပါဦး
အော် နားလည်သလိုပဲ
အတိတ်က ပြုခဲ့တဲ့ ကံအရ ဖြစ်တာကို ညီဆိုလိုတာ ထင်တယ်
ကံရုပ်ဆိုတာ

၁၀ linyeaung: အာ အကိုကလဲ

pyae: မဟုတ်ဘူး

၁၀ linyeaung: ဆက်ပြောအကို

pyae: အသုံးအနှုန်းတွေ က ကွာတယ်လေ
တစ်ခုနဲ့ တစ်ခု မတူဘူး
အဲဒါကြောင့်

၁၀ linyeaung: သဘောကအတူတူပါပဲ

pyae: အင်း အဲဒါပြီးရင် ဖဿ ဆိုတာ ဖြစ်တယ်တဲ့
အတွေ့အထိ ပေါ့

ခုနလိုပြောရရင် ဖြစ်ပြီးတဲ့ မျက်စိအပေါ်ကို

၁၀ linyeaung: ဟုတ်အကို

pyae: အဆင်းက လာထိတာမျိုး

ဒီလို လာထိတာကို မြင်တယ်လို့ ကိုယ်က ခံစားရင် နောက်ဆုံး အဆင့် ဝေဒနာ ဆိုတာ ဖြစ်တယ်တဲ့
အဲပြောရရင် သဠာယတန ခြောက်ပါးက အခံဓါတ်ထင်တယ်

၁၀ linyeaung: ဟုတ်
ဟုတ်တယ်အကို

pyae: အဲဒီမှာ မျက်စိ နား နှာ လျှာနဲ့ ကိုယ် အပါ် ထိတွေ့လာတဲ့ အထိအတွေ့ မှန်သမျှကို သိတာက စိတ်ကြောင့်ထင်တယ်
ဒီလိုပြောရရင် စိတ်ဆိုတာ ဒီနေရာမှာ မနောဒွါရ ပဲလေ

၁၀ linyeaung: ဟုတ်နိုင်တယ်အကို

pyae: ဟုတ်တယ်ညီ
ဟုတ်နိုင်တာကို မဟုတ်ဘူး .. အစ်ကိုပြောတာက အမှားပါမှာ စိုးလို့
ဟုတ်ကို ဟုတ်တယ်

၁၀ linyeaung: သူပြောတာကိုဘယ်လိုယူရင်ကောင်းမလဲအကို

pyae: ဒါဆိုရင်တော့ မြင်စိတ်ကို ပြန်ကြည့်ရင် ခုနပြောသလို အဆင်းရယ် အာရုံရယ် အကြည်ဓါတ်ရယ် .. ဒါပေါင်းဆုံရင် စိတ်ဖြစ်တဲ့ ဆိုတော့ ပြောရင်းနဲ့ လည်လာပြီလားတောင် မသိဘူး... စိတ်နဲ့ မနောက အတူတူပဲပေါ့ညီ
ခံစားတယ်ဆိုရင်တော့ ဝေဒနာ လို့ သုံးရမှာပေါ့

၁၀ linyeaung: ညီရေးရေးတော့နားလည်ပြီအကို
အဲ
မဟုတ်သေးပါဘူး

pyae: အေး ရှုပ်လာပြီ ပြောရင်းနဲ့

၁၀ linyeaung: ညီအစကထင်ပါတယ်

pyae: ပြောပါဦး ညီ့အမြင်

၁၀ linyeaung: ခံစားဒါကဝေဒနာလေ
သိတာကစိတ်

pyae: အင်း ဟုတ်တယ်
အေး

၁၀ linyeaung: သူပြောတာက စိတ်ကိုပြောတာဖြစ်မယ်အကို
အသုံးပြောင်းလိုက်တာပေါ့

pyae: အင်း

၁၀ linyeaung: ဟုတ်တယ်အကို

pyae: အစ်ကိုသိတာတော့ မနောဆိုတာ စိတ်ပဲလေ

၁၀ linyeaung: ညီသိပြီအကို
စိတ်နဲ့မနောနဲ့မတူဘူး

pyae: အင်း
ပြောပါဦးညီ

၁၀ linyeaung: ညီတို့ကိုယ်ထဲမှာ ရှိတာကမနောထင်တယ်
သူအဲဒါပြောတာနေမယ်
ထိမှစိတ်ကပေါ်လာတာ

pyae: အင်း ဟုတ်မယ်
ဒီနေရာမှာ မနောဆိုတာ အကြည်ဓါတ်ကို ဆိုလိုတာ ဖြစ်မယ်

၁၀ linyeaung: အကိုဘယ်လိုထင်လဲ

pyae: ခုန မျက်လုံးလိုပဲလေ
ဒီအကြည်ဓါတ် မနောရယ်
အာရုံရယ်

၁၀ linyeaung: သူကခံစားလို့ မရဘူးမှတ်လား

pyae: သိစရာရယ် သုံးခုပေါင်းမှ သိစိတ်ဆိုတာ ဖြစ်မှာလေ
မနောက ဘယ်ခံစားမလဲ

၁၀ linyeaung: ဒါဆိုသူရေးတာမှားတာပေါ့

pyae: ဘယ်လိုပြောမလဲ မနောက သူ့ဟာသူ နေတာလေ..
မျက်လုံးကလည်း သူ့ဟာသူနေတာပဲ
အဆင်းလာထိတာကို အာရုံယူလို့ မြင်စိတ်ဖြစ်တာပဲလေ
ဒီလိုပဲ ထင်တယ်

၁၀ linyeaung: ဟုတ်အကို
ညီလဲအဲလိုထင်ပါတယ်

pyae: အင်း စကားလုံး အသုံးအနှုန်းတွေကတော့ ကွဲတယ်ညီရ... ကိုယ်တကယ် ဖြစ်နေတာနဲ့ တိုက်ကြည့်မှ နားလည်မှာ ဘဘောတရားကို

၁၀ linyeaung: ဟုတ်အကို
ညီကြိုးစားပါ့မယ်

pyae: အေးညီ ဗိုက်ဆာတာကိုလည်း ဒီအတိုင်း အဆာမခံနဲ့ဦး
ကိုယ်က အလုပ်ရှိသေးတယ်လေ

၁၀ linyeaung: မဆာပါဘူးအကိုရ
အကိုကော
ရပါတယ်

pyae: တစ်ခုတည်းကို ဖိဖိစီးစီး မလုပ်နိုင်သေးသ၍
မျှတအောင်တော့လုပ်ပေါ့

၁၀ linyeaung: အကိုမအားရင်လဲ သွားလေ

pyae: အားတယ်ညီ

၁၀ linyeaung: ဟုတ်အကို

pyae: ညီ့ကိုပြောတာ

၁၀ linyeaung: ရပါတယ်အကို

pyae: စားနေရင်လည်း သတိလေးနဲ့ စားလို့ရတယ်လေ

၁၀ linyeaung: ဟုတ်

pyae: တဖြေးဖြေးပေါ့ညီရာ..

၁၀ linyeaung: အကို့ကိုမေးဦးမယ်

pyae: အေးမေးညီ

၁၀ linyeaung: ဥပမာလမ်းလျှောက်နေရင်းပေါ့

pyae: အင်း

၁၀ linyeaung: တွေးနေတယ်ဆိုပါတော့

pyae: အင်းပြောညီ

၁၀ linyeaung: အာရုံကတွေးနေတဲ့ဆီ ရောက်နေတာနော်

pyae: အေး

၁၀ linyeaung: ဒါပေမယ့် လမ်းဆက်လျှောက်နေတယ်

pyae: အေးညီ

၁၀ linyeaung: ညီသိချင်တာက ဘာလို့လမ်းဆက်လျှောက်နေတာလဲ
ဘာစိတ်နဲ့ လမ်းလျှောက်တာလဲ အကို
သူ့အလိုလို ဖြစ်နေတာက ဘာကြောင့်လဲ

pyae: သူ့အလိုလိုဖြစ်တာ မဟုတ်ဘူးလို့ အစ်ကိုထင်တယ်... ညီပြောတာက အာရုံက အတွေးထဲမှာ တစ်ချိန်လုံးတွေးနေတယ်လို့ ဆိုလိုနေတာ
ဒါပေမယ့် တစ်ချိန်လုံး မတွေးနိုင်ဘူးညီ

၁၀ linyeaung: ဟုတ်တယ်
မဟုတ်ဘူး

pyae: အဲဒါက ညီ့စိတ်က ထင်တာ

၁၀ linyeaung: အကို

pyae: အင်း

၁၀ linyeaung: တွေးနေတဲ့အချိန်ကိုပြောတာ

pyae: အင်း

၁၀ linyeaung: တွေးလိုက်တဲ့ အချိန်ပေါ့အကို
ဒါပေမယ့်နဲနဲ ကြာတာပေါ့

pyae: ပြောမယ်ညီ.. ည်ီအဲလို တွေးလိုက်တဲ့ အချိန်က ည်ီကသာ ကြာတယ် ထင်နေတာ တကယ်တန်းက တရစပ်ဖြစ်နေတာ

၁၀ linyeaung: ဘယ်လိုဖြစ်တာလဲ

pyae: အဲဒီ တရစပ်ကြားမှာ တွေးတဲ့ အာရုံနဲ့ လမ်းလျှောက်တဲ့ အာရုံက တစ်လှည့်ဆီလည်း ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ်
ဖြစ်ချင်သလို ဖြစ်နေမယ်

၁၀ linyeaung: ပြောပါအကို

pyae: ဒါပေမယ့် တစ်စိတ်တည်းကို တစ်ချိန်တည်းမှာ ဖြစ်နေဖို့ ဆိုတာ မဟုတ်ဘူးညီ

၁၀ linyeaung: တအား မြန်သွားလို့လားအကို

pyae: တရစပ်ဆိုတဲ့နေရာမှာ တစ်ခုနဲ့ တစ်ခုက ကာလအားဖြင့် တစ်ချိန်တည်း ဖြစ်နေသယောင် ထင်နေရတာ

ဟုတ်တယ်ညီ
တအားမြန်နေလို့
ညီ့စိတ်က အဲဒါကို မြန်မှန်းမသိဘူး
အစ်ကိုတို့လည်း မသိဘူး
စိတ်ဖြစ်တိုင်းကို မသိနိုင်ဘူး
အဲဒါကို မောဟ လို့ ခေါ်မလားပဲ

၁၀ linyeaung: အာရုံမရောက်ပဲနဲ့ သွားတာမဟုတ်ဘူးပေါ့

pyae: မဟုတ်ဘူးညီ

အာရုံရှိလို့သွားနေတာ

၁၀ linyeaung: အာရုံရောက်တာကို မသိလိုက်တာပေါ့

pyae: အင်း ဟုတ်တယ် ညီပြောတာ
မသိလိုက်တာ

အစ်ကိုတို့ ညီတို့ အသိနဲ့ လိုက်မမှီတာ

၁၀ linyeaung: ဒါဆိုမောဟ မဖြစ်အောင် မတွေးရမှာပေါ့
သတိနဲ့သွားရျမှာပေါ့နော်

pyae: အခုလိုမျိုးကော ညီက စာရိုက်တယ် နောက် စိတ်ထဲကလည်း ဘာပြောရင်ကောင်းမလဲ ဆိုပြီးတွေးနေတယ်လေ

ပြောရင်တော့ တွေးနေရင်းနဲ့ စာရိုက်တယ်ပေါ့

တကယ်တော့ မဟုတ်ဘူး
တရစပ်ဖြစ်နေတာ
တွေးတာကော
စာရိုက်တာကော
ဒါပေမယ့် တွေးတာနဲ့ ရိုက်ချင်တဲ့ အာရုံနဲ့က တစ်ချိန်တည်း မဖြစ်ဘူး

၁၀ linyeaung: အကိုပြောတာက တွေးပြီးမှရိုက်တာပေါ့

pyae: အင်းဟုတ်တယ်..

၁၀ linyeaung: ဒါဆိုအဲဒါကိုသိအောင်လုပ်လို့မရဘူးလား
မောဟမဖြစ်အောင်လို့လေ

pyae: ရတယ်လေညီ
ညီက အဲဒါကို သိနေဖို့ပဲ

၁၀ linyeaung: ဒါဆို လမ်းလျှောက်နေတာကို သိဖို့လိုတာပေါ့

pyae: ဒါပေါ့ညီ ဒါကို မသိရင်လည်း တွေးနေတာကို သိအောင်လုပ်ရမယ်

၁၀ linyeaung: အတွေးက သိတာနဲ့ ရပ်သွားတယ်လေအကို

pyae: ဒီကြားထဲ ၂ ခုလုံးကိုလည်း သိနိုင်တယ်
အင်း

အဲလို ရပ်တာကိုလည်း ရပ်သွားပါလားဆိုပြီး ထင်သိရမယ်
ပြောရရင် ဘာဖြစ်ဖြစ် သိအောင်ကြိုးစားရမယ်ပေါ့

၁၀ linyeaung: ဒါဆို အာရုံက တခုတည်းမှာပဲ တည်တော့မှာပေါ့

pyae: ပြောလေညီ

၁၀ linyeaung: ဟုတ်ပြီအကို ညီနားလည်ပြီ
ညီစဉ်းစားနေတာ

pyae: အင်း

၁၀ linyeaung: ညီတို့ဉာဏ်က လိုက်မမှီလို့ဖြစ်နေတာပေါ့

pyae: ဟုတ်တယ်ညီ

၁၀ linyeaung: တခါတည်းလို့ထင်နေတာလေ

pyae: အာရုံတိုင်းကို လိုက်မသိနိုင်ဘူးလေ
ဟုတ်တယ်
တအားမြန်နေလို့
စိတ်ရဲ့ သွားလာကျက်စားနှုန်းက လေ

၁၀ linyeaung: တော်တော် ကြောက်စရာ ကောင်းပါလား အကို
တနေ့တနေ့ မောဟတွေမနဲပါလား

pyae: ဟုတ်တယ်ညီ တွေးကြည့်ရင် အကုသိုလ် အာရုံမှာ ကျက်စားတာ ကတော်တော်များတယ်

၁၀ linyeaung: တရားကျဖို့ တော်တော်ကောင်းတယ်

pyae: ဟုတ်တယ်ညီရေ...

၁၀ linyeaung: ဒါကိုလူတွေ မသိကြတာ သနားစရာကောင်းပါဘိ အကိုရာ

pyae: ဒါပေါ့ညီ သိအောင် မကြိုးစားတာလည်း ပါတာပေါ့

၁၀ linyeaung: ဒါမို့ငရဲမှာလူတွေများနေတာပေါ့

pyae: ဒါကြောင့် မြတ်စွာ ဘုရားရှင်က လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ မရောက်ဘူး ဟောတာပေါ့
ဟုတ်ပညီရာ
ငရဲ တစ်ခုတည်းတော့ မဟုတ်ဘူးလေ၊ အပါယ်လေးဘုံပေါ့ ညီ

၁၀ linyeaung: ညီတခါတလေ ကျရင် ဒီပညာတွေတောင် မသင်ချင်တော့ဘူး အကိုရာ

pyae: အေး အစ်ကိုလည်း အဲလိုဖြစ်တယ်
ပြောညီ

၁၀ linyeaung: အရေးမပါဘူးလို့ မြင်လာတယ်
သံသရာအတွက်လေ

pyae: မှန်ပ
ဒါပေါ့
ဒါပေမယ့် မလုပ်လို့ မရဘူးလေညီ

၁၀ linyeaung: လွတ်လမ်းကိုပဲ သွားချင်နေတယ်

pyae: အင်း

၁၀ linyeaung: မရလို့ပေါ့အကိုရာ
ရရင်ညီ ဘုန်းကြီးဝတ်သွားတာ ကြာပေါ့

pyae: အစ်ကိုလည်း ဒီလိုပဲ တွေးတယ်ညီ
အစ်ကိုပြောဦးမယ်

၁၀ linyeaung: အခုတော့ ရသလောက်ပဲ လုပ်ရမှာပေါ့နော်

pyae: အင်း

၁၀ linyeaung: ပြောပါအကို

pyae: ဘုန်းကြီးဝတ်ရင်လည်း ၀တ်တိုင်းကောင်းတယ် မထင်နဲ့ ညီ... ကိုယ်က သူ့ရဲ့ ၀ိနည်း သိက္ခပုဒ်တွေကို မစောင့်ထိန်းနိုင်ရင် အပါယ်ကျဖို့ ရာခိုင်နှုန်းက ခပ်များများလေ... လုပ်နိုင် လိုက်နာနိုင်ရင်တော့ ကောင်းတာပေါ့

ဒါပေမယ့်
ခုလို မလုပ်မနေ လုပ်နေရတဲ့ အလုပ်တွေ လုပ်ရင်းနဲ့ တရားရအောင် ကျင့်ရင်လည်း ရတယ်လေညီ

၁၀ linyeaung: ဟုတ်အကို

pyae: အစ်ကိုလည်း ဘုန်းကြီးဝတ်ချင်လို့ ဘလော့မှာတောင် ရေးတင်ပြီးမေးဖူးတယ်
မကြာသေးဘူး

၁၀ linyeaung: ညီကြိုးစားနေပါတယ်

pyae: အင်း
နေဦး
အစ်ကို
အဲလို ဘလော့မှာ ခုလို စိတ် ဒွိဟ ဖြစ်နေလို့ အာကြံဉာဏ်တွေ လှမ်းတောင်းတော့ ကွန်မန့်လာရေးတာ ရှိတယ်
ညီဖတ်ကြည့်
ခဏ

၁၀ linyeaung: ရတယ်အကို

***********************************

pyae: *ဘုန်းဘုန်းသို့ ပေးစာ(၇)၏ နောက်ဆက်တွဲ(၁)*


ဒကာလေး..

ဒကာလေးစာကို ဖတ်ပီး စာပြန်လိုက်ပါတယ်။

တကယ်တော့ လောက မှာ လုပ်ချင်တာရယ်. လုပ်သင့်တာရယ်. လုပ်နိုင်တာရယ် ဆိုပြီး ရှိတာ သိပြီးသား ဖြစ်မှာပါ။ ဒါတွေအားလုံး ထပ်တူ ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ထပ်တူ မဖြစ်ဘူး ဆိုရင်တော့.. ဒီအထဲက တစ်ခုခုကို ဦးစားပေးရ တော့မယ်.။

အခု လုပ်နေတာတွေက ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပဲ မဟုတ်လား။ ဘယ်သူပဲ အဆွယ် ကောင်းကောင်း.. ကိုယ်တိုင်က သဘောတူမှ ဖြစ်လာရတာမျိုး။

ခရီးတစ်ခုကို သွားလို့ ခရီးတစ်စုံတစ်ရာ ရောက်ခဲ့ပြီးတဲ့ အချိန်မှ နောက်ပြန်လှည့်မယ့် အစား.. သွားနေရင်းနဲ့ လမ်းခွဲ တစ်ခုကို ကိုရှာကြည့်ပေါ့။ ထွက်ပေါက် တစ်ခုခုတော့ တွေ့လာရမှာပါ။ အဲဒီအတွက် အချိန်တစ်ခုတော့ ပေးရလိမ့်မယ်။

လောလောဆယ်တော့ လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေး စေချင်တယ်။

နောက်တစ်ခုက... ဘာသာရေး ဆိုတာ.. ပညာသင်တာလည်း ဘာသာရေးဘဲ၊ မိဘ လုပ်ကျွေးတာလည်း ဘာသာရေးပဲ။ တရားထိုင်မှ မဟုတ်ဘူးနော်... ဒါကို ဦးဇင်း မကြာမကြာ ပြောပါတယ်။

ဘုရားအဆုံးအမ အတိုင်း ကျင့်သုံး လိုက်နာ နေထိုင်ခြင်း ကိုပဲ ဘာသာရေး လုပ်နေတာလို့ နားလည်ထားပါ။

အမေအို တစ်ယောက်ကို လုပ်ကျွေးနေတဲ့ ဒကာလေး အတွက်... ထပ်ဆင့် စဉ်းစားနိုင်ဖို့..

ဃဋိကာရ အိုးထိန်းသည် ကိုနမူနာ ယူစေချင်တယ်။ ကဿပ ဘုရားရှင် လက်ထက်က အဖြစ်အပျက် ပါ။ မိမိကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ။

အမေအိုကို လုပ်ကျွေးတဲ့ ဃဋကာရနဲ့.. ဒကာလေးရဲ့ တရားဓမ္မအဆင့် အတန်းကို ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြည့်ပါ။

တစ်ခါတရံ တဏှာ ကလည်း သဒ္ဓါ ယောင်ဆောင်တတ် သလို
ထိနမိဒ္ဓ ကလည်း သမာဓိ အသွင် ပုံမှား ရိုက်တတ်တယ်။

အဓိက ကပြောချင်တာက...

ပြဿနာ ရပ်တိုင်းမှာ အဖြေရှိတယ်။

ကိုယ့်အဆင့်ကိုယ့် ကိလေသာကို ကိုယ်တိုင်ပဲ စစ်ဆေးကြည့်ပါ။ ဃဋိကာရရဲ့ ဘ၀ကို နမူနာ ယူပြီး ဘ၀အတွက် လမ်းကြောင်းမှန်ကို ရွေးချယ်နိုင် ပါစေဗျာ...

မေတ္တာဖြင့်
ဘုန်းဘုန်းဦးကုမာရ

***********************************

Blogger phone2vi said...

မင်္ဂလာပါ... ဖိုးသား..

ဖိုးသား သိတဲ့အတိုင်းပဲ ဘုန်းဘုန်းက တစ်ခြား ဘလောဂ်တွေမှာ မှတ်ချက် သိပ်မရေးဖြစ်ဘူး။ ခုဟာက ဘုန်းဘုန်း ပို့စ်လေးတွေ ရေးတိုင်း မှတ်ချက် လာလာ ရေးပေးတဲ့ ဖိုးသား ဖြစ်တဲ့အတွက် လာရေးဖြစ်တာ။

ဘုန်းဘုန်းအတွေ့ အကြုံလေးတစ်ခု ပြောပြမယ်။ ဘုန်းဘုန်း ကိုရီးယားတွေကို တရားဟောနေတာ ဖိုးသားလည်း သိမှာပါ။ တစ်ခါတော့ တရားပွဲအပြီး မေးခွန်းတွေ မေးကြတော့ မေးတဲ့သူတွေ ထဲမှာ ခပ်ငယ်ငယ် ဒကာမလေး တစ်ယောက်က ဘာမေးလဲဆိုတော့ သူတရား အားထုတ်ရင်း တရားအလုပ်တွေမှာ အရမ်းသဘော ကျသွားလို့ တရားပဲ အားထုတ်ချင် စိတ်တွေ ဖြစ်မိကြောင်း၊ အလုပ်ကလည်း တစ်ဘက် ရှိနေကြာင်း၊ သူ့စိတ်ကတော့ အလုပ်ထွက်ပြီး တရားပဲ အားထုတ်ချင်စိတ် ဖြစ်နေကြောင်း အဲဒါ ဘယ်လို လုပ်သင့်ပါသလဲ ဆိုပြီး မေးလာပါတယ်။

ဘုန်းဘုန်း အကြံပြုလိုက် တာကတော့ ``တရား အားထုတ်ချင် စိတ်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် တရား အားထုတ်တဲ့အခါ တစ်ခါတည်း ဒီဘ၀အရိယာဖြစ် သောတာပန် ဖြစ်သွားရင်တော့ အားလုံးကို စွန့်ပြီး လုပ်တာ ကောင်းပေမယ့် အဲလိုမဟုတ်ဘဲ အားထုတ်တဲ့ အချိန်မှာ ခံစားရတဲ့ သမာဓိ နိမိတ်လေးတွေ အပေါ်မှာ သာယာပြီး ဒါတွေလောက်နဲ့ပဲ အချိန်ကုန် စေခဲ့မယ်ဆိုရင်...

နောက်တစ်ချက်က တရား အားထုတ်တဲ့ အခါမှာလည်း အသက်ရှင် ရပ်တည်ဖို့ စားသောက်ဖို့ အတွက်က လိုအပ်ပြန်သေးတဲ့ အတွက် ကိုယ့်မှာ အလုပ်မလုပ်ဘဲ စားသောက်နိုင်အောင် ပြည့်စုံတယ်ဆိုရင် အလုပ်ထွက်ပြီး တရား အားထုတ်နိုင်ကြောင်း အဲလိုမှ မဟုတ်ရင်တော့ အလုပ်လုပ်ရင်း တရားအားထုတ်တာ ပိုသင့်ကြောင်း အချိန်ကန့်သတ်ပြီး လုပ်သင့်ကြောင်း၊ တရားဆိုတာ ပေါ်ရာပေါ်ရာ သတိကပ် ရှုမှတ်ရတာ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာလည်း သတိနဲ့ နေနိုင်ကြောင်း စသဖြင့် ဖြေကြား ပေးလိုက်ပါတယ်။ ပြောချင်တာက ဖိုးသားလည်း စိတ်တွေ ဒွိဟမဖြစ်ဘဲ လက်ရှိ အချိန်ကိုသာ လုပ်ရမယ့် အလုပ်ကို ပြီးအောင် လုပ်ပြီး နောင်မှသာ ကျန်တဲ့ကိစ္စတွေ စဉ်းစားတာ ကောင်းပါတယ်။ အချိန်ဇယားလေးဆွဲပြီး လုပ်ပေါ့။ ကျောင်းစာ လုပ်ချိန်နဲ့။ တရားအားထုတ် ချိန်ရယ်လို့ပေါ့...

အော်..ဖိုးသားရေး.. ကြုံတုန်း အကြံ ပြုလိုပါတယ်။ တစ်ခြား မဟုတ်ပါဘူး... ဘုန်းကြီးတွေ အပေါ် သုံးတဲ့ အသုံးအနှုံး လေးတွေပါ။ ဒါတွေဟာ ပညတ်တွေ ဆိုပေမယ့် တစ်ချို့က အဲလို မတွေးတတ် ကြပါဘူး။ ဥပမာ ဘုန်းဘုန်းတွေထံ ပေးတဲ့ စာတွေမှာ ဆိုရင်... ဘုန်းဘုန်းရာ.. ဘုန်းဘုန်းရ... ဆိုတဲ့ အသုံးလေး တွေဟာ ရင်းနှီးမှု အနေနဲ့ သုံးလိုက်တဲ့ ပုံစံမျိုး ဆိုပေမယ့် သူငယ်ချင်း ဆန်တဲ့ အသုံးလေး တွေလို ဖြစ်နေပါတယ်။ ဘုရား.. လေးတွေထည့်ပြီး သုံးရင် ပိုကောင်း မလားပေါ့.. ပြီးတော့ ဘုန်းဘုန်း ကောသလ္လ၊ ဘုန်းဘုန်း ကုမာရ၊ ဘုန်းဘုန်း ၀ိစိတ္တ စတဲ့ အသုံးလေး တွေမှာလည်း ဦးလေးတွေ ထည့်ပြီး ဘုန်းဘုန်း ဦးကောသလ္လ၊ ဘုန်းဘုန်း ဦးကုမာရ စသည်ဖြင့် သုံးပေးနိုင်ရင် ပိုပြီး သင့်လျှော်မလား လို့ပါ...

ထားပါတော့... မှတ်ချက်လည်း ရှည်သွားပြီး... ဒါနဲ့စကားမစပ် ဖိုးသား မကြာမကြာ ဆုတောင်းပေး သလို ဘုန်းဘုန်း ကျန်းမာပါစေ ဆိုတဲ့ ဆုတောင်းဟာ ခု ဖြစ်မှပဲ... ပိုပြီး အရေးကြီးမှန်း သိလာ တော့တယ်... ဘုန်းဘုန်းလည်း ဒီလာမယ့် ကြာသပတေး နေ့ကနေ စနေနေ့အထိ ဆေးရုံ တက်ရမယ်။ အရမ်း စိုးရိမ်စရာတော့ မရှိပါဘူး။ ခွဲစိပ်ရုံ လောက်ပါပဲ... ဒါကြောင့် ကျန်းမာအောင်လည်း နေပေါ့...။

မေတ္တာဖြင့် ...
ဘုန်းဘုန်း

********************************

March 17, 2009 2:05 AM
Delete
Anonymous TZN said...

လှူသင့်တဲ့ နေရာတွေကို လိပ်စာ၊ ဖုန်းနံပါတ်နဲ့တကွ ရှာဖွေဖော်ပြပေးတဲ့အတွက် ကျွန်တော့်အပေါ် ကျေးဇူးရှိတဲ့ ညီငယ် ဖိုးသား

မြတ်စွာဘုရားကို ဒီဘွဲ့နဲ့ ကျေးဇူးဆပ် မယ်လို့ ဆုံးဖြတ်ပြီး ယူစရာ ရှိတဲ့ ဘွဲ့လွန်ကို ထူးထူးချွန်ချွန်နဲ့ ပြီးအောင် ယူလိုက် စေချင်ပါတယ်။ အလသဿ အချည်းနှီး မဖြစ်ဘူး၊ ကုလိုလ်ရေးမှာ အထောက်အပံ့ ဖြစ်မယ်လို့ ကျွန်တော် မြင်တယ်။

ဆရာတော်တွေ ပြောတာလဲ မှန်တယ်လို့ မြင်ပါတယ်။

*****************************

March 17, 2009 2:38 AM
Delete
Anonymous Anonymous said...

ဖိုးသား စာကိုဖတ်ပြီး စိတ်ထဲမှာ မကောင်းဘူး ဘ၀တူခြင်းမို့ (လောကီမှာ မပျော်တာ) သာသနာ့ ဘောင်ထဲ ၀င်ရင်တော့ ဖိုးသား ဘ၀အေးချမ်း သွားမယ်လို့ ထင်မိပါတယ်။ မိဘကျေးဇူးကို ရဟန်းဝတ်နဲ့ ဆပ်တာက ပိုပြီး မြင့်မြတ်မယ်လို့ ထင်တယ်။ အရှင် ဆန္ဒာဓိကလို မျိုးပေါ့။ ဖိုးသားရဲ့ ဘ၀ကို မြင့်မြတ်စေမှာ ကတော့ ရဟန်းဘ၀ပဲလို့ ယူဆပါတယ်။

အမလည်း ငယ်ငယ်က သာသနာ့ ဘောင်ထဲ အရမ်းဝင်ချင် ခဲ့တယ်၊ သေခြင်းတရား ဆိုတာ အချိန်မရွေး ရောက်လာနိုင် တာမို့ မသေခင် တရား အားထုတ်ပြီး ရသလောက် အချိန်မှာ တရားရှာပြီး တဆင့်ထက် တဆင့် တက်နိုင်အောင် ကြိုးစားတာ ဘ၀အတွက် တကယ့် တန်ဘိုး ရှိလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တခုက ရဟန်း ဘ၀မှာ တကယ် တရားရှာတဲ့ ပုဂ္ဂိုလ်ဆိုရင် စားစရာ သောက်စရာ နေစရာ ထိုင်စရာ အစရှိသဖြင့် ဘာမှ ထွေထွေထူးထူး ပူပင်မနေပါဘူး။ အရာရာ အားလုံးဟာ တရားသဘော တွေချည်းပဲလို့ မှတ်ယူပါတယ်။

ဖိုးသားကို တခုပြော ချင်တာက အဲလို တရားထိုင် ချင်စိတ်တွေပဲ ဖြစ်ပေါ်လာတယ် ဆိုတာဟာ ဘ၀ အဆက်ဆက်က ဖိုးသား လုပ်ခဲ့တဲ့ ပါရမီတွေ ဆိုက်ရောက် လာလို့ အခုလိုမျိုး စိတ်တွေ ဖြစ်လာတာ အဲဒီပါရမီ အလင်းရောင် လေးကို အပျောက် မခံလိုက်ပါနဲ့။ ဖိုးသားကို ရဟန္တာ ဖြစ်သွားတဲ့ စွန်းလွန်း ဆရာတော် ဦးက၀ိ အကြောင်း ဖတ်စေချင်တယ်။ ဖိုးသားဖတ်ရင် အကျိုးထူးမယ်လို့ ထင်တယ်။

ခင်မင်စွာဖြင့်,

***************************

March 17, 2009 2:45 AM
Delete
Anonymous Anonymous said...

လျှောက်နေတဲ့ လမ်းကလည်း ခရီးရောက်ဖို့ နှစ်နှစ်ခွဲပဲ လိုတော့တာ ဆိုတော့ တောင့်ပြီး ကြိုးစားလိုက်ရင် မကြာပါဘူး။

အရှင်ဆန္ဒာဓိက ၁၀တန်းမှာ တစ်ပြည်လုံး ဒုတိယ ရခဲ့တာက ဒကာဒကာမ တွေအပေါ် သာသနာ ပြုရာမှာ အများကြီး တာသွားတယ်။ ဂုဏ်လုပ်ဖို့ မဟုတ်ပေမယ့် ပုထုဇဉ်တွေရဲ့ အသိအမှတ် ပြုမှုကို ရတော့ သူတို့အကျိုး လုပ်တာ ဟောပြောတာမှာ ပိုအဆင်ပြေ ပါတယ်။ ရဟန်း ဝတ်ရင်လည်း အခြေပြု မူလတန်း၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ပြီးရင် အနည်းဆုံး ဓမ္မာစရိယ အောင်အောင် ဖြေမှ ဖြစ်မှာဆိုတော့ ကျောင်းစာတွေ စာမေးပွဲ တွေက ကြုံနေရဦးမှာပဲ။

အရှင်ဆန္ဒာဓိက ရဟန်းဝတ်တော့ အခု ကိုဖိုးသားလို တရား အရမ်းတက်နေတဲ့ အချိန်မှာ... ဒါတွေ မလုပ်ချင်ဘူး၊ တရားပဲ အားထုတ် နေချင်တယ် ဆိုတော့ ဆရာတော်ကြီး တစ်ပါးက ဓမ္မာစရိယ အောင်အောင်ဖြေဖို့ တိုက်တွန်းတာနဲ့ ပြီးအောင် ဖြေရတယ်တဲ့။

ဒီနှစ်နှစ်ခွဲ သည်းခံလိုက်ရင် ဒီထက်မက သာသနာ့ အကျိုး ဆောင်နိုင်မှာပါ။ တရား အရမ်းတက်နေတဲ့ အချိန် ဒီလို ဖြစ်တတ်တာ သဘာဝပါ။ မဇ္ဈိမပဋိပဒါ ကျအောင် စိတ်ကို ညှိပေး စေချင်ပါတယ်။

အရဟတ္တဖိုလ် မဆိုက်သေးခင်မှာ ဘယ်လောက် ကြာကြာ အားထုတ်ရမလဲ မသိသေးတော့ ဒီကြားထဲ လောကဓံ အချိုးအကွေ့ တွေကလည်း ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် ဘဝမှာ ကြုံရနိုင်တော့ ပညာရေးကို ဖြည့်ခွင့်ရတုန်း ပြီးအောင် ဖြည့်လိုက်တာ မမှားပါဘူး။

သီဟ စစ်သူကြီးတို့၊ အဘယ မင်းသားတို့ သာသနာ့ဘောင် ဝင်တော့ ဒီလို လူ့ဘဝမှာ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေအောင် ရဟန်း ပြုတယ်ဆိုပြီး တရားအခံ နည်းသေးတဲ့ သာမန် လူတွေပါ သာသနာကို လေးစားရမှန်း ပိုသိသလိုပေါ့။

ဘုရား လက်ထက်တော် ကတော့ ရက်ပိုင်း လပိုင်းအတွင်း အရဟတ္တ ဖိုလ်ဆိုက်အောင် တရားပြ ပေးနိုင်တဲ့ မြတ်စွာဘုရား ရှိနေတော့ ချက်ချင်းဝတ်တာ ကောင်းပါတယ်။ ခုဟာက လျှောက်ရမယ့် လမ်းက မြန်မြန်ပြီးမလား အချိန်ယူ လျှောက်ရမလား ကံသေကံမ မပြောနိုင်သေးတော့ ပညာရေး ပြီးအောင် လုပ်စေချင်တယ်။

အခု အင်တာနက်ကနေ သာသနာ ပြုနေတာ တွေကလည်း အများကြီး အကျိုးရှိပါတယ်။ ဒါတွေက မဂ်ဖိုလ် နိဗ္ဗာန်ကို သေချာပေါက် အထောက်အပံ့ ပေးမှာပါ။ ရဟန်း ပြုရင်လည်း အခု လုပ်ထားတဲ့ အွန်လိုင်း သာသနာပြု လုပ်ငန်းမှာ အားစိုက်ခဲ့တဲ့ ကုသိုလ် စေတနာ ပထမဇောတွေက ဒီဘဝမှာပဲ အကျိုးပေး ပါလိမ့်မယ်။

လောကီ ပညာရေးကို စိတ်မပါ ငြီးငွေ့နေရင် ကိုယ်ပြုခဲ့ ပြုဆဲ ကုသိုလ် ကောင်းမှုတွေ အပေါ် ပီတိစိတ်ကို ပွားယူပြီး ငြီးငွေ့တဲ့ စိတ်ကို ဖယ်ရှားနိုင် ပါတယ်။ တရားရှုမှတ်ရင်း အာဒီနဝဥာဏ်၊ နိဗ္ဗိဒါဥာဏ်များ တက်နေတဲ့ အချိန်မှာလည်း ဒီလို လောကီကို စိတ်ကုန်ခန်းစိတ်၊ ငြီးငွေ့စိတ်များ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ငြီးငွေ့စိတ်ကို ပီတိပဿဒ္ဓိ များနဲ့ ဖယ်ရှား စေချင်ပါတယ်။ အထူးသဖြင့် ဒါနကောင်းမှုက ရတဲ့ ပီတိဟာ ငြီးငွေ့စိတ်ကို ပယ်ပြီး လိုအပ်တဲ့ ဝါယမ ခွန်အားများ မွေးပေးနိုင်ပါတယ်။

************************************

March 17, 2009 4:54 AM
Delete
Blogger winmyint said...

မင်္ဂလာပါညီလေး… မြွှေမြွေချင်း ခြေမြင်သလိုပ၊ ခံစားမှုတူ၊ ဘဝတူတွေမို့ အနည်းငယ် အကြံပြုပါရစေ။ ပင်လင်ပြင် ကြီးကို မြင်ဖူးတဲ့အခါ မြစ်ကို ပင်လယ်လို့ မမြင်တော့တာသည် သဘာဝ ဖြစ်စဉ်ပါ။ ပင်လယ်ကား ပင်လယ်၊ မြစ်ကား မြစ်လို့ ခွဲခြားပြီး တော့လည်း မြင်တတ်ရမယ် ညီလေး။ ဆက်စပ်ပြီး တော့လည်း မြင်တတ်ရ ပါမယ်။

ခွဲခြား၊ ပိုင်းခြား၍ မြင်ရမည် ဆိုသည်မှာ ဤကားပင်လယ်၊ ဤကားမြစ်ပေါ့။ ဆက်စပ်ပြီးတော့ မြင်ရမည် ဆိုသည်မှာ ပင်လယ်နှင့် မြစ်သည် အညမည ပစ္စယောနဲ့ အချင်းချင်း ကျေးဇူးပြုနေပါလား ဆိုတာကို မြင်တတ်ရပါမယ်။ အခုလည်း လောကုတ္တရာ (ပင်လယ်) နှင့် လောကီ(မြစ်)။ ပင်လယ်ပြင်မှာ ကျက်စားနေတဲ့ ပုဂ္ဂိုလ် တစ်ဦးသည် မြစ်ပေါ်မှာ မကျက်စား ချင်တော့ဘူး။ သို့ပေမယ့် ကိုယ်က ထီးတည်း မဟုတ်ဘူး။ ကံတူ အကျိုးပေး ပရိတ်သတ်တွေနဲ့ လာကြတာ ဆိုတော့ ကံတူအကျိုးပေး ဆိုသည်ကား လောကီ မြစ်ပေါ်က လှိုင်းလုံးလေး တွေပါပဲ။

ဒီတော့ ပင်လယ်နှင့် မြစ်ကို အချင်းချင်း ကျေးဇူးပြု ဆက်စပ်ပေးနိုင်ဖို့က ကိုယ့်အခြေ အနေနှင့် အချိန်အခါ အားဖြင့် ဉာဏ်သွင်း သုံးသပ်ပြီးတော့ လုပ်ဆောင် သွားရပါမယ်။

အခု ညီစာသင်နေတဲ့ အခါကျတော့ ကုသိုလ်ဓာတ် အားဖြင့် ဘယ်လောက် ပြည့်စုံတုံး ဆိုတော့ နိုင်ငံရေး အပူမရှိ၊ စီးပွားရေး အပူမရှိ၊ လူမှုရေး အပူမရှိ (အမေကိုလည်း ကိုယ်က ကျေးဇူးပြုလို့ ရတယ်)၊ ပညာရေး အပူမရှိ (မသင်ချင် အဆုံး ဖြစ်နေပါတယ်- တစ်ချို့ဆို သင်ခွင့်ရဖို့ မလွယ်ဘူး- မသင်နိုင်တော့ သူများကို ပညာရေးဖြင့် ကျေးဇူးပြုခွင့် ဆိုတဲ့ အခွင့်ကို မရပြန်ဘူး- လောကီ နယ်ကမို့လို့ အထင်သေးလို့ မရပါဘူး - ဒီကံက ဉာဏ်ကို ကျေးဇူးပြုမယ့် အရာတွေပါ)။ ပြီးတော့ အုပ်ချုပ်သူ အပူအားဖြင့်လည်း မရှိ၊ အုပ်ချုပ်ခံရသူ အပူအားဖြင့်လည်း မရှိ။ အချစ်ရေး အပူလည်း မရှိ။ သုံးသပ်ကြည့်ပါ… ဒီအပူအပင် မီးလုံးတွေနဲ့ ကင်းဝေးနေတဲ့ သူတစ်ယောက်မှာ ဘာလုပ်လုပ် အဆင်ပြေတယ်။

အဆင်ပြေတယ် ဆိုတာက ဘာလုပ်လုပ် အောင်မြင် ပြီးမြောက်မှုကို လျင်မြန်စွာ ကျေးဇူးပြုတာကို ပြောတာပါ။ အဲဒီအပူတွေ ကင်းစွာဖြင့် ဘာသာရေးကို လုပ်တော့လည်း အဆင်ပြေ တယ်ပေါ့။ ဒီအခွင့်ကို သူဘာကြောင့် ရတုံးဆိုတော့ တစ်ခြားဟာနဲ့ ဝေမဖန်ပါနဲ့ တည့်တည့်သာ ပြောပါမယ်… သူ့ မှာဘာကြောင့် ကလေးရနေတုံး ဆိုတော့ သူသည် ကလေးမွေးအောင် ဖြည့်ကျင့် လုပ်ဆောင် ထားလို့ပေါ့။

အခုလည်း ညီမှာ ဒီအခွင့်သည် အတိတ်ကံ၏ ကျေးဇူးပြုခြင်းကို ခံရတာပါပဲ။ ဒီအခွင့်ကို ရနေခြင်းတူပါစေ။ အသုံးချပုံခြင်း မတူကြပြန်ဘူး- ဒါကိုသထိထားရပါမယ်။ ဒီတော့ ရှေ့တစ်ကွေ့မှာ ကွာခြား သွားကြတော့ မည်ကို မြင်တတ်ရပြန်မယ်။ ဒီတော့ ညီ့မှာ အခု ဘယ်လောက် အဆင်ပြေလဲ? သင်နေရတဲ့ စာဆိုတဲ့ အာရုံ နှင့် ဓမ္မအာရုံ (စာပေဓမ္မ နှင့် ခန္ဓာက ပြတဲ့ဓမ္မ) ဆိုတဲ့ နှစ်ခုသော အာရုံမှာသာ ညီ့စိတ်ကို မျှဝေပြီးတော့ ကျက်စားပေါ့။ အလုပ်လုပ်ရင်း ကျောင်းတက် သလိုပ၊ စာသင်ရင်း တရားဓမ္မ ဖြည့်ကျင့်မှုကိုလည်း လုပ်ပေါ့။ စာသင်တော့ စာမတတ်တဲ့သူကို ကျေးဇူးပြု နိုင်တယ်။ ပြီးတော့ ဒီခန္ဓာနှင့် အမေ့ခန္ဓာ အတွက် အခြေခံလိုအပ်တဲ့ ပစ္စည်းလေးပါး ဖြစ်သော အစာ၊ ဆေး၊ အဝတ်၊ အိမ် ဆိုတဲ့အရာကို အခု စာသင်၊ စာပြခြင်း လုပ်အားဖြင့် ရတဲ့ငွေဖြင့် ဖြည့်ဆည်းပေး နိုင်ပါတယ်။

ခန္ဓာရှိရင် ပစ္စည်းလေးပါးက လိုသည်ပဲ။ ပစ္စည်းလေးမျိုး ဆိုတာကို တစ်လုံးတည်း ပြောပါဆိုရင် ငွေပါပဲ။ ဒီလိုအပ်ချက်ကို ဖြည့်သွားတဲ့အခါ စိတ်ကို အဓိပတိ မထားဘဲ၊ ပညာကို အဓိပတိ ထားပြီးတော့ ပညာဉာဏ်ဖြင့် ဆင်ခြင် သုံးသပ်၍ ဖြည့်ကျင့် သွားရင်ဖြင့် အားလုံး အဆင်ပြေ ပါလိမ့်မယ်။ ညီမှာ အခုစာသင်ဖို့ ကံက ပေးထားရင် စာကို အောင်မြင်အောင် သင်ပါ၊ စာသင်ရင်း တရားဓမ္မ အားထုတ်ခွင့်ကို ကံက ပေးထားရင် တရားဓမ္မ အားထုတ်မှုကိုလည်း အောင်မြင်အောင် လုပ်ဆောင်ပါ။ ဒါတွေက ကိုယ့်အတွက် အားဖြင့်လည်း ဖြည့်ကျင့်ရာ ရောက်တယ်။ အများ အကျိုးတွက် ဆောင်ရွက်နိုင် မှုကိုလည်း ကံမကုန်ခင် ကျေးဇူးပြု သွားနိုင်မယ်။ အဲဒီလိုပါ။

သူ့လုပ်ဆောင်မှုနှင့် သူ့အချိန်သည် တပြေးတည်း သွားနေပါတယ်။ သူ့လုပ်ဆောင် မှုနှင့် သူ့အချိန် အကျိုးပေးမှုသည် ဓမ္မနိယာမ၊ ကံမ္မ နိယာမ တရားအရ ကျရောက် လာမှာပါ။ အခုချိန်မှာ လုပ်နေရတဲ့ လုပ်ဆောင်မှုသည် ဒုစရိုက် (၁၀)ပါးကသာ ကင်းလွတ်ဖို့ အရေးကြီး ပါတယ်။ ဒါဆိုရင် မဂ်ဖိုလ် နိဗ္ဗာန်ကို ကျေးဇူးပြုမှာပဲ။ ဘာကြောင့်တုံး ဆိုတော့ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်လိုမှု ဆန္ဒက လုပ်ဆောင်မှု လှေပေါ်မှာ ပဲ့သဖွယ် ပါနေမှာပါပဲ။

ဒီတော့ သူများ အထ္ထုပတ္တိ တွေကို ကြည့်မနေပါနဲ့။ ကိုယ့်ဟာကိုယ် ကြည့်ပြီး ကိုယ့်အခြေပေး ကိုယ့်အနေပေးနှင့် ကိုယ့်အရေးပေါ်မှာ ရတနာသုံးပါး အဆုံးအမဖြင့် လုပ်ကိုင် လျှောက်လှမ်း တတ်ဖို့က အရေးကြီး ပါတယ်။ သူများကို ကြည့်နေရင် ကိုယ့်ကလေးကို ပစ်ထားပြီးတော့ သူများကလေးကို စိတ်ဝင်စား သလို ရောက်သွားတယ်။ ကိုယ့် ကလေးကိုသာ အားလုံးနှင့် အဆင်ပြေ မျှတပြီး လိမ္မာ ယဉ်ကျေးအောင် ဆုံးမရင်းဖြင့် ချမ်းသာခြင်း သုခကို ရအောင် ထိန်းကျောင်း ပြုပြင်ပေး သွားပါနော။

ညီက ကဗျာသမား ဆိုတော့ အတွေး များတယ်။ အကိုလည်း ဒါတွေနဲ့ ရွက်လွှင့်ခဲ့ပါတယ်။ အခုလည်း ဘုန်းကြီး လုပ်ချင်လားဆိုရင် ဟုတ် လို့ပြောပြီး ဝတ်မှာပဲ၊ ဒါပေမယ့် ကံတရားက ဝတ်ခွင့် မပေးသေးဘူး။ ဝတ်ခွင့် ပေးတဲ့အခါ ပြည့်စုံနေအောင် ဝတ်ခွင့် မပေးခင်မှာ ဖြည့်လို့ရ နေတာကို တစ်ချက်သွားမြင်တော့ ဖြည့်နိုင်သလောက် ဖြည့်သည်ပဲပေါ့။ မိမိအနေဖြင့် အခုဒါကို လုပ်နိုင်ရင် ဒါကို လုပ်ရမှာပဲ ညီလေး။ ဒါလုပ်ရင်း ဒါလေးတော့ လုပ်ရမယ်နော ဆိုတော့ ဒါလေးတော့ဆိုတဲ့ စာပေ သင်ကြား လေ့လာမှု ကိုလည်း လုပ်ရသည်ပဲ။ ဒုစရိုက် (၁၀)ပါးကို ချိုးဖောက်နေတာမှ မဟုတ်ဘဲ။ ဒီတော့ မဂ်တား၊ ဖိုလ်တား မဟုတ်ဘူး။ စိတ်ဆိုတဲ့ ကလေးကို ပညာအမေက လုပ်ပါသားရေ လို့ ဆုံးမပြီးတော့ သာ လုပ်သွားပါ။ အကို ဒီမှာပဲ ရပ်လိုက်တော့ မယ်နော။ အားလုံး အောင်မြင်အောင် လုပ်ဆောင်နိုင်ပါစေ…

လေးစားစွာဖြင့်
ဝင်းမြင့်

********************************

ဖြေးဖြေးချင်း ဖတ်ကြည့်ညီ

၁၀ linyeaung: ကောင်းတယ်အကို
Sent at 4:45 PM on Saturday

၁၀ linyeaung: ရပြီအကို

pyae: အေးညီ

၁၀ linyeaung: ကျေးဇူးတင်ပါတယ်

pyae: အေးအေး
ဖြစ်တတ်တယ်ညီရ
အဲလိုပဲ

၁၀ linyeaung: ညီဘာလုပ်ရမယ် ဆိုတာသိသွားပါပြီ

pyae: အေးအေး ညီရေ.. မျှတပြီးလုပ်ပေါ့
ဝိသာခါတို့တောင် ရှိသေးတာပဲလေ

၁၀ linyeaung: ဟုတ်အကို

pyae: လူဝတ်နဲ့ သောတာပန်တွေ ဖြစ်ကုန်တာ
ချင့်ချိန်ပေါ့ညီ

၁၀ linyeaung: ညီကြိုးစားပါ့မယ်

pyae: အေး အစ်ကိုလည်း ညီ့လိုပါပဲ ကြိုးစားနေတုန်းပဲ

၁၀ linyeaung: ညီကိုဆုံးမစရာ ရှိရင်လဲ ပြောပါအကို
အားမနာပါနဲ့

pyae: အေးအေး ပြောဦးမယ်ညီ

၁၀ linyeaung: ညီဘယ်လိုမှ သဘေားမထားပါဘူး
ပြောပါအကို

pyae: ဒီကို လာခါနီး ဆေးစစ်ဦးမှာ

၁၀ linyeaung: ဟုတ်

pyae: အဲဒီကျမှ မလာချင်ဘူး မလုပ်နဲ့ဦး
လာခဲ့ညီ

၁၀ linyeaung: ဟုတ်အကို
စိတ်ချ

pyae: ပညာမရရင်တောင် တရားရအောင် လုပ်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိတယ်ညီ

၁၀ linyeaung: ညီလာမှာပါ

pyae: ဒီမှာ
အေးအေး
အလုပ်ထဲမှာ ဆိုရင်တော့
ကိုယ်လုပ်ချင်တာ လုပ်ရမှာ မဟုတ်ဘူးလေ
အခွင့် အလမ်း နည်းတယ်ပေါ့

၁၀ linyeaung: ညီအဲဒါကို မျှော်နေတာပါ
အကျိုးရှိအောင် သုံးရမှာပေါ့အကို

pyae: အေးအေးညီ

၁၀ linyeaung: ဟုတ်အကို
ညီပြန်ဦးမယ်

pyae: အေးညီ
လုပ်လုပ်

၁၀ linyeaung: တန်းစီရမယ်

pyae: အော်အေး

၁၀ linyeaung: ၉ နာရီလေ

pyae: အောင်မြင်ပါစေညီ

၁၀ linyeaung: နောက်မှ တွေ့တာပေါ့ အကို
အကိုကောပဲ

pyae: တရားနှလုံးသွင်းပြီး ကောင်းမြတ်အေးချမ်းတဲ့ ညလေးလည်း ဖြစ်ပါစေ

၁၀ linyeaung: ပေးတဲ့ဆုနဲ့ ပြည့်ပါစေအကို

pyae: အေးအေး

၁၀ linyeaung: ဘိုင်အကို

pyae: ဘိုင်

၁၀ linyeaung: ကျေးဇူးတင်ပါတယ်အကို

*********************************

လေးစားစွာဖြင့်
ဖိုးသား

3/23/2009, MON:, 9:08:38 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply