Latest News

*တော်လှန်ရေးနေ့ ဆုတောင်း*

*တော်လှန်ရေးနေ့ ဆုတောင်း*

ငါ့ညီပြောင်းဝင်း၊ မောင်သစ်ဆင်း
သင်းတို့စိတ်ပြောင်း၊ တို့လည်းပြောင်း၏
မကောင်းအစ၊ နှောင်းမလှ
အကြောင်းပြကြ၊ တပေါင်းလ
ကဇောင်းကထ၊ ခတောင်းမ။

ထိုသတင်းကြောင့်
မြို့တွင်းတပ်စွဲ၊ နိပွန်ရဲတို့
မြို့ထဲသူ့တပ်၊ မြို့ကိုပတ်၏
လှံစွပ်နေရောင်၊ တပြောင်ပြောင်နှင့်
အာပေါင်အာရင်း၊ အသံပြင်းနှင့်
နင်းမှနှိမ်မှ၊ စစ်မာန်ပြ၏။

“အာရှလူငယ်၊ လူမမယ်တို့
အံ့ဖွယ်နေနီ၊ တို့စစ်သည်ကို
ရုံးရည်ဖက်ပြိုင်၊ ဘယ်ခံနိုင်အံ့”
လှန့်လည်းလှန့်၏
မဟန့်စတောင်း၊ အဟန့်ကောင်းတို့
ကဇောင်းရွာဆီ၊ တိုက်မည်ချီသော်
မြို့ပေါ်ကျန်ရှိ၊ မိရင်းဖရင်း
သားချင်းဘ၀၊ ကြင်နာစတို့
ညှိုးလျမျက်နှာ၊ မသာယာကို
ငါလည်းမြင်မိ၊ မခံချိ။

တစ်ရက်နှစ်ရက်၊ သုံးလေးရက်တည့်
ငါးရက်ကကျွံ၊ ခြောက်ရက်လွန်တည့်
နိပွန်တပ်ခေါက်၊ ပြန်မရောက်ခဲ့
နောက်ထပ်တစ်ဖန်၊ ဆယ်ရက်လွန်လည်း
နိပွန်ခြေရာ၊ တက်မလာခဲ့။

“ကြားပါလေစ၊ အိုမမတို့
မိုးကျလက်နက်၊ လူငယ့်လက်တွင်
စကြာနေနီ၊ ကဇောင်းဆီဝယ်
ချီသမျှမြုပ်၊ တပ်မရုတ်ဘဲ
အပြုတ်ခံကြ၊ ဇာနေယျ” ဟု
ချီးပစကား၊ ကြားလိုက်ရသော်
မြို့တော်တိုကျို၊ မြို့ထိုထိုက
အိုအိုမင်းမင်း၊ မိရင်းဖရင်း
သားချင်းကစ၊ အိမ်ရှင်မတို့
ညှိုးလျမျက်နှာ၊ မသာယာကို
ငါ့မှာတွေးကြည့်၊ ကြေကွဲမိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
သင်းတို့စိတ်ဝယ်၊ နယ်ချဲ့စိုးမိုး
မုဆိုးစင်စစ်၊ မဖြစ်စေချင်
ငါတို့တွင်လည်း၊ ဘ၀င်မကျ
ဘ၀မပြောင်၊ သားကောင်စင်စစ်
မဖြစ်စေလို၊ ကွင်းရလို၏။

ကြာညိုငါးခိုင်၊ အမွှေးတိုင်နှင့်
ညွတ်ယိုင်ဆုခြွေ၊ အမျှဝေသည်
မွေတော်တိဂုံရိပ်မှာတည်း။ ။

ဆရာဇော်ဂျီ

****************************

>>> ကောင်းလိုက်တာဗျာ... သတ္တ၀ါတွေအပေါ် တပြေးညီ ကိုယ်ချင်းစာ တရား၊ မေတ္တာတရား ထားရှိတဲ့ ဆရာဇော်ဂျီရဲ့ စိတ်ဓါတ်လေးက တအား လေးစားဖို့ ကောင်းသလို၊ အတုယူဖို့လည်း တအား ကောင်းတယ်...။

ဒီကဗျာလေးကို စာရိုက်ရင်းနဲ့ ... တကယ်ပါ...ကျွန်တော် ကြက်သီး မွေးညင်းထတာ သုံးခါလောက်ရှိတယ်... ဆရာ့ရဲ့ စိတ်ဓါတ်ကို လေးစားလွန်းလို့... တဆက်တည်း လောကကြီးမှာသာ လူတိုင်း ဒီလို မေတ္တာဓါတ်မျိုးတွေ မွေးမြူနိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ လို့လည်း တွေးမိလေရဲ့...။

>>> ဒီကဗျာလေးကိုတော့ ကျွန်တော် 21.04.2007 စနေနေ့က ဂျာနယ်ကျော် မမလေး ရဲ့ သွေး ၀တ္ထုကနေ ကူးယူခဲ့မိတာပါ...

>>> အားလုံးပဲ သတ္တ၀ါတိုင်း အပေါ်မှာ တပြေးညီ မေတ္တာဓါတ်များ ထားရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း...


လေးစားစွာဖြင့်
ဖိုးသား

27/03/2009, FRI:, 0:09:01 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဆရာဇော်ဂျီ ရဲ့ တော်လှန်ရေးနေ့ ဆုတောင်း ကဗျာလေးကို သေသေချာချာ ဖတ်ရှုခံစားသွားတယ် သူငယ်ချင်း။ မျှဝေပေးတာ ကျေးဇူးတင်တယ်။ ပြောရရင် အခုလို ကဗျာတွေ ဖတ်ရတိုင်း နင့်နင့်နဲနဲ ခံစားရတယ်။ တစ်ခုခုကိုပေါ့။ ကိုယ်နဲ့ တိုက်ရိုက် သက်ဆိုင်တာ မဟုတ်ပါပဲ ကြေကွဲခြင်း ကြီးစွာ ဖြစ်ရတယ်။ အင်း.. ပုထုဇဉ် လူသားတွေ အနေနဲ့ နှစ်ဦးနှစ်ဘက် မေတ္တာစိတ်ထားလေး အရင်းခံပြီး ပြော၊ ပြု၊ တွေးကြရင် ကောင်းမယ်လို့ ငါလဲ တွေးမိတယ်။ မင်းပြောထားသလို မွေးမြူရမယ် ပေါ့ကွာ။ မေတ္တာစိတ်ထားဟာ အထူးနှစ်သက်ဖွယ် ကောင်းတဲ့ အရာဆိုတာ သိမြင်နိုင်ကြပြီး အစွမ်းကုန် အင်အားစိုက်ထုတ် ရှာဖွေ သူတွေ များပါစေ ဆန္ဒလေး ထားသွားတယ် သူငယ်ချင်း။ ကိုယ်တိုင်လဲ ကြိုးစားကျင့်ကြံ နေပါတယ်ယ်။
    သူငယ်ချင်းရေ “ငါ့ညီပြောင်းဝင်း၊ မောင်သစ်ဆင်း” အစချီတဲ့ ဆရာဇော်ဂျီ ရဲ့ တခြား ကဗျာတွေ သိရင်လဲ အကြောင်းကြားပေး ပါဦး။ ငါ့ဆီမှာတော့ စွယ်စုံအလှ ကဗျာလေး တင်ထားတယ်။ ကြာတော့ ကြာပြီ။

    အဆင်ပြေချမ်းမြေ့ပါစေ သူငယ်ချင်း.
    ခင်မင်လျက်..
    ဝလုံးဝိုင်းဝိုင်း

Leave a Reply