Latest News

*အာဖရိကမှ သာသနာ့ အလင်းရောင်*


တနေ့က ကျနော်တို့ ဆီပုံးမှာ ကို/မ Heart ကနေ အာဖရိကန် လူမျိုးတစ်ယောက် သာသနာပြု ဗွီဒီယိုလင့်လေးကို လာရောက် ပြောကြားခဲ့ပါတယ်။ (ကို/မ Heart ကိုကျေးဇူး အရမ်းတင် ပါတယ်။) အဲဒီ ဗွီဒီယိုလေးကို ကြည့်လိုက်တော့ အင်မတန်မှ ကြည်ညိုဖွယ် ကောင်းတဲ့ Uganda လူမျိုး ဘုန်းဘုန်း တစ်ပါးကို ဖူးမြင်ရပါတယ်။ ဘွဲ့တော်ကတော့ ဗုဒ္ဓရက္ခိတ ဖြစ်ပါတယ်။ ဆရာတော်ကြီး ဦးသီလနန္ဒက ဥပဇ္ဈာယ် ဆရာတော်ဖြစ်ပါတယ်။ ဆရာတော် ဦးသီလနန္ဒနဲ့ ဘီလင်း ဆရာတော်ကြီး နှစ်ပါးရဲ့ တိုက်တွန်းချက် အရ အာဖရိကတွင် သာသနာ မျိုးစေ့ စပြီးချသူ ဖြစ်ပါသည်။ ပါရမီ ရှိသူ တစ်ယောက်တော့ ဖြစ်ဟန်ရှိ၏။ ဗုဒ္ဓဘာသာဆိုတာ စကားလုံးတောင် မကြားဖူးတဲ့ ဒေသမှာ အဖေါ်မပါပဲ တစ်ဦးတည်း သာသနာပြုရတာ ဘယ်လောက် ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် အားလုံးကို အပြုံးမပျက် ကျော်လွှမ်းနိုင်ခဲ့ပါတယ်။ အခုဆိုဘုန်းဘုန်း၏ မယ်တော်ဟာ မွတ်ဆလင်ကနေ ဗုဒ္ဓဘာသာ ပြောင်းလဲခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် အာဖရိကမှာ သာသနာစပြုတဲ့ သံဃာဟာ မြန်မာ့သင်္ကန်းနဲ့ မိုလို့ အင်မတန်ကို ဂုဏ်ယူ ၀မ်းသာမိပါတယ်။

ဦးဇင်း ဗုဒ္ဓရက္ခိတကို ကြည်ညိုနိုင်ဖို့ ဓါတ်ပုံနှင့် ဗီဒီယိုများကို စုစည်းတင်ပြလိုက်ပါတယ်။ ဘုန်းဘုန်းဟာ အခက်အခဲတွေ ကြားထဲက Uganda Buddhist Centre ကို ဆောက်လုပ် နေပါပြီ။ ကျောင်းအရွယ် ကလည်း အတော်ကို သေးငယ်ပါတယ်။ လက်ရှိအထိ မပြီးဆုံးသေးပါ။ ကျနော်တို့ မြန်မာများအနေနဲ့ ဆရာတော်၏ သာသနာပြု လုပ်ငန်းကို တတ်စွမ်းသ၍ လှုဒါန်းဖို့ နှိုးဆော် အပ်ပါသည်၊ အင်တာနက်မှလည်း လှူဒါန်းနိုင် ပါတယ်ခင်ဗျာ။ (လှူဒါန်းမှုများ ပြုလုပ်ပါက comment နေရာတွင် ရေးသားပြီး ပြောပြပေး စေလိုပါတယ်။ သာဓုခေါ်ချင်လို့ပါ)

ဘုန်းဘုန်း၏ ဓါတ်ပုံများ ကြည့်လိုပါက ဒီကို Click လုပ်

Uganda Buddhist Centre
Plot 31, Garuga Road, Bulega, Entebbe
P.O.Box 16650, Kampala
UGANDA
Telephone: +256-(0)414-662203
Mobile phone: +256-(0)782-159985
E-mail : ugandabuddhistcentre@gmail.com
Web site: http://www.ugandabuddhistcentre.org



>>> ဘုန်းဘုန်းဦးကုမာရ ဘလော့မှ ကူးယူဖော်ပြ မျှဝေအပ်ပါသည်။

လေးစားရိုသေစွာဖြင့်
ဖိုးသား

01/04/2009, WED:, 21:50:19 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

2 comments

  1. အစ်ကိုရေ ။ ညီက ကောမန့်ပေးပျင်းတရ် ။ လာဖတ်ပြီး စီဘောက်စ်မှာပဲ အော်ခဲ့တာပါ ။ ခုတော့ လှူချင်တရ် အစ်ကိုရေ ။ ဘယ်လိုလှူရမယ်ဆိုတာ ပြောပြပေးပါနော် ။ အများကြီးတော့မတတ်နိုင်ပါဘူး ။ တတ်အားသမျှလေးပါနော် ။

    လေးစားစွာဖြင့်
    (ကိုရဲ)ိ

  2. သာသနာတော် ဒီလောက်ပြန့်ပွား နေတာသိရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။


    လေးစားစွာဖြင့်
    မေတ္တာရောင်ပြန်

Leave a Reply