Latest News

*သစ္စာတရားနှင့် သံဃာ၊ မိဘ၊ ဆရာ*

ညီ့စိတ်ထဲ မေးခွန်လေး တစ်ခု ပေါ်လာလို့ပါ...။ အနန္တော အနန္တငါးပါးမှာ မိဘ ပြီးမှ ဆရာလာတယ်..။ အဲ.. သံဃာ မိဘ ဆရာပေါ့။ ဒီသုံးခုက အစဉ်လိုက်ပေါ့ အစ်ကိုရာ..။ ညီသိချင် တာက သစ္စာတရား ဟောပြ ဆုံးမတဲ့ ဆရာသမား (ဒီနေရာမှာ အဲဒီသူ ကဘုန်းကြီး မဟုတ်ဘူး) နဲ့ လောကီ ကောင်းကျိုး လောက်သာ ပြောဆို ဆုံးမနိုင်တဲ့ မိဘနှစ်ပါး.. ဘယ်သူ့ကို ရှေမှာတင်ရေး ဦးစားပေး သင့်ပါသလဲ။ နောက်ပြီး

သစ္စာတရား ဟောပြနိုင်တဲ့ မိဘ၊ ဆရာသမားနဲ့ သံဃာ့ ဂုဏ်နဲ့ မညီ၊ သစ္စာ မသိတဲ့ ရဟန်းနဲ့ ဘယ်သူ့ကို ကိုးကွယ်ထိုက် ပါသလဲ..။

သစ္စာ ဟောပြတဲ့ ဆရာ့စကား (ဒီနေရာမှာလဲ ရဟန်း မဟုတ်ဘူး) လောက်သာ နားဝင်ပြီး မိဘ စကား နားမထောင်တဲ့ သားသမီး ဘယ်ကံတွေ ထိုက်တတ် ပါသလဲ..။

ညီသိထားတာ တစ်ခုက လောကမှာ ထိပ်ဆုံးက မိဘစကားကို ဆန့်ကျင်ခဲ့တာ ဂေါတမ ဘုရားလောင်း သိဒ္ဓတ္ထ မင်းသားပါ..။ ဒီလို ဆန့်ကျင်ခဲ့ လို့လည်း ဘုရား အဖြစ်ကို ရခဲ့တာပါ..။ အများသူငါ သိထားသင့်တဲ့ မေးခွန်းတွေ ဖြစ်လောက်မယ် ထင်လို့ မေးလိုက်ရ ခြင်းပါအစ်ကို..။

ရိုသေလေးစားစွာဖြင့်
ညီ

==================

(၁)
လက်ရှိ အနန္တောအနန္တငါးပါး အစီအစဉ်က ဘုရား ကိုယ်တော်တိုင် စဉ်သွားတယ်လို့ မဖတ်ဖူးပါဘူး။ နောက်မှ ဆရာတော်တွေ ပြန်ပြီး စဉ်သွား တာသာ ဖြစ်ပါမယ်။ ဘုရား စဉ်သွားတာ ကတော့ မင်္ဂလသုတ်မှာ ထင်ရှားတယ်။ ပညာရှိသူ နဲ့ ပူဇော်ထိုက် သူကို မိဘရဲ့  အပေါ်မှာ ထားပြီး စဉ်ထားပါတယ်။

(၂)
သစ္စာ ဟောပြ နိုင်တဲ့ မိဘ၊ ဆရာသမားကို ကိုးကွယ် ပူဇော်ထိုက်တာ မှန်ပေမယ့် ဒါန ပြုရာမှာ သစ္စာမသိတဲ့ ရဟန်းကို ကပ်လှူ ခြင်းလောက် အကျိုးမများပါ။ ရဟန်းဆိုတာ ကိုယ်တိုင် သစ္စာမသိ ရင်တောင် သံဃာ့ အသွင် (၂)ပါးနှင့် ဂုဏ်ရည် (၂၀)ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် လူတွေအတွက် ကောင်းမှု စိုက်ပျိုးရာ လယ်ယာ မြေကောင်း ကတော့ ရဟန်းသာ ဖြစ်ပါတယ်။

(၃)
မိဘ စကား နားမထောင်တဲ့ သားသမီး တွေ ဘာကံမှ မထိုက်ပါဘူး။ တကယ်ကို တော်တဲ့ မိဘက ဆုံးမတာ မနာခံ ရင်တောင် လောကီမှာ အပြစ်တွေ များမှာလောက် ပါပဲ။ ဒီအပြစ်တွေမှာ အကုသိုလ် စေတနာ ကံတွေ ဖြစ်သွား ရင်တော့ သံသရာပါ ဆိုးသွားမယ်။ မိဘကို မသတ်ရင် စကား နားမထောင်မှု အတွက် အပြစ်မရှိပါဘူး။ သတ်မိရင်တော့ အ၀ီစိပါပဲ။

(၄)
မိဘ ဆိုတာကို ကိုယ်က ကျေးဇူး တင်နေရတဲ့ အချက်တွေ ရှိပါတယ်. မြတ်စွာဘုရား ကိုယ်တိုင်လည်း ဟောပါတယ်။ ဥပမာ ရခဲတဲ့ ဒုလ္လဘ တရား လူ့အဖြစ်ကို ပေးတာမျိုး ၊ အန္တရာယ်မှ ကာကွယ်ပေးတာ ၊ ကျွေးမွေးပြုစုတာ စသည် တွေပေါ့။ မိဘဘက်က နောက်ပိုင်း အချက်တွေ ပျက်ကွက် ရင်တောင် ရခဲတဲ့ ဒုလ္လဘ တရား လူ့အဖြစ်ကို ပေးတာနဲ့တင် ကျေးဇူးတရား ရှိတယ်လို့ ဆိုပါတယ်။

ချမ်းသာစစ်ဖြင့် ပြည့်စုံကြပါစေ။
နေလင်း

*****************************

လေးစားစွာဖြင့်
ဖိုးသား

4/28/2009, TUE:, 7:15:17 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply