နားစိုက်ထောင်မိတယ်သူတို့ပြောနေတာ။
ကောင်းကင်ကို သိလား..
ဟင့်အင်း။
အာ မင်းကလည်း
ဟိုး အပြာရောင်ကြီးက ကောင်းကင်လေ
အော်… ဟုတ်။
တွေ့လား…
တိမ်တွေ မျောလွင့်နေတာ
အဲဒါ ကောင်းကင်ပေါ့..
အော်.. ဟုတ်ကဲ့။
ဟိုးအဝေးမှာ
ငှက်တွေပျံလာ နေတယ်လေ...
ဒါလည်း ကောင်းကင်ထဲမှာ
အော်… အင်း။
ပြောတယ်... မေးတဲ့သူက
မင်းကလည်း
ကောင်းကင်တောင် မသိဘူးလားတဲ့…။
ကြားလိုက်တယ်
အမေးခံရသူ ပြောတဲ့စကား
(တိုးတိုး ညင်သည်သာသာလေး)
စိတ်ထဲက ပြောတယ်ထင်ပ
“ကောင်းကင်မှာ
စကားလုံးတွေမှ မရှိဘဲ…” ။
>>> ဓမ္မမိတ်ဆွေများ အားလုံး *စကားလုံး မရှိတဲ့ ကောင်းကင်* အစစ် ကို ရှာတွေ့နိုင်ရန် ရည်ရွယ်လျက်…
လေးစားစွာဖြင့်
ဖိုးသား
5/4/2009, MON:, 11:01:51 PM
May 4, 2009 at 11:49 PM
ကောင်းလိုက်တဲ့ ကဗျာလေး။ ကောင်းကင်ကို ကိုယ့်ရဲ့စိတ်နဲ့ နှိုင်းယှဉ်ချင်တယ် ဒါဆိုရင်စကားလုံးများကတော့..ရင်ထဲမှာ ဗွက်ထနေသော အသံတိတ်စကားလုံးများပေါ့။ ဒါဆိုရင် တိမ်ညိုတိမ်မည်းများနဲ့ပြည့်နေတဲ့ စိတ်ကောင်းကင်ကြီးပေါ့။ မြတ်စွာဘုရားရှင်ရဲ့စိတ်ကောင်းကင်ကတော့.. တိမ်မြူအရိပ်အရောင်လေးတောင်မရှိသော အလွန်သန့်စင်တဲ့ ကောင်းကင်ကြီးပါပဲ။