ဘုန်းဘုန်း ဦးတိက္ခဉာဏာလင်္ကာရသို့...
ဘုန်းဘုန်း မွေးနေ့တုန်းက ဖိုးသားတို့ လေ့လာရေး ခရီးရှိတယ်.. ဖိုးသား လိုက်မသွားဘူး.. နဂိုကတည်းက မလိုက်ဖို့ ဆုံးဖြတ်ပြီးသား..
အဲဒါ ဖိုးသား
မနက် ဘုရားဆွမ်းတော် ကပ်တယ်.. နောက် ကွန်ပျူတာကနေ ၈ ပါးသီလယူတယ် (မိုးကုတ် ဆရာတော် ဘုရားကြီးရဲ့)
ပြီးတော့ နေ့ဆွမ်း ကပ်ဖို့ ချက်တယ်
နေ့ဆွမ်းကပ်တယ်
ဘုန်းဘုန်း အတွက် ရည်ရွယ်ပြီး.. ဖိုးသား သိသလောက် တတ်သလောက် ကုသိုလ်ပြုတာပါ
နေ့ဆွမ်းက ဘုရားကို ကပ်တာ
ဒီကုသိုလ်တွေနဲ့ အတူ ဖိုးသား ဘ၀ အဆက်ဆက်က စပြီး ဒီနေ့ ဒီအချိန်ထိ ပြုခဲ့တဲ့ ကုသိုလ်တွေ ကိုလည်း ဘုန်းဘုန်းကို မွေးနေ့လက်ဆောင် အဖြစ် အမျှပေးပါတယ် ဘုန်းဘုန်း
ဘုန်းဘုန်း သာဓုခေါ်ပေးပါ။
အမျှ... အမျှ... အမျှ
လေးစားရိုသေစွာ ရှိခိုး ဦးတိုက်လျက်
ဖိုးသား
28.05.2009, THUR:, 09:54:24 PM
0 comments