Latest News

*မြတ်ဗုဒ္ဓသို့ ဦးတိုက်ခြင်း-၁*


၁။ တစ်နေ့ပြီး တစ်နေ့ ဖြတ်ကျော်ပြီး တစ်သားတည်း သွားနေရသည့် ဘ၀ခရီး တစ်လျှောက်မှာ မသိမှား မိတို့ကြောင့် ပြုမိမှား၊ ပြောမိမှား တို့ကြောင့် ပူပန် သောက အထွေထွေ၊ နောင်တ အထွေထွေတို့ ဖြစ်ရခြင်းမှ လည်းကောင်း။

၂။ အ၀ိဇ္ဖာ မသိမှုကြောင့် အဆိုးကို အကောင်းထင်၊ ဒုက္ခကို သုခ ထင်လျက် စမ်းတ၀ါးဝါး လမ်းလျှောက် နေရခြင်းမှ လမ်းလွဲ လျှောကျခြင်း မျိုးမှ လည်းကောင်း။

၃။ မဆုံမတွေ့လိုသော်လည်း ဆုံတွေ့လာရတတ်သည့် မချစ်မနှစ်သက်သော အရာနှင့် အတူတူ ခရီးဆက်ရခြင်းကြောင့် ရန်ငြှိုးဒေါသတို့ဖြင့် စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်ရခြင်းတို့မှ လည်းကောင်း။

၎။ ချစ်သူ ခင်သူ၊ ချစ်သော အရာ၊ မြတ်နိုးသော အရာတို့နှင့် ကြည်သာ ရွှင်ပြစွာ ဘ၀ ခရီးဆုံးတိုင် အတူတူ လက်တွဲသွား လိုသော်လည်း လမ်းခုလတ် မှာပင် အပြီးတိုင် နှုတ်ဆက် ခွဲခွာရ ခြင်းတို့ကြောင့် ယူကြုံးမရဖြင့် ကြေကြေ မြည့်မြည့် ဆွေးဆွေးနင့်နင့် ခံစားရ ခြင်းတို့မှ လည်းကောင်း။

၅။ ရင်မဆိုင် လိုသော်လည်း ရင်ဆိုင် လာရမည့် အိုမင်းခြင်း ဒုက္ခ၊ နာရခြင်းဒုက္ခ၊ သေရခြင်း ဒုက္ခတို့မှ လည်းကောင်း လွန်မြောက်ရာ ခရီးလမ်းကို ညွှန်ပြတော် မူသည့် မြတ်ဗုဒ္ဓအား ရိုသေ မြတ်နိုးစွာ ရှိခိုး ကန်တော့ပါ၏။


မှတ်ချက်။ စာရေးဆရာ နန္ဒာသိန်းဇံ၏ “ကိုယ်ကျင့် တည်ကြည်ခြင်းနှင့် အဆင့်မြင့် ခရီးစဉ်” စာအုပ်မှ ဖော်ပြပါသည်။

+++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

5/31/2009, SUN:, 9:47:54 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply