Latest News

*ဘုန်းဘုန်းသို့ပေးစာ (၉) (တောင်းပန် လျှောက်ထားအပ်ပါတယ် ဘုရား)*

မင်္ဂလာပါ ဘုန်းဘုန်းတို့ ဦးဇင်းတို့ ဘုရား…

ဘုန်းဘုန်းတို့ ဦးဇင်းတို့ ကျန်းမာစေကြောင်း တပည့်တော် ပဏာမ ဆုတောင်း မေတ္တာ ပို့သ အပ်ပါတယ် ဘုရား။ လာမယ့် မေလ ၃၀-ရက်နေ့ဆို တပည့်တော် လူ့ပြည်ကို အလည်အပတ် ရောက်ရှိ ခဲ့တာ (သို့) ဘာမသိ ညာမသိနဲ့ ခန္ဓာငါးပါး ၀န်တာတွေ ထမ်းဆောင်ခဲ့တာ (မိုးကုတ် ဆရာတော် ဘုရားကြီး စကားနဲ့ ပြောရရင် နွားလို ရုန်းလို့ ရုန်းမှန်း မသိခဲ့ဘဲ ကိလေသာ နွံတောမှာ ပျော်မွေ့ခဲ့တာ) ၂၄-နှစ် တိတိ ပြည့်ခဲ့ပါပြီ ဘုန်းဘုန်းတို့ ဦးဇင်းတို့ ဘုရား။

တပည့်တော် တောင်းပန် လျှောက်ထား လိုတာက တပည့်တော်ရဲ့ အနေနယ်ကနေ အသေနယ်ကို ချဉ်းကပ်မယ့် နေ့မှာ ဘုန်းဘုန်းတို့ ဦးဇင်းတို့ ထံမှ မေတ္တာ ကရုဏာ စွက်တဲ့ ဆိုဆုံးမ စကားလေးတွေ ဖတ်ကြား မှတ်သား နာယူလိုပါတယ် ဘုရား။ ဒါပေမယ့်လည်း ဘုန်းဘုန်းတို့ ဦးဇင်းတို့ တပည့်တော်ကြောင့် ဘုန်းဘုန်းတို့ ဦးဇင်းတို့ရဲ့ အချိန်တွေ ပေးလိုက်ရမှာ ကိုလည်း တပည့်တော် မလိုလားပါ ဘုရား။

တကယ်လို့များ ဘုန်းဘုန်းတို့ ဦးဇင်းတို့ အားခဲ့မယ် ဆိုရင် တပည့်တော်ကို ဆိုဆုံးမ စကားလေးတွေ မြွက်ကြား ရေးသား ပေးစေလိုပါတယ် ဘုရား။ မေးကနေ ရေးသား မြွက်ကြား ဆိုဆုံးမမယ် ဆိုရင်တော့ တပည့်တော် အတိုင်းထက် အလွန် ၀မ်းသာမိမှာပါ ဘုရား။

တပည့်တော်အား ငဲ့ညှာ သနားသော အားဖြင့် ဆိုဆုံးမ စကားလေးများ မြွက်ကြား ပေးပါရန် တရိုတသေနဲ့ ထပ်လောင်း တောင်းပန် လျှောက်ထားအပ်ပါတယ် ဘုရား။

ဘုန်းဘုန်းတို့ ဦးဇင်းတို့ ဘေးရန် ကင်းကြပါစေ။ စိတ်ဆင်းရဲ ကင်းကြပါစေ။ ကိုယ်ဆင်းရဲ ကင်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ခန္ဓာ့ဝန်ကို၊ သာသနာ့ ၀န်ကို လွယ်ကူစွာ ဆောင်ရွက် နိုင်ကြ ပါစေ။


လေးစားရိုသေစွာ ရှိခိုးဦးခိုက်လျက်
ဖိုးသားတစ်ဖြစ်
ပြည့်စုံအောင်

pyaesoneaung2007@gmail.com

5/12/2009 3:12:16 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply