Latest News

*HOW BIG ARE YOU?*

ဓမ္မမောင်နှမတို့ ရေ

(ခေါင်းစဉ်ကိုကြည့်ပြီး လန့် တော့မသွားကြပါနဲ့ နော်။)

၁၆၊ ၅၊ ၂၀၀၉ (စနေနေ့ ) တုန်းက ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ (ယောဆရာတော်) ရဲ့ “ကူညီဖေးမ ပရဟိတ” ခေါင်းစဉ်နှင့် တရားတော်ကို အွန်လိုင်းကနေ နာယူလိုက်ရပါတယ်။ ဆရာတော်က “ဆ၀ါလာတ သုတ္တန်” ကိုအခြေခံပြီး ဟောာကြား ဆုံးမသွားခဲ့ပါတယ်။

ဘုန်းဘုန်း ဦးတိက္ခဉာဏရဲ့ တရားကို နာယူနေရင်းက ကျွန်တော် တရားတိပ်ခွေလေး တစ်ခုကို ချက်ချင်း သတိရလိုက်တယ်။ ဆရာတော် ဦးဇောတိက ၁၉၉၇ခုနှစ်လောက်က သြစတြေးလျမှာ ဟောထားတဲ့ တရားလေးပါ။ "Giving & Loving" တဲ့။ ကျွန်တော် မကြာမကြာ နာဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ထဲမှာ ကိုယ့်အတ္တ တွေနှင့် ပိတ်လှောင် မွန်းကြပ်မှုတွေ ဖြစ်လာတဲ့ အချိန်တွေမှာပေါ့။

တရားထဲမှာ ဆရာတော်က လူတစ်ယောက် အကြောင်းကို အဓိကပြောသွားပါတယ်။ Dr. Albert Schweitzer အကြောင်းပါ။ အာဖရိကကိုသွားပြီး ဘ၀ကိုမြှုပ်နှံပြီး လူသား အကျိုးပြု အလုပ်တွေ လုပ်ခဲ့တဲ့ ဆရာဝန် တစ်ယောက် အကြောင်းပါ။ ကျွန်တော် သူ့ အကြောင်းကို နားထောင်မိတိုင်း အားကျ ကြည်ညိုစိတ်ဖြစ်ရပါတယ်။ သူ့ ဘ၀နှင့် သူ့ လုပ်ဆောင်မှုတွေကို စာပေမှာ ရှာဖတ်တော့လည်း တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အတုယူဖို့ ကောင်းပါတယ်။ ကြည်ညိုစရာ ကောင်းပါတယ်။

သူဟာ တခြားဘာသာဝင် တစ်ယောက်ပါ။ တခါတလေ သူ့ လုပ်ငန်းအတွက် ပိုက်ဆံလိုရင် ဥရောပ နိုင်ငံတွေမှာ လိုက်တရားဟောပြီးတောင် ရံပုံငွေ ရှာတဲ့သူပါ။ ဒါပေမယ့် သူ့ ရဲ့ လုပ်ဆောင်မှု တွေကတော့ ဗုဒ္ဓအလိုကျ ဖြစ်နေပါတယ်။ သူ့ ရဲ့ စိတ်ဓါတ်ကလည်း ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာနေသူ လိုပါဘဲ။ တခါက သူ့ အကြောင်းကို ဦးဇင်းလေး တစ်ပါးနှင့် ပြောဖြစ်တော့ သူက တကယ်လို့ သာ ဒီပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုရင် ဦးဇင်းတို့ က ဆုကြီးပန်လို့ တောင် ပြောချင်တာတဲ့။

ဟုတ်ပါတယ်။ ဒီဆရာဝန်ကြီးဟာ တကယ်ကို ကိုယ်ကျိုးစွန့် ပြီး အများအကျိုးကို လုပ်သွားခဲ့သူပါ။ ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံထားတဲ့ ကျွန်တော်တောင် သူ့ စိတ်ဓါတ်ရဲ့  တစ်စိတ်တစ်ပိုင်းကို မှီဖို့  အချိန် တော်တော်ယူပြီး ကြိုးစားရအုံးမှာပါ။

ဆရာတော် ဦးဇောတိက က သူ့ ရဲ့ တရားကို ကဗျာတစ်ပုဒ်နှင့် အဆုံးသတ် ထားပါတယ်။ ကဗျာနာမည်က "Splendid Torch" တဲ့။
George Bernard Shaw ရဲ့ လက်ရာပါ။ အဲဒီကဗျာကို နားထောင်ရင်း၊ ဖတ်ကြည့်ရင်း အဲဒီကဗျာထဲမှာသုံးထားတဲ့ "Use Up" ဆိုတဲ့စကားလုံးလေးက ကျွန်တော့်ကို စဉ်းစားစရာတွေ အများကြီး ဖြစ်စေခဲ့ပါတယ်။

ကျွန်တော်တို့ ဒီဘ၀ ကံအလျောက် ရလာတဲ့ ခန္ဓာကြီးကို ဘယ်လောက်ထိ အသုံးချခဲ့ပြီးပြီလဲ။ ဘာတွေအတွက် အသုံးချခဲ့ပြီးပြီလဲ။ မြတ်စွာဘုရား အစရှိတဲ့ အရိယာ သူတော်ကောင်းကြီး များကတော့ သူတို့ ရရှိလာတဲ့ ခန္ဓာကိုယ်ကို မိမိအကျိုး၊ သူတစ်ပါး အကျိုးတွေ အတွက် အကုန်အသုံးချပြီး ဖယောင်းတိုင် တစ်တိုင်ရဲ့  မီးစာရော၊ ဖယောင်းရော ကုန်တော့မှ မီးငြိမ်းသလိုမျိုး အသုံးချလို့ ရသမျှ အကုန်ထုတ်ပြီး သုံးသွားခဲ့ကြပါတယ်။ နောက်ဆုံး ခန္ဓာဝန်ချမယ့် အချိန်အထိ အများ ဝေနေယျတို့ ရဲ့ အကျိုးကို ရှေးရှု ဆောင်ရွက်တော်မူသွားခဲ့ကြပါတယ်။

မြတ်စွာဘုရား နှင့် အရိယာ သူတော်ကောင်းတို့ ရဲ့ တပည့် ဖြစ်ချင်ကြတဲ့ ကျွန်တော်တို့ ကရော ဘယ်အတိုင်းအတာ အထိ ကျွန်တော်တို့ ဘ၀တွေကို ဘာတွေအတွက် အသုံးချခဲ့ပြီးပြီလဲဆိုတာ ပြန်သုံးသပ်စရာ ကောင်းပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရဲ့ နောက်ပိုင်း မျိုးဆက်သစ်တွေ အတွက်ကော ဘာတွေ ပြင်ဆင်ပေး ပြီးပြီလဲ။ လက်ဆင့်ကမ်း ပေးရမယ်ဆိုရင်ကော ဘာတွေကို ပေးခဲ့မှာလဲ။

ဘုန်းဘုန်း ဦးတိက္ခဉာဏရဲ့ တရားတော်ကို အဲဒီညက နာလိုက်ရာက အချိန်တော်တော်ကြာ ကိုယ့်ကိုယ်ကို မမေးဖြစ်တော့တဲ့ ဒီမေးခွန်းတွေခေါင်းထဲ ပြန်ရောက်လာအောင် သတိပေးလိုက်သလို ဖြစ်သွားပါတယ်။

"Giving & Loving" တရားခွေထဲမှာ ဆရာတော် ဦးဇောတိက က "How big are you?" လို့ မေးထားပါတယ်။ ကျွန်တော်လည်း ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုရော၊ ညီအကိုမောင်နှမ အားလုံးကိုပါ ထပ်ဆင့်ပြီး မေးလိုက်ပါတယ် ခင်ဗျား။ "HOW BIG ARE YOU?" လို့ ။


Splendid Torch


This is the true joy in life:

the being used for a purpose

recognized by yourself as a mighty one.

The being a force of nature,

instead of a feverish, selfish little clod of ailments and grievances

complaining that the world will not devote itself to making me happy.

I am of the opinion that

my life belongs to the whole community,

and as long as I live,

it is my privilege to do for it whatever I can.

I want to be thoroughly used up when I die -

for the harder I work, the more I live.

I rejoice in life for its own sake.

Life is no "brief candle" to me;

it is a sort of splendid torch

which I have got hold of for the moment,

and I want to make it burn as brightly as possible

before handing it on to future generations.


(George Bernard Shaw)


ရိုသေ လေးစားရပါသော ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ နှင့် ပရဟိတ လုပ်ငန်းများကို အားကျိုး မာန်တက် လုပ်ဆောင်နေကြတဲ့ ညီအစ်ကို မောင်နှမများ အားလုံးကို ဒီဆောင်းပါး၊ ဒီကဗျာလေးဖြင့် ရိုသေစွာ ဂါရ၀ပြုလိုက်ပါသည်။


လေးစားစွာဖြင့်
ဝိမုတ္တိသုခ

>>> အတွေးအခေါ်တွေ ဆင်ခြင် စဉ်းစားဥာဏ်တွေ ပေးစွမ်းနိုင်မှု အားကောင်း လွန်းလို့ ထပ်ဆင့် ဖော်ပြပေးလိုက် ပါတယ် ဓမ္မမိတ်ဆွေတို့။

လေးစားထိုက်သူများကို လေးစားလျက်
ဖိုးသား

19.05.2009, WED:, 03:19:55 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply