***********************************************************
*************************************************************
အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာမှ စစ်ကိုင်း ကွန်ပျူတာ သင်တန်းအတွက် လိုအပ်နေသော ကုဋီ တည်ဆောက်ရေး အတွက် အလှူငွေကျပ် ၂၅-သိန်း လှူဒါန်း သွားပါတယ်။ မေတ္တာရှင် ဆရာတော်က နောက် အခက်အခဲ ရှိရင်လည်း အကူအညီ လှမ်းတောင်း နိုင်ကြောင်း လမ်းဖွင့် ပေးသွားတဲ့အပြင် အခြား လိုအပ်တာ တွေကိုလည်း ကြည့်ရှုပြီး ဖြည့်ဆည်း လှူဒါန်းသွားပါ သေးတယ်။ ဓမ္မမောင်နှမတို့ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ခြင်းငှာ ကျွန်တော် ရေးလိုက်ရခြင်းပါ။
ဆရာတော် ဦးကောဝိဒဟာ ကုဋီ တည်ဆောက် ရေးကို သီတင်းကျွတ် လအထိ စီမံကိန်းနဲ့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။ သံဃာတော် တွေအတွက် ဆရာတော် ဖွင့်လှစ်နေတဲ့ ကွန်ပျူတာ သင်တန်း (အခမဲ့) နဲ့ ကုဋီ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ဓမ္မ မိတ်ဆွေတို့ အနေနဲ့ ပါဝင် လှူဒါန်းချင် ရင်တော့…
အရှင်ကောဝိဒ(စစ်ကိုင်း) Mail : kovida9@gmail.com
Phone No : 0262448
http://kovida.multiply.com
လေးစားရိုသေစွာဖြင့်
ဖိုးသား
13.06.2009, SAT:, 07:51:55 PM

0 comments