Latest News

*လေဘယ် (Label) မပေးပါ*

4:03 AM me: ဘုန်းဘုန်း ဒီတစ်ခါ တရားဟောရင် အသံဖမ်းထားနော

4:05 AM အရှင်နာယကာလင်္ကာရ: ငါမှတရားမဟောတာ

me: အန် ရွာမှာတုန်းက မိုက်ကြီးနဲ့ ပလ္လင်ပေါ်မှာလေ

4:06 AM အရှင်နာယကာလင်္ကာရ: အော်
ရွာတုန်းကပါ
ခုဟောဘူးလေ

me: အာ.. သီလလေး ဘာလေးတော့ ပေးမှာပေါ့။ ဒါလည်း တရားဟောတာပဲကို ဘုန်းဘုန်းကလည်း
ကပ်စေးနဲနေတယ်
4:07 AM ဘူးပဲ ခံနေတာပဲ

အရှင်နာယကာလင်္ကာရ: ဟဟ
သီလပေးတာတော့ ဒီမှာနေ့တိုင်းပဲ

4:08 AM ကိုယ့်မှာရှိမှ သူများကိုပေးတာကောင်းတာ
ငါကိုယ်တိုင်က စိတ်ကလေနေတယ်လေ
ဒါကြောင့် ကိုယ့်ကိုယ် အရင်ကြိုးစားနေတာ

me: မလေပါနဲ့ ဘုန်းဘုန်းကလည်း တော်ပြီးသားပဲကို

4:09 AM အရှင်နာယကာလင်္ကာရ: ပုထုဇဉ်လူသားလေ
စာတော်တာပဲရှိတာ
လူနဲ့စိတ်က မတော်သေးဘူး
စိတ်ဆိုတာ ထိန်းရတာ ခက်တယ်လေ
4:10 AM သမာဓိ အောက်တာနဲ့ ကိလေသာစိတ်က ကိုင်လှုပ်တာ ဖိုးသား သိရဲ့နဲ့

me: တင်ပါ့ ဘုန်းဘုန်းပြောတာနဲ့ ဖိုးသားက ပြန်ဟောရကိန်း ဒုက္ခပဲ

4:11 AM အရှင်နာယကာလင်္ကာရ: မဟောနဲ့
သိနေတယ်လေ
အသိကို အကျင့်ရောက် ကြိုးစားမှရမှာ

me: တင်ပါ့

4:13 AM အရှင်နာယကာလင်္ကာရ: ပါရမီရင့်တဲ့ သူတော်ကောင်းတွေတောင်မှ ကိလေသာရဲ့ ကိုင်လှုပ်တာကို အလူးအလဲခံရသေးတာ
ငါ့လို ပုထုဇဉ်ငမိုက်သားကတော့ ချောက်ချယုံပေါ့
ကျယုံ

me: ချောက်နား မသွားနဲ့ပေါ့ ဘုန်းဘုန်းကလည်း အလွယ်လေး

4:14 AM အရှင်နာယကာလင်္ကာရ: အင်နဲ့အားနဲ့ ပြန်ရုံးကန်နေရတာ ဖိုးသားရေ
သာမန်ချောက်ကတော့ ရှောင်လို့ရတာပေါ့
ဖိုးသားရ
ကွမ်းချံကုန်းသားလို့မပြောရဘူး
အတော်ကပ်ပါ့

me: လုပ်ပြန်ပြီ ဘာမှလည်း မဆိုင်ဘူး
4:15 AM ကွမ်းခြံပါ ဘုန်းဘုန်း
ချံမဟုတ်

အရှင်နာယကာလင်္ကာရ: ဆိုင်တယ်မှတ်လို့
သက်သက်ကိုရေးလိုက်တာ

me: အန်

အရှင်နာယကာလင်္ကာရ: ဓမ္မလက်ဆောင်ပေးမယ်

me: တင်ပါ့

4:16 AM အရှင်နာယကာလင်္ကာရ: လူသားတိုင်း နေ့စဉ် အိပ်နေစဉ်မှလွဲရင် လှုပ်ရှားမှုရှိတယ်

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဘာတွေလဲ သိလား
(၁) ကာယ လှုပ်ရှားမှု (၂) ပါးစပ် လှုရှားမှု (၃) အတွေး လှုပ်ရှားမှု

4:17 AM me: အဲ ကံသုံးပါး တင်ပါ့

အရှင်နာယကာလင်္ကာရ: ကိုယ်နဲ့ လှုပ်ရှားမှုမှာ ကောင်းတာ မကောင်းတာရှိသလို
ကျန်တဲ့ လှုပ်ရှားမှု ၂ခုမှာလည်း မကောင်းတာ ကောင်းတာ
ရှိတယ်

me: တင်ပါ့

4:18 AM အရှင်နာယကာလင်္ကာရ: ဘာလို့လဲဆိုတော့ လောကကြီးကိုက ဒွန်တွဲနေတဲ့ လောကမို့
သုခရှိရင် ဒုက္ခရှိတယ်
အဖြူရှိရင် အမဲရှိသလိုပေါ့

me: တင်ပါ့ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အဲဒီတော့ နေ့စဉ် ကိုယ့်ရဲ့ လှုပ်ရှားခြင်းသည် ကောင်းတာနဲ့ မကောင်းတာ နှစ်ခု တစ်ခုခု ဖြစ်နေလိမ့်မယ်
4:19 AM ဘယ်လို လှုပ်ရှားနေလဲဆိုတာ ပြန်သုံးသပ်ရမယ်

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: သမ္မာကမ္မန္တလား သမ္မာဝါစာလား သမ္မသင်္ကပ္ပလားပေါ့

me: တင်ပါ့

4:20 AM အရှင်နာယကာလင်္ကာရ: သို့မဟုတ် မိစ္ဆာကမ္မန္တလား မိစ္ဆာဝါစာလား မိစ္ဆာသင်္ကပ္ပလား
ငါဘယ်လို နေ့စဉ်လှုပ်ရှားနေလဲ
သုံးသပ်ပြီး လောကရဲ့ အနှစ်သာရနဲ့ ဘ၀ရဲ့ သန်ရှင်း အေးချမ်းသော ဘ၀ကိုတည်ဆောက်ရမယ်

4:21 AM me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဒါပဲ
မောသွားပြီ
ရေသောက်ဦးမယ်
လက်ညောင်းတယ်

me: စာရိုက်တာကို

အရှင်နာယကာလင်္ကာရ: ငါပြောတာမဟုတ်ဘူး
4:22 AM ဘုရားဟောတာကို ဖိုးသားကိုပြောပြတာ

me: တင်ပါ့ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: တရားတွေအပေါ်မှာ လေဘယ်တပ်မှာစိုးလို့

4:23 AM me: အဲလိုတော့ ဟုတ်ပါဘူး... လောကီနယ်က ပညတ်နဲ့မှ မလွတ်သေးတာ ဘုန်းဘုန်း..
ခေါင်းစဉ်တော့ ပေးရမယ်..

4:24 AM အရှင်နာယကာလင်္ကာရ: မလွတ်ပေမဲ့ လေဘယ်တွေကြောင့် အသိဉာဏ် နည်းသူတွေ ဒုက္ခ ရောက်တတ်လို့

me: တင်ပါ့ ဟုတ်ပါတယ် ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ဗုဒ္ဓလမ်းစဉ်ပေါ့

me: တင်ပါ့

++++++++++++++++++++++++++++++++++++++++++

ဒါလေးပြီးတော့ ဘုန်းဘုန်းက လက်ညောင်းလို့ ဆိုပြီး စာနဲ့ မရိုက်တော့ဘဲ ကျွန်တော့်ကို တရား ရေအေး တိုက်ကျွေးသွား ပါတယ်။

တရားတွေ အပေါ်မှာ လေဘယ်တွေတပ် အမည်တွေ စွဲပြီး အချင်းချင်း မညီမညွတ် ဖြစ်ကြရတဲ့ အကြောင်း၊ ဒီ လေဘယ်တွေ တပ်ရင်း ကိုယ်မှန်တယ် ထင်တာ ကိုယ်လုပ်လို့၊ ကိုယ့်အတ္တ ကိုယ်စွဲရင်း ဘာသာ ကိုးကွယ်မှု တွေလည်း ကွဲပြား လာကြောင်း၊ ဗုဒ္ဓ ဘာသာ မှာလည်း တရားတွေ အပေါ် လေဘယ်တွေ တပ်လာကြောင်း၊ အဓိက ကတော့ ဘယ်လေဘယ် တပ်တပ် ဗုဒ္ဓရဲ့ တရားတော် တွေပဲ ဖြစ်ကြောင်း၊ ဒါတောင်မှ တခြား ဘာသာက ဒီတရား ကတော့ ဗုဒ္ဓဘာသာရဲ့ တရားဆိုပြီး လေဘယ် တပ်လိုက တပ်နိုင်သေးကြောင်း၊ တကယ်တော့ စစ်မှန်တဲ့ အမှန်တရား (ပရမတ္ထ သစ္စာ) ကတော့ ဘုရား ပွင့်ပွင့် မပွင့်ပွင့် အမြဲတမ်း မှန်ကန် နေတဲ့အတွက်၊ နဂိုကတည်းက ရှိပြီးသား ဖြစ်တဲ့ အတွက် လေဘယ် တပ်လို့ မရကြောင်း၊ နောက်ဆုံး လေဘယ်တွေနဲ့ အငြင်းပွား နေရမှာ မဟုတ်ဘဲ တကယ့် အမှန်တရားကို ရှာဖွေရမှာ ဖြစ်ကြောင်း… စသဖြင့် ဘုန်းဘုန်းက မိန့်မြွက် ဟောကြား သွားပါတယ် ခင်ဗျာ…။

(ဓမ္မ မောင်နှမတို့ကို သိစေချင်တဲ့ စေတနာနဲ့ ဘုန်းဘုန်း ဟောကြားခဲ့ တာလေးကို ကျွန်တော် ဉာဏ်မှီ သလောက်၊ မှတ်မိသလောက် ပြန်ရေးတာ ဆိုတော့ အမှားများ ပါသွားပါ ခဲ့ရင် ကျွန်တော့် တာဝန်သာ ဖြစ်ပါတယ် ခင်ဗျာ၊ တကယ်လို့ အမှားများ ပါသွားရင်လည်း အဲဒီ အမှားများကို သွန်သင်လို့ လမ်းညွှန်ပေးဖို့ မေတ္တာရပ်ခံ ပါရစေ။)


ရတနာမြတ်သုံးပါးအား ရိုသေစွာ ဦးညွတ်လျက်
ဖိုးသား

6/5/2009, FRI:, 1:34:00 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply