Latest News

*ဧည့်သည်*

မင်းတို့လာလည်း.. ငါ့မှာတားခွင့်မရှိပါ…။
မင်းတို့သွာလည်း.. ဟန့်တားပိုင်ခွင့်မရှိပါ…။

ငါသည်ပင်မူ..
ခေါ်သူမရှိ.. ရောက်လာမိစဉ်..
နှင်သူမရှိ.. ပြန်ဘို့ရှိ၏။

ငါနေသည့်အိမ်၊ ငါ၏အိမ်ဟု
ငါ့အိမ်မှတ်ထား၊ ငါ့မယားနှင့်
ငါ့သားသမီး၊ ငါ့ပစ္စည်းဟု
ယူသည်းစိတ်စွဲ၊ အမှတ်လွဲခဲ့..။

အမှန်မှာမူ..
ငါလာသောခါ.. လက်ဗလာတည့်
ပြန်ရပါလျှင် လက်ချည်းပင်တည်း
ငါ့တွင်ကိုယ်ပိုင် မရှိတကား။

လာသူလာလည်း
လာစမ်းပါစေ..မဆီးလေနှင့်..။
သွားသူသွားလည်း
သွားစမ်းပါစေ..မတားလေနှင့်..။

တို့တတွေမှာ..
သဘာဝလျှင်.. အမိရင်ဝယ်..
ထွက်ဝင်ခိုနား.. ခရီသွားသည့်..
အားလုံးဧည့်သည်ချည်းပါတကား။ ။

သစ္စာအလင်း ဘလော့မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ။


လေးစားစွာဖြင့်
ဖိုးသား

7/9/2009, 9:50:02 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ကောင်းတယ် အစ်ကိုရေ.. ဒီကဗျာလေးလည်း.. ကျေးဇူးပါဗျာ..မျှဝေပေးတာ..

Leave a Reply