Latest News

*အာမခံချက်...*


အမှတ်တမဲ့ ငိုက်နေတဲ့ ဒီခန္ဓာ
အချိန်နဲ့ ဇရာ ပေါင်းပြီး
နုပျိုခြင်းတွေ ခိုးယူခံခဲ့ရတယ်
ဗျာဓိကတော့ ကျန်းမာခြင်းမှတဲ့
ဒီလိုနဲ့ပဲ အိုကြ နာကြ သေခဲ့ကြ
သြော်… ဆက်ရဦးမယ်လေ နောက်ဘဝ…။

နတ်သမီး နတ်သား ဘွားခနဲများလား
ငရဲအိုးထဲ ကားခနဲ သွားမလား
ငတ်မွတ်ဆင်းရဲ ပြိတ္တာပဲလား
မောဟပြင်းထန် တိရစ္ဆာန်ကောင်လား
ညစ်ပတ်မှောင်မဲ လူ့ဗိုက်ထဲလား
(ဟား..) ဘယ်မှာများလဲ ဒို့ဘ၀တွေရဲ့ အာမခံတရား…။

အသိဉာဏ်ရှိတဲ့လူ ပြန်ဖြစ်ဖို့
အပြစ်ရပ်ရွာ ကင်းကွာစေဖို့
စစ်မှန်သာသနာ ကြုံကြိုက်ရဖို့
သူတော်တရား ကြိုးစားနိုင်ဖို့
သစ္စာတွေ့ပြီး ဖြစ်ပျက်ငြိမ်းဖို့
(ဒါတွေကို) ဘယ်သူကများ အာမခံချက် ပေးပါ့မလဲ…။

သံဝေဂ မရလောက်အောင်ကို ပေါ့ဆ
အလင်းပိတ်ဘ၀ရဲ့ လမိုက်ညတွေထဲမှာ
ရုန်းမထခဲ့လို့ သုံးမရခဲ့တာလို့ သိရင်
သံသရာအချုပ်မှာ အာမခံထုတ်နိုင်ဖို့
သတိတရားနဲ့ အဖန်ဖန်ပွါးပြီး
(ခုဘ၀တွင်ပဲ) အတန်တန် ကြိုးစားကြစို့လေ…။

+++++++++++++++++++++++++++++++++++++++++++


ဓမ္မရနံ့ ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။

ဓမ္မမောင်နှမတို့အားလုံး သံသရာ အချုပ်ကနေ အာမခံနဲ့ ထုတ်နိုင်အောင် ကြိုးစားနိုင်ကြပါစေ။


လေးစားရိုသေစွာဖြင့်
ဖိုးသား

7/13/2009, MON:, 1:43:32 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply