Latest News

*မြတ်ဗုဒ္ဓသို့ ဦးတိုက်ခြင်း-၂*


အရဟံ ဗဟိအန္တဇယံ သုဂတံ
အ,မိတံ ၀ိရဇံ လ,လိတံ အ,တုလံ
စရဏံ တိဘ၀ူပသမံ ယမကံ၊
သုခ,ဒံ သရဏံ ပ,နမာမိ ဇိနံ။

အရဟံ = လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေ ထသော၊

ဗဟိအန္တဇယံ = အတွင်းရန်၊ အပြင်ရန်တို့ကို အတန်တန် အောင်တော်မူပြီး ထသော၊

သုဂတံ = ကောင်းသော စကားကို ဆိုတော် မူတတ်ပါပေ ထသော၊
သုဂတံ = ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော် မူပါပေထသော၊

အ,မိတံ = မနှိုင်းယှဉ်အပ်သော ဂုဏ်တော် အပေါင်းတို့နှင့် ပြည့်စုံတော် မူပါပေ ထသော၊

ဝိရဇံ = ရာဂ အစရှိသော ကိလေသာမြူ ကင်းတော်မူပါပေ ထသော၊

လ,လိတံ = ရောင်ခြည်တော် ခြောက်သွယ်ဖြင့် ကွန့်မြူးစံပယ် တင့်တယ်တော် မူပါပေထသော၊

အ,တုလံ = သီလ အစရှိသော ဂုဏ်တို့ကြောင့် တစ်စုံတစ်ယောက်သော သူနှင့်မျှ တူတော်မမူပါပေ ထသော၊

စရဏံ = နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းနှင့် ပြည့်စုံတော် မူပါပေထသော၊

တိဘ၀ူပသမံ = ဘ၀သုံးပါး၊ ဘုံသုံးပါးတို့၌ ကိလေသာ အပူမီးတို့ကို ငြိမ်းအေးစေတော် မူနိုင်ပါပေ ထသော၊

ယမကံ = ရေမီး အစုံ အစုံ အစရှိသော တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော် မူနိုင်ပါပေထသော၊

သုခ,ဒံ = လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ တို့ကို ပေးစွမ်းနိုင်တော် မူပါပေ ထသော၊

သရဏံ = လူ၊ နတ်၊ နဂါး၊ သိကြား၊ ဗြဟ္မာ သတ္တ၀ါဝေနေ များဗိုလ်ခြေတို့၏ အားထား ကိုးကွယ်ရာအစစ် ဧကန်ဖြစ်တော် မူပါပေထသော၊

ဇိနံ = မာန်ငါးပါး အပေါင်းကို အောင်တော်မူပြီး ထသော မြတ်စွာ ဘုရားကို အဟံ = ဘုရားတပည့်တော်သည် ပ,နမာမိ = ကိုင်းညွတ်ရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား…။

(အဟံ = ပြည့်စုံအောင်ဟု နာမ သမုတ် အကျွန်ုပ်သည် ၀န္ဒေ-၀န္ဒာမိ = ဂုဏ်တော် ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းရိုကျိုး လက်စုံမိုးကာ ရှိခိုး ကန်တော့လိုက်ပါ၏ မြတ်စွာဘုရား…။)

++++++++++++++++++++++++++++++

ဓမ္မမောင်နှမတို့ ကန်တော့မယ် ဆိုရင်တော့ နာမည်နေရာမှာ မိမိတို့ရဲ့ နာမည်ကို အစားထိုးလို့ ပူဇော် ကန်တော့ နိုင်ပါတယ်…။ ကန်တော့တဲ့ နေရာမှာလည်း တကယ့် သက်ရှိထင်ရှား မြတ်စွာ ဘုရားရှင်ကို မိမိတို့ စိတ်ကူးထဲကနေ ပုံဖော်ပြီး ဘုရားရှင်ရဲ့ ခြေတော်အစုံကို မိမိတို့ရဲ့ နဖူးနဲ့ ထိတယ်လို့ သဘောထားကာ ရင်ထဲမှာ အေးနေအောင် အာရုံပြု ရှိခိုး ကန်တော့ကြပါလို့ အကြံပြု တိုက်တွန်းလိုပါတယ်…။


လေးစားရိုသေစွာဖြင့်
ဖိုးသား

8/15/2009, SAT:, 10:34:50 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply