Latest News

*သာဓုခေါ်စေ အိုမိတ်ဆွေ*

မကြာခင် ရက်ပိုင်းတုန်းက ကျွန်တော် အပါအ၀င် သူငယ်ချင်း မိတ်ဆွေ သုံးဦးကနေပြီး စစ်ကိုင်း တောင်ရိုးက စာသင်သား သံဃာတော်တွေ အတွက် ရည်စူးလို့ ဆရာတော် ဦးကောဝိဒ (စစ်ကိုင်း) ထံသို့ သံဃာတော်တွေ အတွက် လိုတဲ့နေရာမှာ ဖြည့်ဆည်း လှူဒါန်းဖို့ ဆိုပြီး အလှူငွေ လှူဒါန်းခဲ့ ပါတယ်…။ ဆရာတော်က အဲဒီငွေနဲ့ စစ်ကိုင်း တောင်ရိုးက စာသင်သား သံဃာတွေကို အရုဏ်ဆွမ်း မုန့်ဟင်းခါး ဆက်ကပ် လှူဒါန်းပေးခဲ့ ပါတယ်…။ အဲဒီ ဆက်ကပ် လှူဒါန်းနဲ့ မနက်ခင်းကဆို တကယ် ပီတိဖြစ်ဖို့ ကောင်းပါတယ်…။ ကျွန်တော် ကိုယ်တိုင် ကိုယ်ကျ သွားရောက် မလောင်းလှူ၊ ဝေယာဝစ္စ ကုသိုလ်တွေ မယူနိုင်ခဲ့ ပေမယ့် ဆရာတော် ဦးကောဝိဒ ကျေးဇူးနဲ့ VZO ကနေတဆင့် သံဃာတော်တွေ ကြွရောက်လာပုံ၊ နောက် သံဃာတော်တွေ ဘုဉ်းပေး နေပုံတွေကို ဖူးခွင့် ရလိုက်ပါတယ်…။ အဲဒီ မနက်ကဆို သံဃာတော် အပါး ၆၀၂ ပါး ကြွရောက်တယ်လို့ သိခဲ့ရပါတယ်…။ ဘယ်နှစ်ပါး ဘုဉ်းပေးနိုင်ခဲ့လဲတော့ ကျွန်တော် အတိအကျ မသိပါဘူး…။ အဲဒီ အချိန်တုန်းကဆို တကယ်ပါ…။ ကျွန်တော့်ရင်ထဲ ပီတိလှိုင်းတွေ တအားကို ရိုက်ခတ်ခဲ့ပါတယ်…။ ကုသိုလ် လှိုင်းတွေပေါ့…။

အဲဒါလည်း ပြီးကော ဆရာတော်က အလှူငွေ ပိုသေးကြောင်း၊ အဲဒါ ဘယ်နေရမှာ လှူချင်လဲ ဆိုပြီး အွန်လိုင်းကနေ မိန့်ကြားတော့ ဆရာတော် လိုတဲ့ နေရာမှာ လှူပါလို့ ကျွန်တော် ပြန်လည် လျှောက်ထားလိုက် ပါတယ်…။ အဲဒါ ဆရာတော်က ရန်ကုန်မှာ မကြာသေးမီ ရက်ပိုင်းကမှ ဖွင့်လှစ်ခဲ့တဲ့ သံဃာတော်များ အတွက် ကွန်ပျူတာ အခမဲ့ သင်တန်းမှာ သင်တန်းချိန်က ဆွမ်းစားချိန်နဲ့ နီးနေတဲ့ အတွက် သင်တန်း တက်ရောက်နေတဲ့ သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းရာမှာ ပိုနေတဲ့ အလှူငွေကို အသုံးပြုပြီး နေ့ဆွမ်း ဆက်ကပ်ပေးခဲ့ ပါတယ်…။

ဓမ္မမောင်နှမတို့လည်း ဆရာတော် ဦးကောဝိဒရဲ့ သံဃာတော်များ အတွက် ကြိုးပမ်း ဆောင်ရွက်နေမှုနဲ့ ဆရာတော်များ နေ့ဆွမ်းဘုဉ်းပေး နေပုံတွေကို ကြည်ညို ၀မ်းမြောက်စွာ သာဓု ခေါ်ဆိုနိုင်စေဖို့ ဓါတ်ပုံလေးတွေနဲ့ တကွ ဒီပို့စ်ကို ရေးလိုက်ပါတယ်…။

သံသရာ အဆက်ဆက်က စလို့ ယနေ့ ဒီအချိန်ထိ ပြုခဲ့သမျှ ကုသိုလ် အစုစုတွေကို ဓမ္မ မောင်နှမတို့လည်း ထပ်တူထပ်မျှ ရစေခြင်းငှာ အမျှပေးဝေလိုက် ပါတယ်…။ ၀မ်းမြောက်ဝမ်းသာ ပီတိလှိုင်း ထန်စွာနဲ့ ကိုယ်ကိုယ်တိုင် လှူဒါန်းလိုက်ရ တယ်လို့ သဘောထားပြီး သာဓု ခေါ်နိုင်ကြပါစေ။






ဆရာတော် ဦးကောဝိဒ (စစ်ကိုင်း) သို့ ဆက်သွယ်လိုပါက
kovida9@gmail.com
09-2110202


လေးစားရိုသေစွာဖြင့်
ဖိုးသား

8/16/2009, SUN:, 1:46:34 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply