Latest News

*မေးခွန်းတစ်ခုလောက် မေးပါရစေ...*

အသင်လူသား . . .

မေးခွန်းတစ်ခုလောက် မေးပါရစေ။

သင် . . . အသက်ရှင်သန်နေခြင်းသည် ဘယ်အတွက်ပါလိမ့်။

သင့်အတွက်လား၊ သင့်ရပ်ရွာအတွက်လား?

(သို့မဟုတ်) သင့်အတွက်လား၊ သင့်လူမျိုးအတွက်လား?

(သို့မဟုတ်) သင့်အတွက်လား၊ သင့်နိုင်ငံအတွက်လား?

(သို့မဟုတ်) သင့်အတွက်လား၊ သင့်ဘာသာအတွက်လား?

(သို့မဟုတ်) သင့်အတွက်လား၊ သင့်သာသနာအတွက်လား?

အကယ်၍ သင်သည် သင့်အတွက်သာ မဟုတ်ဘဲ သင့်ရပ်ရွာ အတွက် (သို့မဟုတ်) သင့်လူမျိုး အတွက် (သို့မဟုတ်) သင့် နိုင်ငံ အတွက် (သို့မဟုတ်) သင့် ဘာသာ အတွက် (သို့မဟုတ်) သင့် သာသနာ အတွက် အသက် ရှင်သန်နေသည် ဆိုလျှင် သင်မှီခိုနေသည့် ဤကမ္ဘာမြေကြီးက ငါသည် လူ့အဖိုးတန် တစ်ယောက်ကို မွေးထုတ်ရကျိုး နပ်ပြီဟု လက်ခမောင်းခတ်၍ ကြွေးကြော်နေပါ လိမ့်မည်။

ထို့ကြောင့် ရှေးဆရာတော်ကြီး များက ဤကဲ့သို့ မိန့်မြွက်တော်မူခဲ့ကြပါသည်။ ``သစ်ပင် ကြီးတို့မည်သည် မလဲမချင်း အရိပ်ဖြင့် အေးကြစေကုန်၏။ နံ့သာတုံးတို့ မည်သည် မကျွမ်းမချင်း အနံ့ဖြင့် မွှေးကြစေကုန်၏။ သူတော်ကောင်းတို့ မည်သည်လည်း မသေမချင်း အများအကျိုးကို ဆောင် ရွက်ကြကုန်၏´´။

သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ
(ashindevindabhivamsa@gmail.com)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း

+++++++++++++++++++++++++++++++++++++++++++++++

လေးစားရိုသေစွာ ဦးတင်လျက်
ဖိုးသား

22.08.2009, SAT:, 11:36:09 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply