Latest News

*ပေးလှူခြင်းထက် ရှိခိုးခြင်းကပိုမြတ် [ဓမ္မပဒဂါထာ - ၁၀၈]*

ယံကိဉ္စိ ယိဋ္ဌံ ၀ ဟုတံ ၀ လောကေ၊ သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။
သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ၊ အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

Whatever sacrifice or offering in the world up for a year in order to gain merit, all of that does not reach a quarter as good as paying respect to Noble persons (Ariyas).

လောကမှာ…
ကောင်းမှုကုသိုလ်လိုချင်လွန်းလို့
မင်္ဂလာအထိမ်းအမှတ်
အလှူပွဲကြီးတွေ၊
ဧည့်သည်တွေကို ဧည့်ဝတ်ပြုခြင်း
အစရှိတဲ့…
သဒ္ဓါအထိမ်းအမှတ်
အလှူပွဲလေးတွေနဲ့
အနှစ်တစ်ရာပတ်လုံး
လောကီလူသား ပုထုဇဉ်အများကို
ပေးလှူပူဇော်တာရယ်…
ဖြောင့်မတ်စွာကျင့်လို့
ဖြောင့်မတ်သူဖြစ်နေကြတဲ့
အရိယာပုဂ္ဂိုလ်တွေကို
ကြည်လင်တဲ့စိတ်ထားနဲ့
ဝပ်တွားရှိခိုးတာရယ်…
အဲဒီနှစ်မျိုးထဲမှာ
အနှစ်တစ်ရာပတ်လုံး
လှူဒါန်းရတဲ့
ဒါနကုသိုလ်အားလုံးဟာ
တစ်ကြိမ်တစ်ခါ
ရှိခိုးရတဲ့
ဝန္ဒနာကုသိုလ်ရဲ့
လေးပုံတစ်ပုံကိုတောင်
မမှီပါဘူး။
အရိယာပုဂ္ဂိုလ်တွေကို
ရှိခိုးရတဲ့ကုသိုလ်က
သာမန်လူသားတွေကို
လှူဒါန်းရတဲ့ကုသိုလ်ထက်
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။
ပိုပြီး အကျိုးပေးကြီးကျယ်ပါတယ်။

[ဓမ္မပဒဂါထာ - ၁၀၈]

လေးစားစွာဖြင့်
ဖိုးသား

9/1/2009, TUE:, 3:52:33 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply