Latest News

*လမ်းလျှောက်နေရင်း ခလုတ်တိုက်ရင်း*

အချိန်တွေ ကုန်နေပြီ…။

အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်
လုပ်ရပ်တွေ စည်းချက်မညီ
အကုသိုလ်တွေ ပလုံစီပြီလား…။

ပြန်တွေးမိတော့လည်း
လုပ်မယ် လုပ်မယ်
အားတင်းမိ၏။
မကြာမကြာလည်း
အားလျော့နေ၏
အားလျှော့နေ၏
အားပျော့နေ၏…။

ဝီရိယတွေ လွဲနေလို့လား…
သံဝေဂတွေ ကျဲနေလို့လား…
ယုံကြည်မှုတွေ နည်းနေလို့လား…။

လုပ်ရပ်တွေ ပြန်ကြည့်တော့
အပုပ်အစပ်တွေကများ…
ဒီအတိုင်းဆိုရင်တော့
သံသရာမှာ နှာခေါင်းပိတ်ပြီး
ရှူးရှဲ ရှူးရှဲ ဖြစ်ရချည်ရဲ့…။

တစ်ခါတစ်ခါ အသံကုန်ပစ်လို့
အော်ဟစ်ချင်တယ်
ကယ်ကြပါဦး ဆိုပြီး…။

ဒီအတွေး ၀င်တိုင်းလည်း
သူများ ကဲ့ရဲ့မှာ အသာထား
ကိုယ့်ကိုယ်ကို ကဲ့ရဲ့တာက
ခဏ ခဏ…။

နောက်ဆုံးတော့လည်း
တစ်ဘ၀တာ မပျောက်ဆုံးခင်
လျှောက်ဦးဟဲ့ လို့ အားပြန်တင်း
သန္တာန်အတွင်း ရေရွတ်ကြည့်
အတ္တာဟိ အတ္တနော နာထော ပါလား…။


လမ်းဖြောင့်အောင် လျှောက်နေသူတွေ၊ လျှောက်နိုင်သူတွေ အတွက်တော့ ဒီကဗျာလေးက ရယ်စရာ ဖြစ်နေမှာပါ...။

သို့သော်လည်း လမ်းလျှောက်ရင်း ခလုတ်တိုက်လိုက်၊ ပြန်ထလိုက်၊ ပြန်လျှောက်လိုက်၊ ခလုတ်တိုက်လိုက်... (သမင်မွေးရင်း ကျားစားရင်း) ဖြစ်နေသူများ အတွက် (ကျွန်တော် အပါအ၀င်ပေါ့) ဆင်ခြင်နိုင်အောင် ရေးသားလိုက်ရခြင်းပါ...။


အားလုံးသော ဓမ္မ မောင်နှမတို့ လမ်းကြောင်းလည်း မှန်နိုင်ပါစေ၊ ဖြောင့်အောင်လည်း လျှောက်နိုင်ပါစေ။ လမ်းဆုံးကို မြန်မြန်လည်း ရောက်နိုင်ကြပါစေ။


လေးစားစွာဖြင့်
ဖိုးသား

10/9/2009, FRI:, 10:06:07 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဘ၀လမ်း ဖြောင့်ဖြူးသာယာပါစေ...

Leave a Reply