ဟိုလုပ်ဒီလုပ်နဲ့
ရှုပ်နေတဲ့ လောကကြီး
ဒုက္ခကလည်း တကယ်ကြီးပ…
ဒုက္ခကို ဒုက္ခမှန်း
ယောင်ချာချာသိလာတော့
ဗုဒ္ဓကိုလည်း အကြိမ်ကြိမ် ဦးတိုက်မိပါ့
ဒီလိုသိအောင် ဟောခဲ့လို့လေ
ပေးခဲ့တဲ့ အသိတရားတွေကလည်း
ရှစ်သောင်းလေးထောင်တဲ့…
ဟုတ်တယ်လေ
ဗုဒ္ဓသာ မပွင့်ခဲ့ရင်
ယုတ်စွအဆုံး
ဒုက္ခကို ဒုက္ခမှန်း သိပါ့မလား…
မွေးလာတဲ့ ဒုက္ခ
အို၊ နာ၊ သေ ဆိုတဲ့ ဒုက္ခ
ချစ်သူနဲ့ကွဲ
မုန်းသူနဲ့ တွဲရတဲ့ ဒုက္ခ…
ဒါတင်ပဲလား ဆိုတော့
မဟုတ်
ရတာမလို
လိုတာမရတဲ့ ဒုက္ခကလည်း ကျန်သေး…
ဆိုချင်တာကတော့ဗျာ
ပျိုကညာတွေလည်း
အိုနာသေမှာပဲ…
ကြီး၊ ငယ်၊ ရွယ်မဟူ
အပြီးသတ် နောက်ဆုံးတော့
ဒုက္ခ ဆိုတဲ့
ဒီလမ်းပဲလေ…။
>> တောင်တွေး မြောက်တွေးရင်း ရေးမိတဲ့ ကဗျာလေးပါ။
လေးစားစွာဖြင့်
ဖိုးသား
10/18/2009, SUN:, 3:21:40 PM
Latest News
October 18, 2009 at 10:40 AM
အော်.. ဒုက္ခ ဒုက္ခ...
အားလုံး ဒုက်ခတွေချည်းပါလား။
ဒုက်ခလွတ်မြောက်ရာလေးတွေနောက် ဘယ်သူမှ ဟုတ်တိပတ်တိ မလိုက်ချင်နေသေးသရွေ့ တော့ ဒုက်ခတွေ ဆက်တည်တံ့နေဦးမှာပါဘဲလေ။
October 19, 2009 at 7:54 PM
အင်းးး လူ့ ဘောင်လောက လူဖြစ်လာရ ဒုက္ခ ပင်လယ်ဝေ နေတာပါပဲ.....