ဒီခေါင်းစဉ်ကို တွေ့တော့ ၂၀၁၂ ကိစ္စနဲ့ ဆက်စပ်နေမယ် ထင်ပါတယ်။ အဲဒါ ဒီခေါင်းစဉ်နဲ့ Tag လာတော့… မဖြစ်နိုင်တဲ့ ခေါင်းစဉ်ကြီးကို ရေးရမှာ တစ်မျိုးကြီးပဲလို့ ကျွန်တော် ခံစားမိတယ်… ဘာလို့ မဖြစ်နိုင်လဲလို့ တွေးကြည့်တော့ ဟိုတစ်နေ့ကပဲ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားရဲ့ ကိုယ်ကျင့် အဘိဓမ္မာထဲက ကမ္ဘာပျက်ပုံ အကြောင်း ဖတ်မိတယ်.. အဲဒီမှာ ကမ္ဘာပျက်ရတဲ့ အကြောင်းရင်းတွေက လူတွေ လောဘ အားကြီးလာတာတို့ နောက် ဒေါသ မောဟ ဒါတွေ လူတွေရဲ့ သန္တာန်မှာ အားကြီးလာမှ လို့ ဖတ်မိလိုက်လို့ပါ။ နောက်ပြီး ကျွန်တော့်ရဲ့ မတောက်တစ်ခေါက် အသိလေးတွေက ဒီကိစ္စဟာ မဖြစ်နိုင်ဘူးလို့ တွန်းအား ပေးနေပြန်ပါတယ်… ဒါဟာလည်း ဘုံဘ၀ကို တွယ်တာတတ်တဲ့ သတ္တ၀ါတွေရဲ့ ဘ၀တဏှာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။
ထားပါလေ။ ဘာပဲဖြစ်ဖြစ် ဟုတ်တာ မဟုတ်တာ အပထား.. ဒီခေါင်းစဉ်လေးက သက်ရှိ လူသားတွေ အနေနဲ့ သေခြင်းတရားကို သတိရ ဆင်ခြင်နိုင်အောင်တော့ အထောက်အကူ ပြုတာဆိုတော့… ရေးတာက ကမ္ဘာပျက်တာပေါ် မူမတည်ဘဲ သေခြင်းတရားပေါ်ပဲ မူတည်ပြီး ရေးရမှာပါ။ ဒါကြောင့် ဒီခေါင်းစဉ်ကို *သင်မသေခင် တစ်လအလို* လို့လည်း ပေးလို့ရပါတယ်… ဒါတောင် တစ်လက ဝေးနေပါသေးတယ်.. ငါကတော့ သေရမှာ တစ်လတောင် လိုသေးတာပဲ ဆိုပြီး လုပ်ချင်ရာ လုပ်ဦးမယ့် လူစားမျိုးကလည်း ရှိနိုင်သေးတာကိုး… နောက်ပြီး မဟာကရုဏာရှင် မြတ်ဗုဒ္ဓကလည်း *ငါသည် သေခြင်းသဘော ရှိသည်ဖြစ်၏။ သေခြင်း သဘောတရားကို မလွန်ဆန်နိုင်* လို့ အမြဲမပြတ် ဆင်ခြင်ခိုင်းထားတော့… ကျွန်တော့်ရဲ့ သေခြင်းတရားနဲ့ ပတ်သတ်ပြီး မကြာမကြာ မေ့လျော့မှုတွေ အတွက် လက်တို့ သတိပေးလိုက်သလိုပါပဲ…။ အဲဒီအတွက်လည်း လာ Tag သူ အစ်မ၀ါ ကိုလည်း ကျေးဇူးတင်ပါတယ်။ ကဲ အစ်မရေ.. ကျွန်တော် မေးခွန်းလေးတွေကို ဖြေကြည့်လိုက်ဦးမယ်..
မဖြေခင် ကျွန်တော် တစ်ခုပြောလိုတာက ဒီအောက်က အဖြေတွေဟာ ကျွန်တော် ပေါ့ပေါ့တန်တန် ရေးလိုက်တာ မဟုတ်ပါဘူး… ကိုယ့်ကိုယ်ကို မကြာမီ တစ်လအလိုမှာ သေတော့မယ့် လူတစ်ယောက်ပါလားလို့ နှလုံးသွင်း ဆင်ခြင်ပြီး ရေးလိုက်တာပါ… နောက်ပြီး စိတ်ထဲ ပေါ်တဲ့အတိုင်း ရေးလိုက်တာပါ။ တိုက်ဆိုင်မှုမရှိ၊ အယူအဆလေးတွေ ကွဲပြားသွားခဲ့ရင်တော့ စာရှုသူတွေကို တောင်းပန်ပါတယ်နော..
(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ..
တကယ်တန်း ပြောရရင် သေခါနီး လူတစ်ယောက်အတွက် သက်ရှိ သက်မဲ့ ဘယ်အရာမျိုးနဲ့မှ အတူ ရှိမနေချင်ပါဘူး.. ဒါပေမယ့် ကောင်းမှု ကုသိုလ်တရားတွေကိုတော့ အဖော်အဖြစ် ခေါ်ထားချင်ပါတယ်.. ဘယ်လို ကုသိုလ်တရားတွေလဲ ဆိုတော့.. အနီးစပ်ဆုံးက ကျွန်တော် အခုလက်ရှိ လုပ်နေတဲ့ ကုသိုလ် မျိုးတွေပေါ့.. ဆရာတော် ရဝေနွယ် ဆုံးမရေးသားသလို နေ့စဉ် ဒါန၊ သီလ၊ သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တရားတွေကို မသေခင်အချိန်လေးမှာ ဟန်ချက်ညီညီ လုပ်သွားချင်ပါတယ်။ ဒါနအနေနဲ့ ဘုရားသောက်တော်ရေ ကပ်တာတို့၊ ဘုရားဆွမ်းတော် ကပ်တာတို့၊ ကြောင်လေးတွေ၊ ခိုလေးတွေ အစာကျွေးတာတို့၊ ဒါမှ မဟုတ်ရင်လည်း အလှူငွေ လှူတာတို့ ဒါမျိုးလေးတွေ။ သီလ အနေနဲ့တော့ ငါးပါးသီလကို လုံအောင်ထိန်းရင်း၊ အာဇီဝဋ္ဌမက သီလ၊ ရှစ်ပါးသီလ တွေကိုလည်း နိုင်သ၍ စောင့်ထိန်းသွား ချင်ပါတယ်။ စောင့်ထိန်းနိုင်အောင်လည်း ကြိုးစားရမှာပေါ့နော.. နောက် သမထ ဘာဝနာကတော့ ခုလောလောဆယ် ဘုရားဂုဏ်တော် ပွားတာကို အားသန်မိနေတယ်၊ မေတ္တာပို့မိတာက ကြိုကြားကြိုကြား.. နောက်ပြီး သေခါနီးပြီဆိုတော့ ၀ိပဿနာပိုင်းကိုလည်း အားထည့်ပြီး လုပ်သွားနိုင်ကောင်းပါရဲ့..
(၂) ဘာတွေခံစားနေရမလဲ..
တကယ့်တကယ် သေခါနီး ကုသိုလ်တရားတွေနဲ့ ပျော်မွေ့နေတဲ့ အချိန်မှာ ခံစားမိမှာက ကိုယ်ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို ပြန်လည်အောက်မေ့တဲ့ ခံစားချက်ပဲ ဖြစ်ပေါ်မယ် ထင်ပါတယ်။ ဒါပေမယ့်လည်း အကုသိုလ်တရားတွေကိုလည်း ပြန်လည်အောက်မေ့ ခံစားကောင်း ခံစားနိုင်ပါသေးတယ်.. ဒါကို ချေဖျက်ဖို့တော့ ကုသိုလ်တရားကို မသေခင် စပ်ကြား များများ တွေးပေးသွားပါမယ်။
(၃) ဘာတွေပြင်ဆင်ထားမလဲ
နံပါတ်တစ်မှာ ဖြေပြီးသလို ကုသိုလ်ရိက္ခာတွေကိုပဲ တတ်နိုင်သလောက် များများပါအောင် လုပ်ဆောင်ရင်း သေမယ့်နေ့ကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားမယ်..
(၄) ၀မ်းနည်းမိမှာက...
မပြောတတ်ဘူး.. ခုနေ စဉ်းစားမိတာတော့ ၀မ်းနည်းမိမယ် မထင်ဘူး.. တကယ့်တကယ် သေခါနီးတော့ ကျွန်တော်လည်း မပြောတတ်ဘူး..
(၅) ကြောက်လန့်မိတာက..
ငါ သေခြင်းတရားကို မကြောက်အောင် ကုသိုလ် တရားတွေနဲ့ ကိုယ့်ကိုယ်ကို ထုံမွှမ်းထားမယ် ဆိုပြီး အားတင်းထား ပေမယ့် တကယ့် တကယ်တော့ သေမှာကို နည်းနည်းတော့ ကြောက်သား.. တစ်သက်မှ တစ်ခါ ကြုံရတာမို့ ကြောက်တာလည်း ပါမယ်ထင်တယ်.. အဲဒီမှာမှ ဝေဒနာကို တာရှည်ခံစားပြီး သေရမှာကို ပိုကြောက်သလိုပဲ.. နောက် အစ်မ၀ါ ပြောသလို ဓါးခုတ်ခံရတာတို့၊ ကားတိုက်ခံရတာတို့လိုမျိုး မသေမရှင် ဒုက္ခ ခံစားရမှာလည်း ကြောက်ပါ၏။
(၆) ဆောင်ထားချင်တာ..
ဒီနေရာမှာ ဆောင်ထား ဆိုတော့ ဆောင်+ထား.. ဆောင်တာက အဆောင်သဘော.. မိုးကုတ်ဆရာတော် ဘုရားကြီး၊ ပိုင်းလော့ ဆရာတော် ဘုရားကြီး တို့လို ဆရာတော်ဘုရားတွေ ဟောကြားတဲ့ သစ္စာတရားတွေကို နာကြားရင်း သစ္စာအသိတွေ အဆောင်အဖြစ် ဖြည့်ဆည်းဖြစ်မှာပါ။ နောက် ထား မိမှာက မေတ္တာတရားပါ။ *ငါ့နည်းတူ သတ္တ၀ါတွေ သေကြေ ပျက်စီးရတော့မယ်.. ကောင်းရာမွန်ရာ ဘုံဘ၀တွေကို ရောက်နိုင်ကြပါစေ* အဲလိုမှ မဟုတ်လည်း ကိုယ့်ကိုယ်ကို မေတ္တာပို့နေမယ်။
(၇) ဘာတွေရေးမိမလဲ..
ဘာမှတော့ မရေးတော့ဘူး.. ရေးလည်း မထူးဘူးလေ.. မှတ်တမ်းအဖြစ် ကျန်ခဲ့မှာမှ မဟုတ်တော့တာ.. မကြာခင် ကမ္ဘာပျက်ပြီး သေတော့မယ့် ဥစ္စာ..။
(ဂ) တွေးမိတွေးရာ အတွေး..
အင်း.. စိတ်ရဲ့ ပျက်နှုန်းက မျက်တောင် တစ်ခတ်ကို ကုဋေတစ်သိန်း ဖြစ်ပျက်ဆိုတော့ သေခါနီးမှာ အတွေးတွေကတော့ အမျိုးမျိုး ဖြစ်နိုင်မှာပါ။ ဒါပေမယ့် အခုတွေးမိတာက ကျွန်တော့ ဘေးနားမှာ ကြောင်ပူစီလေး အစာစားနေတယ်လေ.. အဲဒါ အစာစားအပြီး ရေဖြစ်ဖြစ်၊ နွားနို့ဖြစ်ဖြစ် တိုက်ရဦးမယ် ဆိုတာပါ။
(၉) ဂုဏ်ယူချင်တာက
*ငါတော့ ကမ္ဘာပျက်တာကို မျက်မြင်ဒိဋ္ဌ ကြုံဖူးပြီကွ* လို့ ပြောပြီး ဂုဏ်ယူမယ်လို့ တွေးလိုက်စဉ်မှာပဲ.. အစမထင်တဲ့ သံသရာမှာ ကမ္ဘာပေါင်း မရေမတွက်နိုင်အောင် ပျက်တာနဲ့ ကြုံဖူးခဲ့မှာပဲလေ ဆိုတဲ့ အတွေးဝင်လာတော့.. အင်း.. ကျွန်တော် ဘာမှကို ဂုဏ်လည်း မယူချင်တော့ပါဘူး။
(၁၀) ရှာကြံဖြေသိမ့်မိတာက
အော်.. အတိတ်ကံက မကောင်းတော့ ကမ္ဘာပျက်ပြီး သေဘေးနဲ့ ကြုံရတော့မယ်.. ဒါပေမယ့်လည်း မြင့်မြတ်လှတဲ့ ဗုဒ္ဓသာသနာနဲ့ ကြုံခိုက် ရခဲလှတဲ့ လူ့ဘ၀ကို ငါရပြီး ကောင်းမှုကုသိုလ်တွေ လုပ်ခွင့်ရတာကိုက ကံကောင်းလေစွ..။
(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း
မိုးကုတ်ဆရာတော် ဘုရားကြီး၊ ဆရာတော် အရှင်ပုညနန္ဒ တို့ အမြဲတမ်းဆင်ခြင်ဖြစ်အောင် ဆိုဆုံးမ ဟောကြားတဲ့ တရားစကားကို မသေခင် တစ်လအတွင်းမှာ နေ့စဉ် ကျူးရင့် ရေရွတ်မိမလားပဲ… ဘုရားဟော ပါဠိကို မြန်မာပြန်ထားတာလို့တော့ ဆရာတော် ဦးသုမင်္ဂလ မိန့်ကြားဖူးပါတယ်။
ပြန်လည် Tag ချင်တာက
၁။ ဘုန်းဘုန်း ဦးနာယကာလင်္ကာရ (မနက်ဖြန်)
၂။ ဘုန်းဘုန်း ဦးတိက္ခဉာဏာလင်္ကာရ (ယောအသင်း)
၃။ ဘုန်းဘုန်း ဦးသုနန္ဒာလင်္ကာရ (ပန်းကမ္ဘာ)
၎။ ဘုန်းဘုန်း ဦးပညာနန္ဒ (ငြိမ်းချမ်းစွာ အတူလက်တွဲ သွားကြပါစို့)
၅။ ကိုဝင်းမြင့် (သစ္စာတရား)
၆။ ကိုဝိမုတ္တိသုခ
၇။ ကိုစိုးဝင်းထွဋ်
၈။ ကိုအောင်ဦး (ဓမ္မရသ)
ဘုန်းဘုန်းတို့ဘုရား.. ကမ္ဘာမပျက်ခင် တစ်လအလို ဒါမှမဟုတ် သေခြင်းတရားကို ရင်ဆိုင်ရန် တစ်လအလိုမှာ ဘုန်းဘုန်း တို့အနေနဲ့ ပြုမူဆောင်ရွက်မယ့် အပြုအမူ တွေကို အဆုံးအမအနေနဲ့ ဖတ်ရှု နာယူလိုတာမို့ အထက်မှာ ရေးသားထားတဲ့ မေးခွန်း ၁၁-ခုနဲ့ Tag လိုက်ရခြင်းပါ ဘုရား.. မေတ္တာရှေ့ထား ရေးသား ဖြေကြားပေးဖို့ ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဘုရား..
အစ်ကိုတို့ အနေနဲ့လည်း အစ်ကိုတို့ ရဲ့ အမြင်တွေ၊ လုပ်ဆောင်ဖြစ်မယ့် အလုပ်တွေကို အချိန်အားလပ်ခဲ့ရင် ဖြေကြား ရေးသားပေးပါဦး…။
အစ်မ၀ါ အနေနဲ့လည်း အခုလောက်ဆို ကျေနပ် နှစ်သက်လိမ့်မယ်လို့ မျှောလင့်မိပါတယ်နော..
ဓမ္မမိတ်ဆွေများကို လေးစားစွာဖြင့်
ဖိုးသား
10/31/2009, SAT:, 11:25:53 AM

*ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်၊ အသေမဦးခင် ဉာဏ်ဦးအောင် ကြိုးစား အားထုတ်ပါတော့မည်*
‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘‘
ပြန်လည် Tag ချင်တာက
၁။ ဘုန်းဘုန်း ဦးနာယကာလင်္ကာရ (မနက်ဖြန်)
၂။ ဘုန်းဘုန်း ဦးတိက္ခဉာဏာလင်္ကာရ (ယောအသင်း)
၃။ ဘုန်းဘုန်း ဦးသုနန္ဒာလင်္ကာရ (ပန်းကမ္ဘာ)
၎။ ဘုန်းဘုန်း ဦးပညာနန္ဒ (ငြိမ်းချမ်းစွာ အတူလက်တွဲ သွားကြပါစို့)
၅။ ကိုဝင်းမြင့် (သစ္စာတရား)
၆။ ကိုဝိမုတ္တိသုခ
၇။ ကိုစိုးဝင်းထွဋ်
၈။ ကိုအောင်ဦး (ဓမ္မရသ)
ဘုန်းဘုန်းတို့ဘုရား.. ကမ္ဘာမပျက်ခင် တစ်လအလို ဒါမှမဟုတ် သေခြင်းတရားကို ရင်ဆိုင်ရန် တစ်လအလိုမှာ ဘုန်းဘုန်း တို့အနေနဲ့ ပြုမူဆောင်ရွက်မယ့် အပြုအမူ တွေကို အဆုံးအမအနေနဲ့ ဖတ်ရှု နာယူလိုတာမို့ အထက်မှာ ရေးသားထားတဲ့ မေးခွန်း ၁၁-ခုနဲ့ Tag လိုက်ရခြင်းပါ ဘုရား.. မေတ္တာရှေ့ထား ရေးသား ဖြေကြားပေးဖို့ ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဘုရား..
အစ်ကိုတို့ အနေနဲ့လည်း အစ်ကိုတို့ ရဲ့ အမြင်တွေ၊ လုပ်ဆောင်ဖြစ်မယ့် အလုပ်တွေကို အချိန်အားလပ်ခဲ့ရင် ဖြေကြား ရေးသားပေးပါဦး…။
အစ်မ၀ါ အနေနဲ့လည်း အခုလောက်ဆို ကျေနပ် နှစ်သက်လိမ့်မယ်လို့ မျှောလင့်မိပါတယ်နော..
ဓမ္မမိတ်ဆွေများကို လေးစားစွာဖြင့်
ဖိုးသား
10/31/2009, SAT:, 11:25:53 AM
October 31, 2009 at 4:22 AM
ဖိုးစားနဲ့ ကျွန်မနဲ့နဲ့ သေခါနီးတလလို မှာဖြစ်ချင်တာ တချို့အချက်တွေက သိပ်တူတယ်။ ကျွန်မဆီမှာလည်း လာဖတ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
October 31, 2009 at 7:31 AM
လေးလေးစားစားဖတ်သွားပါတယ်ရှင့်
ကျေးဇူးလည်းအရမ်းတင်ပါတယ်...။
အိန္ဒြာ
October 31, 2009 at 9:13 PM
ဖိုးသားရေ ..ကမ္ဘာမပျက်ခင်တလအလို တဂ်ပိုစ့်လေး ဖတ်သွားပါတယ်။ တရားဓမ္မနဲ့ ယှဉ်ပြီး အချက်၁၀ချက်နဲ့ ရေးသားထားတဲ့အတွက် ဖတ်ရတာ ကျေနပ်မိပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။