Latest News

*ပိုင်းလော့ဆရာတော်ဘုရား၏ ၀ိပဿနာသင်တန်း တရားစခန်းပွဲ သတင်း*

*ပိုင်းလော့ဆရာတော် ဘုရား၏ ၀ိပဿနာသင်တန်း တရားစခန်းပွဲ သတင်း*

ဝိပဿနာသင်တန်း တရားစခန်းကို စင်္ကာပူတွင် နိုဝင်ဘာလ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဆရာတော်ဘုရားမှ ဟောကြား ပို့ချသွားပါမည်။ စင်္ကာပူ စံတော်ချိန် မနက် (၀၉) နာရီမှ ညနေ (၀၆) နာရီအထိ တရားပွဲများကို ကြားတွင် အနားယူချိန် သတ်မှတ်ပေးပြီး ဟောကြား ပို့ချသွားပါမည်။ http://live.dhammathukha.com/ မှရုပ်သံ တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်ပါ၍ ကမ္ဘာ့နေရာအနှံ့မှ ဓမ္မမိတ်ဆွေများလည်း တရားတော်များအား အချိန်ကိုက် နာယူခွင့်ရကြပြီးလျှင် မိမိတို့အိမ်မှနေ၍ တရားစခန်း ဝင်ရောက်နိုင်ပါကြောင်း နှိုးဆော်တိုက်တွန်း၍ သတင်းကောင်း ပေးအပ်ပါသည် ခင်ဗျား။

နေ့စဉ်ထုတ်လွှင့်ခဲ့သော တရားအသံဖမ်းဖိုင်များကို အောက်ပါလိခ့်ရှိ ( http://www.ustream.tv/channel/dhamma-live ) video list မှ နေ့စွဲအလိုက် နာယူနိုင်ပါသည်။

***** ကုသိုလ်တရား၌ ဝီရိယ ပြဋ္ဌာန်း၍ ဒုက္ခချုပ်ငြိမ်း သုခကိန်းဖို့ ကြိုးစား အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများကို အထူးလေးစား တန်ဖိုးထားပါတယ်... *****


လေးစားရိုသေစွာဖြင့်
ဖိုးသား

09.11.2009, MON:, 07:31:33 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဖိုးသားရေ ..ခုလိုတရားနာဖို့ အခွင့်အရေးကိုသတင်းပေး တာကျေးဇူးအထူးပါ။ အမတို့ လည်းစကာင်္ပူကမဟုတ် ပေမယ့် အသံဖမ်းဖိုင်များကို လင့်ပေးတဲ့အတွက်ပေါ့။ သာဓု သာဓု သာဓုပါ...

Leave a Reply