Latest News

*စာဖြန့်သူသို့..*

မနက်ဖန်က အချစ်အတွက် နေ့ရက်လေးပါ
အကယ်၍များဒီ စာကို လက်ခံရရှိတယ်ဆိုရင်
သင့်မှာ သင့်ကို ချစ်တဲ့သူတယောက်၂ ရှိနေလို့ပဲ
၁၅ မိနစ် အတွင်းမှာ အယောက်၂၀ ကို ကူးယူပြီး ပို့လိုက်ပါ
သင့်ဘဝရဲ့ အကောင်းဆုံး နေ့ရက်က မနက်ဖန် ဖြစ်လာမှာပါ
သင့်ကို ချစ်တဲ့သူရဲ့ ချစ်ခြင်းကိုလည်း ဆထက် တပိုး ခံစားရမှာ ဖြစ်ပါတယ်
သူဟာသင့်ကို ဘယ်သူနဲ့မှ မတူတဲ့ချစ်ခြင်း၊ မေတ္တာတွေကို ပေးဝေပါလိမ့်မယ်
အကယ်၍များ မဝေငှဘူး၊ ဆက်လက် မပို့ဘူးဆိုရင်တော့ အမုန်းတွေ အများကြီး ရောက်လာလိမ့်မယ်
ဒါကြောင့် ကူးယူပြီး ဝေငှလိုက်ပါတဲ့

+++++++*****+++++++

အင်း ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး
ဒီလိုစာ ရတာ အခေါက်ရေ မနည်းတော့ဘူး
နည်းနည်းလေး စဉ်းစားကြည့်ပါ
လက်တွေ့မှာ ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ ယှဉ်ပြီး
ဒီစာဟာ ဖြစ်သင့်လား မဖြစ်သင့်လား ဆိုတာ
အသိဉာဏ်နဲ့ ယှဉ်ပြီး စဉ်းစားကြည့်စေချင်ပါတယ်

လူတိုင်းကတော့ ကိုယ့်ဆီကို ကောင်းတဲ့ အရာတွေ၊ သတင်းတွေ၊ ဒီစာထဲက အတိုင်း ပြောရရင် မေတ္တာတွေ ရချင်ကြတာပါပဲ
ဒါပေမယ့် ဒီစာကို ဖြန့်မှ ကောင်းမွန်တဲ့ နေ့ရက်တွေ ဖြစ်မယ်၊ ကိုယ်ချစ်တဲ့ သူဆီက မေတ္တာတွေ ဆထက်တိုး ရမယ်၊ အဲ ဒီလိုမှ မဟုတ်ဘဲ ဒီစာကို မဖြန့်ရင် အမုန်းတွေပဲ ရမယ် ဆိုတော့..
အခု စာဖြန့်သူလည်း အတွေးအခေါ် စဉ်းစား ချင့်ချိန်တတ်တဲ့ ဉာဏ် ရှိတဲ့သူ ဖြစ်မယ် ဆိုတာ ကျွန်တော် တထစ်ချ ယုံကြည်ပါတယ်။
လောကမှာ ဘာပဲ ဖြစ်လာဖြစ်လာ.. ကောင်းတာပဲ ရရ၊ ဆိုးတာပဲ ရရ.. ဒါဟာ ကိုယ်ကိုယ်တိုင် နဲ့ပဲ ဆိုင်တယ်လေ
ကိုယ်က ကောင်းတာလုပ်ရင် ကောင်းကျိုး ခံစားရမယ်၊ ဆိုးတာ လုပ်ရင်တော့
ဆိုးကျိုး ခံစားရမယ်လေ
ဒါ ဓမ္မတာပါပဲ
အဲဒီတော့ ကိုယ်က ကိုယ့်ချစ်နေတဲ့သူတွေဆီက မေတ္တာတွေ ရချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း ကိုယ်ချစ်တဲ့ သူတွေကို မေတ္တာတွေ၊ ယုယ ကြင်နာမှုတွေ ပြန်လည် ပေးဖို့ပဲ လိုအပ်တာပါ။
ဒီစာကို ဖြန့်မှ မေတ္တာ တွေ ရမယ် ဆိုတာကတော့ ဗုဒ္ဓဘာသာ ရှုဒေါင့်ကပဲ စဉ်းစား စဉ်းစား၊ လက်တွေ့မှာ ဖြစ်ပျက် ခံစားနေရတာတွေနဲ့ပဲ ယှဉ်ပြီး စဉ်းစား စဉ်းစား မလုပ်သင့်၊ မယုံကြည်သင့်တဲ့ အရာတွေပါပဲ..

အဲဒီတော့ ကိုယ်ချစ်တဲ့ သူတွေဆီက မေတ္တာတွေ ရချင်တယ် ဆိုရင်.. ကိုယ်ကိုယ်တိုင်ကလည်း အဲဒီ ကိုယ်ချစ်တဲ့ သူတွေ အပေါ် မေတ္တာတွေ ပြန်ပေးကြည့်ပါလား..
ယုယမှုတွေ၊ ကြင်နာမှုတွေ၊ စာနာမှုတွေ ပေးကြည့်ပါလား..
အဲဒါဆိုရင် ကိုယ်ကိုယ်တိုင်လည်း အဲဒီ မေတ္တာအကျိုးကို ခံစားရမယ် ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်..။

တစ်ခုတော့ ရှိတာပေါ့နော
ကိုယ်ပေးတဲ့ မေတ္တာ အတိမ်အနက်ပေါ် မူတည်ပြီး၊ မေတ္တာ အရှိန်ပေါ် မူတည်ပြီး ကိုယ်ချစ်ခင်ရတဲ့ သူဆီက ပြန်ရမယ့် မေတ္တာ အတိမ်အနက် ကလည်း ကွာနိုင်ပါတယ်။
ဒီနေရာမှာ ချစ်တဲ့ သူဆိုတာ မိဘ ဆရာသမား၊ ညီ အစ်ကို မောင်နှမက စလို့ သူငယ်ချင်း ချစ်သူ ရည်းစား အထိ အားလုံး အကျုံးဝင်ပါတယ်..
အဲဒါကြောင့် ဒီလို စာတွေကို နောက် မဖြန့်ပါနဲ့လို့ ကျွန်တော် မေတ္တာ ရပ်ခံပါရစေ။..
ကျွန်တော့် အတွက် ထိခိုက်လို့ မဟုတ်ပါဘူး.. မယုံကြည်သင့်တဲ့ အရာတွေကို မယုံစေချင်လို့ပါ။

အဆင်ပြေ ပျော်ရွှင်ပါစေ။


လေးစားစွာဖြင့်
ဖိုးသား

08.02.2010, MON:, 03:58:43 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply