ပန်းပိတောက်...
လှမ်းမြှောက်လို့ ချူလိုက်စဉ်
လေအနှင် သူအမော့
ခေါင်းညိမ့်ညိမ့်နဲ့ပေါ့။
ပိတောက်ပန်း...
လှမ်းယူလို့ နမ်းလိုက်စဉ်
လေအနှင် သူအမော့
မွှေးပျံ့လို့ ကြော့။
ကေသာနန်း
လှမ်းလင့်လို့ ပန်ပေးစဉ်
ကိုယ်အပန် လေအသော့
ဆံနွယ်လေမှာ ကော့။
ပိတောက်နဲ့သူ၊ လေအကူမှာ
သူနိုင်ကိုယ်နိုင်၊ အလှပြိုင်လည်း
ပြိုင်စဉ်ခဏ၊ လေအကြွသာ
မာန်ဟုန်ထလို့၊ လှပရှာသည်
သို့ပါငြားလည်း...
လေငြိမ်ခဏ၊ လေမတိုက်က
သူ့ထိုက်သူစံ၊ နေရပြန်ပြီ
ဒါသည် သံဝေဂပါလား...။
ဒါသည် အနိစ္စပါလား…။
ဒါသည် ဖြစ်ပျက်ပါတကား...။ ။
လေးစားစွာဖြင့်
ဖိုးသား
08.04.2010, THUR: 01:30 AM
April 8, 2010 at 9:31 AM
ဖိုးသားရေ ..ကဗျာလေးကောင်းတယ်။
သင်္ကြန်အတွက် ပိတောက်ပန်းလေးကိုအဓိကထားပြီး သူနဲ့ နှိုင်းပြီးရေးထားတာလေး က တကယ်ကိုပီပြင်ပါတယ်။
နှစ်သစ်မှာ အဆင်ပြေပျော်ရွှင်ပါစေ။