တရားဆိုတာ ပတကိအခါမှာ တယ် သတိမရချင်ဘူး၊ မေ့လျော့ကြတယ်။ ကြောက်လန့်တဲ့ အခါမှာ သတိရကြတယ်၊ အမှတ်ရကြတယ်။ ဒါကြောင့် တစ်ခါတစ်ခါ စိတ်ထဲ ကြောက်အောင်လည်း လှန့်ပေးရတယ်။
ပဋိသန္ဓေ နေရခြင်းသဘော၊ အိုရခြင်း သဘော၊ သေရခြင်း သဘော၊ ၀ဋ်ဒုက္ခတွေနဲ့ ကြုံရမယ့် သဘောတွေ သံဝေဂ ၀တ္ထုဆိုတဲ့ ထိတ်လန့်ခြင်း အကြောင်းတွေနဲ့ ခြောက်လှန့်ပေးလိုက်လို့ ရှိရင် စိတ်ထဲမှာ လောကကြီးကို ငြီးငွေ့တုန်လှုပ်၊ အဲဒီအခါမှာ တရားသတိရ၊ တရား သတိရခြင်းဖြင့် တရားကို အားထုတ်ဖြစ်တယ်၊ ကြိုးစား ကျင့်ဖြစ်တယ်။
တစ်ခါတစ်ခါ ကိုယ့်စိတ်ကို သံသရာဘေး၊ လောကဘေး ဘေးတွေနဲ့ ခြောက်ပြီးတော့ မတရားတွေ မပြုဖြစ်အောင်၊ တရားတွေ ပွားများဖြစ်အောင် ကြိုးစားကြရမယ်။ ဗုဒ္ဓမြတ်စွာ သာသနာနဲ့ ကြုံကြိုက်တဲ့ အခါမှာ အင်မတန် ထူးခြားတဲ့ တရားတော်တွေကို လိုက်နာ ကျင့်ကြံဖြစ်အောင် ပွားများ အားထုတ်ဖြစ်အောင် မိမိတို့စိတ် အမြဲတမ်း သံဝေဂတရားတို့ဖြင့် လှန့်ပေးပြီးတော့ တက်တက်ကြွကြွ မျှော်လင့်ချက် ကောင်းကောင်းထားပြီး ကြိုးစားအားထုတ်ကြပါ။ (သပြေကန် တရားပေါင်းချုပ်)
***ဒေါက်တာမင်းတင်မွန် ရေးသားသော သာသနာ့တံခွန် စံပြပုဂ္ဂိုလ်ထူး သပြေကန် ဆရာတော်ဘုရား စာအုပ်မှ ကောက်နုတ် ဖော်ပြပါသည်။
လေးစားစွာဖြင့်
ဖိုးသား

0 comments