ထိုင်နေရင်းလည်း သွားနေ၏။
မှိုင်နေရင်းလည်း သွားနေ၏။
ငိုင်နေရင်းလည်း သွားနေ၏။
ပြိုင်နေရင်းလည်း သွားနေ၏။
လှူနေရင်းလည်း သွားနေ၏။
ယူနေရင်းလည်း သွားနေ၏။
ပူနေရင်းလည်း သွားနေ၏။
မူနေရင်းလည်း သွားနေ၏။
နားနေရင်းလည်း သွားနေ၏။
စားနေရင်းလည်း သွားနေ၏။
ကြားနေရင်းလည်း သွားနေ၏။
ပွားနေရင်းလည်း သွားနေ၏။
အသွားမတော် တစ်လှမ်းတဲ့
အလှမ်းကျယ်တော့လည်း အလယ်လပ်
ခပ်ပြတ်ပြတ်ပဲ တွေးကြည့်၏
ခပ်ဆတ်ဆတ်ပဲ မေးကြည့်မိ
ဆက်လမ်းလေလား ထွက်လမ်းလား
လွတ်လမ်းလေလား လည်လမ်းလား
တို့လှမ်းနေတဲ့ ခြေလှမ်းများ…။
မှိုင်နေရင်းလည်း သွားနေ၏။
ငိုင်နေရင်းလည်း သွားနေ၏။
ပြိုင်နေရင်းလည်း သွားနေ၏။
လှူနေရင်းလည်း သွားနေ၏။
ယူနေရင်းလည်း သွားနေ၏။
ပူနေရင်းလည်း သွားနေ၏။
မူနေရင်းလည်း သွားနေ၏။
နားနေရင်းလည်း သွားနေ၏။
စားနေရင်းလည်း သွားနေ၏။
ကြားနေရင်းလည်း သွားနေ၏။
ပွားနေရင်းလည်း သွားနေ၏။
အသွားမတော် တစ်လှမ်းတဲ့
အလှမ်းကျယ်တော့လည်း အလယ်လပ်
ခပ်ပြတ်ပြတ်ပဲ တွေးကြည့်၏
ခပ်ဆတ်ဆတ်ပဲ မေးကြည့်မိ
ဆက်လမ်းလေလား ထွက်လမ်းလား
လွတ်လမ်းလေလား လည်လမ်းလား
တို့လှမ်းနေတဲ့ ခြေလှမ်းများ…။
လေးစားစွာဖြင့်
ဖိုးသား
8/3/2010, TUE:, 11:43:00 AM


August 4, 2010 at 6:54 AM
သိပ်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ ဓမ္မကဗျာလေးပါ။