Latest News

*သစ္စာရှာဖို့ မြင်းစီးသူ*


အလိုဗျာ အရှည်တွေးလိုက်တော့
အို ‘နာ’ သေ ဘေး မကြိုက်တော့တာမို့
စရိုက်ကိုပြင်
အကြိုက်ကို နှင်ပြီ
အလျင်သာသော့လော့ ကဏ္ဍက
ရင်မှာတော့ မချိပါဘူးလေ…။

အို…
ခန်းတွင်း ကုတင်မှာ
မွေ့ပျော်နေပါသော
‘ယ’ သော်ဓရာရေ..
တော်ရာမှာ
ပျော်သလိုသာ နေတော့ကွယ်။

ခင်နှမအပေါ်လေ..
မောင်တော်ဘုရား
မတရားပြုရက်တယ်လို့တော့
မစွပ်စွဲလိုက်ပါနဲ့
မုန်းရက်လေတာတော့
မဟုတ်ပါဘူး
သို့ပေမယ့်ကွာ
သစ္စာကိုရှာချင်တာမို့
အတိတ်ကပုံရိပ်တွေကိုခ၀ါချ
အကြင်နာတွေကိုစွန့်လွှတ်
အချစ်တွေကို သင်ပုန်းချေ
သွားပြီ ယသော်ဓရာရေ…။

အော်…
ရင်မှဖြစ်သော
ချစ်စရာ့ ‘က’ လေးငယ်
လူမမယ်စာမမြောက်
သားတော်ရာဟုလာရယ်
သားငယ်လေးကိုလည်း
ဖခမည်းတော်လေ
ရက်စက်လေတာ
မဟုတ်ပါဘူးကွာ..။

အသက်တမျှချစ်ပေမယ့်
လောကအကျိုးရှေးရှု
လောကလူသားတွေ
လွတ်မြောက်ရေးအတွက်
ငဲ့ကွက်ကာပင်
ချစ်ခြင်းကိုစတေးလို့
ခရီးအဝေးနှင်လိုက်ရပါပြီ
ကျန်ရစ်လေဦး သားတော်…။

ငါကိုယ်တော်လေ
ရင်တွင်းမှာပူနေပေမယ့်
သူသူငါငါ အကျိုးအတွက်
မှန်းလို့သာတွေးကြည့်တော့
နန်းကိုကျောခိုင်း
စိတ်ပိုင်းလိုက်ပြီ
လှမ်းပေတော့ ကဏ္ဍက။

ဒီကဗျာလေးက ကျွန်တော့်ကို လေလှိုင်းကြားကနေ သွန်သင် ဆုံးမှုတွေ အများကြီး ပေးခဲ့တဲ့ ဘုန်းဘုန်း ဦးနာယက ရဲ့ ဘွဲ့တော်ကို ကြည်ညိုသမှုနဲ့ ပူဇော် ရေးဖွဲ့ဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ ရေးခဲ့တာကတော့ ကြာပါပြီ.. 17.01.2009, SAT:, 07:31:29 AM တုန်းက ဘလော့ဂ် စာမျက်နှာမှာ ပထမဆုံး တင်ဖြစ်ခဲ့တာပါ.. “သစ္စာရှာဖို့ မြင်းစီးသူ” ဆိုတဲ့ ကဗျာနာမည်ကိုတော့ မြန်မာပြည်မှာတုန်းက ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ်ရဲ့ နာမည်ကို သဘောကျတာနဲ့ ယူသုံးလိုက်တာပါ။ ဘုန်းဘုန်း ဦးနာယကဟာ ကျွန်တော်နဲ့ ပထမဆုံး အွန်လိုင်းကနေ စတင် သိကျွမ်း ရင်းနှီးမိတဲ့ ဆရာတော်လည်း ဖြစ်ပါတယ်.. ဒီ ၂-နှစ်အတွင်းမှာ ဘုန်းဘုန်း လိုမျိုးပဲ ကျွန်တော့်နဲ့ အွန်လိုင်းကနေ ရင်းနှီးပြီး သွန်သင် ဆုံးမပေးခဲ့တဲ့ ဆရာတော်တွေလည်း တော်တော်များများ ရှိပါတယ်..။ ကျွန်တော့် အပေါ်တော့ တော်တော် ကျေးဇူးများခဲ့ကြတာပါ..။

ဘုန်းဘုန်း ဦးနာယကာ လင်္ကာရ

အခု ဒီကဗျာလေးကို ထပ်တင်မိတဲ့ အကြောင်းက.. ညက ကျွန်တော် ဘုန်းဘုန်းနဲ့ ပြန်တွေ့ဖြစ်ပါတယ်.. ဘုန်းဘုန်း အွန်လိုင်းမှာ ပျောက်နေတာ ကြာပါပြီ။ လေးငါးလလောက်ကို ရှိပြီ။ ဘုရားဖူး သွားသလိုလို၊ တရားစခန်း ၀င်နေသလိုလို သတင်းသာ ရခဲ့ပေမယ့် သေချာ တိကျတဲ့ အဖြေတော့ မရခဲ့ပါဘူး..။ ပြောရရင် ပုထုဇဉ် ကျွန်တော့်အနေနဲ့ ဘုန်းဘုန်း ပျောက်နေတဲ့ ဒီကာလအတွင်း ကိုယ့် ဆရာသမားကို သတိရ လွမ်းတယ်ပေါ့.. သတိရမိတိုင်း မေတ္တာပို့မိပေမယ့် လွမ်းတဲ့ စိတ်ကတော့ ပျောက်မသွားဘူး..။ ဟော.. ခုလိုလည်း ပြန်တွေ့မိတော့ တော်တော် ၀မ်းသာမိတယ်ဗျာ.. တကယ်..။ ဒါနဲ့ပဲ အလွမ်းပြေတဲ့ အနေနဲ့ကော၊ မြတ်စွာဘုရား အလောင်းတော် ဘ၀ကို ပြန်ကြည်ညိုမိတဲ့ အနေနဲ့ပါ ဒီကဗျာလေးကို ပြန်တင်လိုက်တာပါ။

ဒီလို အလွမ်းပြေနေတုန်း “သတ္တ၀ါတွေဟာ ကိုယ့်ကို ချမ်းသာပေးတယ်ထင်ရင် လိုက်တွယ်တာပဲ” ဆိုတဲ့ ပိုင်းလော့ ဆရာတော်ဘုရားရဲ့ အဆုံးအမကို သတိရမိ လိုက်သေးတယ်..။ တစ်ဆက်တည်း “လောကမှာ တစ်ဦးနဲ့တစ်ဦး ချစ်ကြတယ်ဆိုတာ ချမ်းသာပေးတုန်းလေးပါ” ဆိုတဲ့ ဆုံးမ စကားသံကလည်း ကျွန်တော့် အာရုံမှာ ပဲ့တင်ထပ်သွားလေရဲ့..။

တွယ်နေတာတွေကနေ လွတ်အောင်တော့ ရုန်းရပါဦးမည်။

လေးစားစွာဖြင့်
ဖိုးသား
8/20/2010, FRI:, 12:49:12 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. Harrah's Casino Hotel and Spa, Phoenix - MapyRO
    Harrah's 계룡 출장샵 Casino Hotel and Spa. Phoenix, AZ. 영주 출장안마 777 Casino Drive. Phoenix, 당진 출장샵 United States. Phone: (480) 662-5000. Website: www.harrahsparks.com/. Harrah's Casino. 777 Casino Drive, Maricopa, AZ 화성 출장안마 85139 남원 출장마사지

Leave a Reply