Latest News

*ရေပြင်အင်းယား (သို့) အတွေးနယ်ကျွံ*


မွေးရပ်မြေ ရန်ကုန်နဲ့ အဝေး တစ်နေရာ ရောက်နေတဲ့ ရောင်းရင်း နောင်တော် ညီငယ်များ အားလုံး မွေးရပ်မြေ ရန်ကုန်နဲ့ အတူ အင်းယား ရေပြင် ကိုပါ လွမ်းဆွတ် နေလောက် ရောပေါ့။ ဒီကဗျာ လေးက သင်တို့ရဲ့ လွမ်းဆွတ် မှုတွေကို တစိတ် တဒေသ လောက်တော့ သက်သာ စေမလားပဲ။ ဒီကဗျာ လေးကိုတော့ ကျွန်တော် ရန်ကုန် လှေလှော် အသင်းမှာ သွာရောက် လေ့လာ သင်ယူခဲ့ စဉ်အခါက ရေးစပ်ခဲ့ တာပါ။ 08.02.2007, SAT: မှာ အချော ထည် ရေးပြီး ခဲ့ပါတယ်။ *ရေပြင် အင်းယား* တဲ့ …။

ရေပြင်အင်းယား၊ လေကစား၍
လူးလားတောင်မြောက်၊ ရှေ့နောက်မကျန်
ဆင်းသဏ္ဍာန်မြလွှာ၊ လှိုင်းတွန့်လာက
ဟိုလာဒီရောက်၊ ဟိုပေါက်ဒီနား
ဟိုသွားဒီပြန်၊ ခေါက်တုန့်ဆန်သည်
ကြွင်းကျန်ရစ်ဆောင်း၊ နွေဦးပြောင်းချိန်။

လှေနှင်ဆင်းကစား၊ ငါ, အများ, သူ
အသွားအပြန်၊ အဆန်အစုန်
လေဟုန်ကိုခွင်း၊ အားကြိုးတင်း၍
ပဲ့နင်းကိုင်သူ၊ တက်ကိုင်သူနှင့်
ညီတူစိတ်ထား၊ လှော်ခတ်သွားမှ
လိုလားပန်းတိုင်၊ တက်လှမ်းနိုင်မည်
အနိုင်နွှဲကြ၊ မြူစစချိန်။

လှေယာဉ်ခွင်းသွား၊ တက်, ကစားစဉ်
ရေလွှားဖွေးဖွေး၊ လွင့်ပြေးဘယ်ညာ
ယိမ်းနွဲ့ကာလျှင်၊ ရေလွှာပေါ်ကျ
ကျွန်းရိပ်ခ၍၊ စိမ်းမြအသွင်
အရိပ်ဆင်ပြောင်း၊ ရေပြင်မာယာ
တွေ့မြင်လာမိ၊ သင်လည်းသိစေ
အင်းယားရေသည်၊ နွေလေရောယှက်
လှိုင်းဂယက်ထ၊ ကြက်ခွပ်ခပြီ
အလှထပ်ဆောင်း၊ ဟေမာန်နှောင်းချိန်။ ။

ဒီကဗျာ လေးကို စာသား လေးတွေ ဖတ်ပြီး ခံစား နိုင်ရုံ သာမက သဘော လေးထည့် ပြီး ခံယူ ကြည့်ရင် လည်း ရပါ သေးတယ်။ ဘယ်လို သဘော လေးတွေလည်း… ကျွန်တော် တောင် ကိုယ်ရေး ထားတဲ့ ကဗျာ လေးကို ခုမှပဲ သဘော ထည့်ကြည့် မိတယ်။ တကယ်ပါ ခု စာရိုက် နေတုန်းမှ စဉ်းစား မိတာ..။ ကျွန်တော် စဉ်းစား ခံယူ မိတာလေး တစ်ချက် လောက် ပြောကြည့် ရအောင်။

>>>ပထမအပိုဒ်…
ကျွန်တော် တို့ဘ၀ တွေကို မကြာ ခဏ ၀င်ရောက် ထိုးနှက် လေ့ရှိတဲ့ လောကဓံ ရှစ်ပါးကို ဖော်ကြူး နေသလိုပဲ..။ လောကဓံ ဆိုတဲ့ လေတိုက် လိုက်တဲ့ အခါ ကျွန်တော် တို့ဘ၀တာ ဟိုလာ ဒီရောက်၊ ဟိုပေါက် ဒီနား၊ ဟိုသွား ဒီပြန်….။ နောက် တစ်မျိုး.. လေ ဆိုတဲ့ တဏှာ ကြောင့် ကျွန်တော်တို့ ဘ၀ လေးတွေ သံသရာ ၀ဲဂယက် မှာ ဟိုလာ ဒီရောက်၊ ဟိုပေါက် ဒီနား၊ ဟိုသွား ဒီပြန်၊ ခေါက်တုန့် ဆန်နေ ရတာ..၊ လေ ဆိုတဲ့ သမု ဒယ သစ္စာ (အကြောင်း တရား) ကြောင့် ဒီ ရေလွှာ ဟာ ဟိုရောက် လိုက် ဒီရောက် လိုက်နဲ့ ဒုက္ခ သစ္စာ (အကျိုးတရား) ခံစား နေရ တာ..။ အဲ.. နောက် တစ်ချက် .. ကြွင်းကျန် ရစ်ဆောင်း၊ နွေဦး ပြောင်းချိန် ဆိုတာ လေးကလည်း ဖြစ်ပြီး ပျက်သွားတဲ့ သဘောလေး မဟုတ် ဘူးလား ဗျာ.. ။

>>>ဒုတိယအပိုဒ်
လေဟုန် ကိုခွင်း၊ အားကြိုး တင်း… လှေလှော် ပြိုင်ပွဲ တစ်ခုမှာ အနိုင် ရရေး အတွက် အားမာန် တွေထည့်ပြီး စိတ်ဓါတ် ညီညီ ဇွဲရှိရှိနဲ့ လှော်ခတ် ရသလို ဘ၀ဆိုတဲ့ တိုက်ပွဲ ဆင်နွှဲ ရာမှာ လည်း ဘယ် ဒုက္ခ နဲ့ပဲ ကြုံကြုံ၊ ဘယ်လို အခက် အခဲနဲ့ပဲ တွေ့တွေ့ စိတ်ဓါတ် မလျှော့ရ ဘူးနော်… ၊ သတ္တိ ရှိရှိ စိတ်ဓါတ် ပြင်းပြင်း ရဲရဲ ၀ံ့ဝံ့နဲ့ ဆန်တက် ရလိမ့်မယ်..။ ကျွန်တော် တွေးတာ သဘော ကျရဲ့လား.. ။ တစ်ဆင့် ထပ်တက် ကြည့်ရင် ကျွန်တော် တို့တစ် တွေဟာ ဒီရ ခဲလှတဲ့ လူ့ ဘ၀ကို ရခဲ့ကြ ပြီးပြီ။ ဒါကြောင့် ဒီဘ၀ ဒီခန္ဓာ ဆိုတဲ့ လှေကို အသုံးချပြီး နိဗ္ဗာန် ဆိုတဲ့ နောက်ဆုံး ပန်းတိုင် ရောက်အောင် ကိလေသာ တဏှာဆိုတဲ့ ရေပြင်ကို သတိဆိုတဲ့ အား မာန်လေး ထည့်ပြီး ၀ိပဿနာ လှော်တက်နဲ့ ဇွဲရှိရှိ အားသန်သန် လှော်ခတ် လိုက်ရင် တော့ အသင်္ခတ ဆိုတဲ့ နိဗ္ဗာန် ပန်းတိုင်ကို အရောက် လှမ်းနိုင် မှာပေါ့ ဗျာ.. ဟုတ်ရဲ့ လား.. ။

>>>ကဲ နောက်ဆုံးပိုဒ်
*လှေယာဉ်ခွင်းသွား၊ တက်ကစားစဉ်
ရေလွှားဖွေးဖွေး၊ လွင့်ပြေးဘယ်ညာ
ယိမ်းနွဲ့ကာလျှင်၊*

ခုန ဒုတိယ ပိုဒ်မှာ ပြောခဲ့ သလို ဘ၀ တိုက်ပွဲကို ဇွဲသန်သန် အားရှိရှိ ရုန်းရင်တော့ အရှုံး ဆိုတဲ့ ရေလွှာ လေးတွေ အဝေးကို လွင့်စင်ပြီး…

*ကျွန်းရိပ်ခ၍၊ စိမ်းမြအသွင်
အရိပ်ဆင်ပြောင်း၊*

အောင်မြင် မှုဆိုတဲ့ အရိပ် လှလှ လေးတွေ သင့်ထံကို လာရောက် ခစား ပါလိမ့် မယ်… ။ ဒီလို ဆိုရင်တော့ မိတ်ဆွေ လိုချင်တဲ့ ပန်းတိုင်ဟာ အောင်မြင်မှု အဆင် တန်ဆာ လေးတွေနဲ့ တအားကို လှပသွား ပါလိမ့်မယ်.. ။ ကျွန်တော့် ထုံးစံအတိုင်း ဘာသာ ရေးဘက် ဆက်နွယ်ပြီး ထပ် စဉ်းစား ရအောင်.. (အဲ ဒါနဲ့ .. ဖတ်ရတာ မောနေ ပြီလား မိတ်ဆွေ … ဖတ် လက်စနဲ့ သည်းခံပြီး ဆက်ဖတ် လိုက်ပါဗျာနော်.. ပြီးတော့ မှာပါ..)

*လှေယာဉ်ခွင်းသွား၊ တက်ကစားစဉ်
ရေလွှားဖွေးဖွေး၊ လွင့်ပြေးဘယ်ညာ
ယိမ်းနွဲ့ကာလျှင်၊*

ကိလေသာ တဏှာ ဆိုတဲ့ ရေပြင်ကို သတိ ဆိုတဲ့ အားမာန် လေးထည့်ပြီး ၀ိပဿနာ လှော်တက်နဲ့ ဇွဲရှိရှိ အားသန်သန် လှော်ခတ် လိုက်တဲ့အခါ တဏှာ ရေလှိုင်း တွေဟာ အဝေး ဘယ်ညာကို လွင့်ပြေးသွား ပါလိမ့်မယ်…။ ဒါတင်မက သင် ၀ိပဿနာ လှော်တက်နဲ့ တစ်ချက် လှော်လိုက်တိုင်း မဂ်ဆိုတဲ့ လှိုင်းဂယက် လေးတွေဟာ နွေဦး အလင်းရောင် နဲ့အတူ ငြိမ့်ညောင်း လှပ ကြက်ခွပ်ခ လာပါ လိမ့်မယ်...။ ဒါ့အပြင် ဒီအသုံးချခံ ခန္ဓာ လှေကြီးဟာ လည်း ဖြစ်ပျက် ကင်းတဲ့ နိဗ္ဗာန် ပန်းတိုင် ဆီကို တရိပ်ရိပ်နဲ့ ပြေးနေတော့ တာပဲဗျို့..။

လေးစားစွာဖြင့်
ပြည့်စုံအောင်

11/19/2008, TUE:, 00:09:43
http://sonesiyar.blogspot.com/
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply