Latest News

ဆင်နေ့မွေးသူများသိစေရန်

၁။ ဆင်ဖိုးထက် ချွန်းဖိုးကြီး
၂။ ဆင်သေကိုဆိတ်သားရေနဲ့ဖုံး
၃။ ဆင်အိပ်ရာ ဆိတ်နှိုး
၎။ ဆင်တစ်ကောင်လုံး အမြီးကျမှတစ်
၅။ ဆင်ဝှေ့ရန်ရှောင်
၆။ ဆင်မယဉ်သာ
၇။ ဆင်အဆင်း မြင်းအတက်
၈။ ဆင်ပိန်ကျွဲ
၉။ ဆင်ကြည်စားတော့ ဆိတ်မခံသာ
၁၀။ ဆင်သွားရင်လမ်းဖြစ်
၁၁။ ဆင်ဖြူတော်မှီပြီး ကြံစုပ်
၁၂။ ဆင်ကန်းတောတိုး
၁၃။ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့သကဲ့သို့
၁၄။ အမြင်မတော် ဆင်တော်နှင့်ခလောက်
၁၅။ မမြင်မကန်း ဆင်စမ်းတဲ့နည်း
၁၆။ စိတ်ဆင်ရိုင်း ချွန်းနဲ့အုပ်

ကဲ…ကျွန်တော့်မှာ မှတ်သားထားသလောက် ရေးပေးလိုက်တာပါ။ ဒီစကားပုံလေးတွေဖတ်ပြီး ကိုယ့်ကိုယ်ကို အားမနာတမ်း
ဆန်းစစ်ကြည့်လိုက်ပါ..ကိုယ်ဘာတွေပြုပြင်ဖို့လိုအပ်နေလဲလို့။
မိတ်ဆွေတို့ဆီမှာများ ဆင် စကားပုံလေးတွေရှိသေးရင် ကျွန်တော့်ဆီမျှဝေပါဦး။ သြော်…ဒီအထဲက ဆိတ်က ဘာနေ့သားလဲ
မသိဘူးနော်။ တကယ်လို့များသိရင် ပြောပြပေးပါလား။ ဆင်နဲ့ဆိတ်အမျိုးတော့ မတော်လောက်ဘူးလို့ ထင်ပါတယ်။
ဒါနဲ့ကိုဆင့်ကို မှာရဦးမယ်။ အကောင်ကြီးတယ်ဆိုပြီး အနိုင်လိုက်မကျင့်ရဘူးနော်။


လေးစားစွာဖြင့်
ပြည့်စုံအောင်

28.10.2008, TUE:, 11:10 pm
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply