Latest News

န၀ရတ်ကိုးသွယ်

အခုရေးမယ့် အကြောင်းအရာများကိုတော့ စာရေးဆရာ ချစ်ဦးညို ရဲ့ န၀ရတ်ကိုးသွယ် စာအုပ်မှ ထုတ်နုတ်ထားခြင်း ဖြစ်ပါတယ်။
ဒီစာအုပ်ကိုတော့ ကျွန်တော် 29.3.2007, THUR: နေ့ကဖတ်ဖြစ်ခဲ့တာပါ။ ရဟန်းဘောင်ဝင်ခါနီး ညီငယ် နောင်တော်
များအတွက် ရည်ရွယ်ပါတယ်။ ကဲ..အသင်ပုရိသယောက်ျား…သင်ရဟန်းပြုတော့မယ်ဆိုရင်တော့ ဒီ ကိုးချက်နဲ့ သင့်ကို အရင်ဆုံး
မေးမြန်းဆန်းစစ်လိမ့်မယ်ဗျ။

၁။ ကုဋ္ဌံ ဂဏ္ဍော၊ ကိလာသော၊ သောသေ၊ အပမာရော
ရဟန်းလောင်း သင့်၌ နူနာ၊ ချောင်းဆိုး၊ ကုတ်ဟီးနာ၊ ရူးသွပ်နာ စသည်တို့ ရှိကုန်သလော။

၂။ မနုေဿသိ
ရဟန်းလောင်း သင်သည် လူသားစင်စစ် ဖြစ်ပါသလော။

၃။ ပုရိသာ အတ္တ
ရဟန်းလောင်း သင်သည် ယောက်ျားစင်စစ် ဖြစ်ပါသလော။

၎။ ဘုဇိဿာ အတ္တ
ရဟန်းလောင်း သင်သည် ကျွန်အဖြစ်မှ ကင်းလွတ်သူ ဖြစ်ပါသလော။

၅။ အနုဏောသိ
ရဟန်းလောင်း သင်သည် ကြွေးမြီကင်းသောသူ ဖြစ်ပါသလော။

၆။ နုသိရာ ဇသဋာ
ရဟန်းလောင်း သင်သည် မင်းခယောက်ျားမှ ကင်းလွတ်သူ ဖြစ်ပါသလော။

၇။ အနုညာတောသိ မာတပိတူဟိ
ရဟန်းလောင်း သင်သည် မိခင်၊ ဖခင်တို့ ခွင့်ပြုပြီးသူ ဖြစ်ပါသလော။

၈။ အရိပုဏ၀ီသတိ ၀ေဿာသိ
ရဟန်းလောင်း သင်သည် အသက်နှစ်ဆယ်ပြည့်ပြီးသူ ဖြစ်ပါသလော။

၉။ ပရိပုဏေတေ ပတ္တစီဝရံ
ရဟန်းလောင်း သင်သည် သပိတ် သင်္ကန်းပြည့်စုံသူ ဖြစ်ပါသလော။

နံပါတ် ၈ နဲ့ ၉ မှာပါတဲ့ ဏ တွေက နှစ်လုံးဆင့် ခင်ဗျ။ ကျွန်တော့် စက်ကရိုက်မရလို့။ တောင်းပန်ပါတယ်ဗျာ။

လေးစားစွာဖြင့်
ပြည့်စုံအောင်

29.10.2008, WED:, 06:51 am
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply