Latest News

အလျားအနံမရှိပါ သို့သော်

ကိုဝင်းမြင့်ဇော်: ဖြစ်တိုင်းရုပ်နာမ် ပျက်သည့်ဟန်ကို သတိဉာဏ်ပြု ဆင်ခြင်ရှုက ဒုက္ခစုသာ ဉာဏ်မှာထင်လတ် တဏှာပြဿဒ် မဂ္ဂင်ဖျက်၍ ဒုက္ခခပ်သိမ်း ငြိမ်းစေအပ်၏။
7:30 PM အကိုတရားတစ်ပုဒ် ပို့ထားတယ် ညီလေး
အေးဒီတရားကို သေချာဂရုစိုက်ပြီး အလေးနက်ထားနာပါ
me: ဟုတ်ကဲ့
ညီသေချာဖတ်ပါ့မယ်အကို
7:31 PM ကိုဝင်းမြင့်ဇော်: နာရမှာ ညီလေး
မိုးကုတ်ဆရာတော်ဘုရားကြီး တရားပါ
me: အော်..ဟုတ်ကဲ့အကို
ညီက စာလားလို့
7:32 PM ခုလေးတင် အကို့ကဗျာဖတ်ပြီးဆင်ခြင်နေတာ
7:33 PM ကျေးဇူးစကားတော့ မပြောတော့ပါဘူးအကို
ကိုဝင်းမြင့်ဇော်: ရုပ်နာမ်ဖြစ်ပျက် အကြံစွပ်၍ သတိဆက်ကာ ဆင်ခြင်မှတ်ပါ....
me: စကားတွေက အရာမထင်ပါဘူး
ဟုတ်ကဲ့
7:34 PM ကိုဝင်းမြင့်ဇော်: မှတ်ပါ အခါခါ ကိလေသာပါး အသွားကြိုးပြတ် ဝဋ်ကျွတ်လွတ်မည်
7:35 PM me: ဟုတ်ကဲ့အကို
7:37 PM ကိုဝင်းမြင့်ဇော်: ဤတရားကို မလိုနှလုံး အဝိဇ္ဇာအပြုံးနှင့် အခွင့်မဆုံးလေနဲ့
7:38 PM မိုက်လေသမျှ မိုက်ချေးရွ၍ အပယ်ဘဝမှာ ကမ္ဘာအလီလီ ခံရချီရဲ့
7:39 PM me: ညီဖတ်ပြီးဆင်ခြင်နေတယ်အကို
ကိုဝင်းမြင့်ဇော်: မနှောင်းမှီပြင် ရှင်သန်ဆဲမှာ တရားမြဲဖို့ လုပ်ကြစို့လား အဆွေများတို့...
7:40 PM နှိုးဆော်လို့နေပါတယ်....ကျွဲပါးဝယ် စောင်းတော်တီးသလိုပ မဖြစ်ကြလေနှင့်
အခွင့်ကြုံခိုက် အမိုက်ဘဝမှ ရုန်းကြပါ...
7:41 PM ရုန်းမှာသာ လွတ်မှာမို့ ကြုံးဝါးကာ မာနမထောင်နဲ့
7:43 PM ဒုက္ခချဲ့လို့ မတော်ပေ...
7:44 PM အဆွေတို့ရယ်...
7:48 PM ဒါကတော့ ညီလေးရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ကို အကိုက ကဗျာစပ်ပြီး ဖော်ထုတ်ပြတာပေါ့
me: ဟုတ်ကဲ့
7:49 PM ညီသေချာပြန်ဖတ်ကြည့်လိုက်ဦးမယ်အကို
7:50 PM သူငယ်ချင်းက အခွေကြည့်မယ်ဆိုလို့ကမန်းကတန်းဖတ်နေရလို့
ကိုဝင်းမြင့်ဇော်: ရုပ်နာမ်ဖြစ်ပျက် အကြံစွပ်၍ သတိဆက်ကာ ဆင်ခြင်မှတ်ပါ....
မှတ်ပါ အခါခါ ကိလေသာပါး အသွားကြိုးပြတ် ဝဋ်ကျွတ်လွတ်မည်...
ဤတရားကို မလိုနှလုံး အဝိဇ္ဇာအပြုံးနှင့် အခွင့်မဆုံးလေနဲ့
မိုက်လေသမျှ မိုက်ချေးရွ၍ အပယ်ဘဝမှာ ကမ္ဘာအလီလီ ခံရချီရဲ့....
မနှောင်းမှီပြင် ရှင်သန်ဆဲမှာ တရားမြဲဖို့ လုပ်ကြစို့လား အဆွေများတို့...
နှိုးဆော်လို့နေပါတယ်....ကျွဲပါးဝယ် စောင်းတော်တီးသလိုပ မဖြစ်ကြလေနှင့်
အခွင့်ကြုံခိုက် အမိုက်ဘဝမှ ရုန်းကြပါ...
ရုန်းမှာသာ လွတ်မှာမို့ ကြုံးဝါးကာ မာနမထောင်နဲ့
ဒုက္ခချဲ့လို့ မတော်ပေ...
5 minutes
7:56 PM ကိုဝင်းမြင့်ဇော်: ညီက တစ်ခြားသူတွေကို ပြောလိုတဲ့စကားကို အကိုက ကဗျာဖွဲ့ သဘောထည့်ပြီး ရေးပေးတာပါ...
8:01 PM me: ဖတ်လေသမျှ၊ သဲရေကျလို၊ မရဖြစ်ရပ်၊ ညီမဖတ်ပါ။ အမြတ်တရား၊ ဖတ်မှတ်ပွားကာ၊ ရှုပွားနေမည်၊ ဖြစ်နေပျက်နေ၊ မှတ်ကာနေမည်၊ တသွေမတိမ်း၊ ဖြစ်ပျက်ငြိမ်းအောင်၊ ဆက်ထိန်းဝန်တာ၊ ထမ်းရွက်ပါမည်၊ စိတ်သာချပေ၊ အစ်ကိုရေ...။
ကိုဝင်းမြင့်ဇော်: ဝမ်းမြောက်ရတယ် ညီလေး
8:02 PM me: ဟုတ်ကဲ့အကို
ကိုဝင်းမြင့်ဇော်: လိမ္မာတယ်ညီလေး..
8:04 PM ဧကော ဓမ္မော...တစ်ခုတည်းသော ဖြစ်ပျက်ဓမ္မအပေါ်မှာ သတိထား၊ ဝီရိယစိုက်၍ ပညာနဲ့ ရှုပါ
8:05 PM me: အစ်ကို့ရဲ့ လိမ္မာတယ် ဆိုတဲ့စကားကို ဆက်ထိန်းနိုင်အောင် ညီ ကြိုးစားပါ့မယ်
ဟုတ်ကဲ့အစ်ကို
ကိုဝင်းမြင့်ဇော်: ဧကောဓမ္မော ဆိုတာသည် တစ်ခုတည်းသော တရားပဲ..တစ်ခုတည်းသော စိတ်ရဲ့ပျောက်သွားပြီ.. ပျောက်သွားပြီနဲ့ အစိုးမရ ဖြစ်နေပျက်နေရတာကို
8:06 PM မြင်လာရင် ချမ်းသာဟူ၍ မရှိ ဆင်းရဲခြင်းအတိသာ ပဲ လို့ မြင်လာပါလိမ့်မယ်
လောကမှ ကြောင်းကျိုးဆက်နေတဲ့တရားပဲ ရှိတယ်
သူ ငါ ယောက်ျားမရှိ
8:07 PM အဲဒီကြောင်းကျိုးဆက်နေတဲ့တရားကလည်း ဆင်းရဲကြောင်းနဲ့ ဆင်းရဲကျိုးပဲ
သုခမဖက် ဒုက္ခဆက်မှန် ဝိပဿနာဉာဏ်လွှမ်းရင် မြင်ပါလိမ့်မယ်
me: ဟုတ်
ကိုဝင်းမြင့်ဇော်: ထင်ရှားပါလိမ့်မယ်
8:08 PM ညီအခုအချိန်ကာလမှာ ညမှာဖြစ်ဖြစ် ဘုရားခန်းထဲသို့ သွားပြီး ထိုင်ပါ
ညမဖြစ်ရင် မနက်အစောကြီးထပြီး ရှုပါ
အခုညီဉာဏ်နေတွေ တက်နေတယ်...
me: ဟုတ်ကဲ့
8:09 PM ကိုဝင်းမြင့်ဇော်: အားမာန်အတွက် လှော်တက်ပြင်ဆင် ပန်းတိုင်ဝင်၏ တဲ့ဗျ
me: ညီ့ကိုယ်ညီမသိဘူး
ကိုဝင်းမြင့်ဇော်: အခုလည်း ညီက ဉာဏ်ဟုန်အတက် ဖြစ်ပျက်ဆင်ခြင် မဂ္ဂင်ထင်မည် ညီလေး
အခု အားထည့်ပြီး လုပ်ပေးပါ
ညီလေးသဘောပေါက်လာပါလိမ့်မယ်
ဝီရိယ စိုက်ပေးပေါ့နော်
8:10 PM အခုအချိန်မှာ သူတစ်ပါးကို ပြောလိုတဲ့စိတ်က ပေါ်တိုင်းပျောက်သွားရတဲ့တ၇ားပါ
အဲဒါကိုပါ မလွတ်အောင် ဆင်ခြင်
me: ဟုတ်
ကိုဝင်းမြင့်ဇော်: အခု တရားတစ်ပုဒ်ကို တော့ အမြန်ဆုံးနဲ့ နာလိုက်ပါ
me: ဟုတ်ကဲ့
8:12 PM ကိုဝင်းမြင့်ဇော်: ပြီးတော့ ညီမနက်စောစောလေးထပြီး ခြေထောက်ကို မထပ်ပဲ ဘယ်ခြေထောက်အတွင်း၊ ညာခြေအပြင်ချပြီး (ခြေထောက်ကို မထပ်ဘဲ ) ကိုယ်ကို မတ်မတ်ထားပြီး မရှုခင် စိတ်ကိုတည်ငြိမ်စွာထား၍ မေတ္တာပို့ပါ
me: ဟုတ်
ကိုဝင်းမြင့်ဇော်: ပြီးတော့ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်အဆုံးကို မြင်အောင် ရှုမယ်ဆိုတဲ့
စိတ်ကို ပိုင်းဖြတ်၍ လုပ်ပါ ညီလေး
8:13 PM အကို ညီကို အားရနေတယ်
ယုံကြည်စွာနဲ့ လုပ်ပေးပါ..
me: ဟုတ်ကဲ့အကို
ကိုဝင်းမြင့်ဇော်: အေးအေး ညီလေး
အကိုယုံကြည်ပါတယ်...
8:14 PM me: ဖြစ်အောင်လုပ်ပါ့မယ်အကို
ရိုသေလေးစားလျက်ပါ
ကိုဝင်းမြင့်ဇော်: လူနဲ့စကားအများကြီး မပြောနဲ့
me: ဟုတ်
ကိုဝင်းမြင့်ဇော်: တစ်ယောက်တည်းနေပြီး ဆင်ခြင်နေ
me: ဟုတ်ကဲ့
8:15 PM ကိုဝင်းမြင့်ဇော်: အလုပ်တစ်ခုပြီးအောင် အရင်လုပ်ပြီးရင် လူတွေနဲ့ ပြန်ပြီးနေတတ်လာလိမ့်မယ်
အကို အောက်ပြီ ညီလေး
လေးစားပါတယ်...
me: ဟုတ်အကို
လေးစားလျက်ပါ

မိတ်ဆွေတို့လည်း ခွင့်သာခိုက်မှာ အသင့်လိုက်ပါနိုင်ပါစေ။ လိုက်ပါနိုင်အောင်လည်း အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...

လေးစားစွာဖြင့်
ပြည့်စုံအောင်

08.11.2008, SAT:, 08:49 am
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply