Latest News

*ဖိုးတွမ်တိအရှင်သခင်အား လက်သည်ရှာခြင်း*

မင်္ဂလာပါ ဓမ္မမိတ်ဆွေတို့..

>>>ဒီတစ် ခါတော့ ကျွန်တော် လိမ်လည် မှုလေး အကြောင်း နည်းနည်း ပြောချင် ပါတယ်။ လိမ် လည်မှု တစ်ခု ဖြစ်မြောက် ဖို့အတွက် လိမ်လည် သူနဲ့ အလိမ် ခံရ သူတော့ ရှိရမှာ ပေါ့ နော။ ကဲ.. ကောင်းပြီ ဒီနေ ရာမှာ လိမ်လည် သူက ဘယ်သူ လဲ အလိမ် ခံရ သူက ဘယ်သူလဲ။ ကြည့်လိုက် ကြရအောင်။

>>>လိမ်လည်သူ = တဏှာ
>>>အလိမ်ခံရသူ = ကျွန်တော် တို့ မိတ်ဆွေ တို့ အပါ အ၀င် တစ်လော ကလုံးမှ သတ္တ၀ါများ

ဟုတ်ပြီ .. ဒီ လိမ်လည် သူ တဏှာ ကို လက်သည် ရှာမယ် ဆိုတော့ ကာ..

ကျေးဇူး တော် အရှင် မိုးကုတ် ဆရာတော် ဘုရား ကြီးက ဒီလိမ်လည် မှုမှာ သရဖူ ဆောင်း ဗိုလ်စွဲ နေတဲ့ ဒီ တဏှာ ရဲ့ လက်သည် ကို အခု လိုရှာ ဖွေပြ ထားခဲ့ ပါတယ် ခင်ဗျာ။

*တဏှာ ဘာ ကြောင့်ဖြစ်
ယထာ ဘူတ ဥာဏ် ဆိုတဲ့ ဟုတ်တိုင်း မှန်စွာ သိတဲ့ဥာဏ် မရှိလို့တဲ့

*ယထာ ဘူတ ဥာဏ် ဘာကြောင့် မရှိ သလဲ
အကြား အမြင် ဗဟု သုတ မရှိလို့။ လွယ်လွယ် ပြောရရင် တရားနာ နည်းလို့။ နာတယ် ဆိုရာ မှာလည်း သစ္စာ တရား၊ ပဋိစ္စ သမုပ္ပါဒ် တရား ကိုဆို လိုတာ ခင်ဗျ။

*အကြား အမြင် ဘာကြောင့် မရှိ သလဲ ဆိုပြန် တော့
ကလျာ ဏမိတ္တ ဆိုတဲ့ မိတ် ဆွေစစ် ဆရာကောင်း သမား ကောင်းကို မရှာ လို့တဲ့

*ဘာကြောင့် ဒီလို ဆရာ ကောင်း သမား ကောင်းကို မရှာ သလဲ ဆိုပြန်တော့
စီစစ် တတ်တဲ့ ဥာဏ်မ ရှိလို့ ပါတဲ့

နောက် တစ်ဆင့်
*စီစစ် တတ်တဲ့ ဥာဏ် ကလည်း ဘာလို့ မရှိတာလဲ
နှလုံး သွင်း မမှန် လို့ (အယော နိသော မနသီ ကာရ ဖြစ်လို့) ပါတဲ့

*ဒီ နှလုံးသွင်း ကလည်း ဘာလို့ မမှန် တာလဲ လို့ နောက်ကြောင်း ထပ်လိုက် ပြန်တော့
အ၀ိဇ္ဇာ ဆိုတဲ့ မသိမှု ကြောင့် ပါတဲ့

*ဒီ အ၀ိဇ္ဇာ ကလည်း ဘာကြောင့် ဖြစ်သလဲ လို့ လက်သည် ရှာ ကြည့် လိုက်တော့
အာသ၀ ကြောင့် ပါတဲ့။ အာ သဝေါ တရား ဆိုတာ ကတော့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ တရား တွေပေါ့။

ထပ်ချဲ့ ကြည့် လိုက်ရင် အာသဝေါ တရား လေးပါး ဆိုတာ သည် ကာမ သဝ၊ ဘဝါ သဝ၊ ဒိဋ္ဌာ သဝ၊ အ ဝိဇ္ဇာ သဝ တို့ပါ။ မြန်မာ လိုဆို ရင်တော့
*ကာမ သဝ ဆိုတာ သည် ကာမဘုံ ၁၁ ဘုံ ၌ တပ်မက် နှစ် သက် သော လောဘ တဏှာ
*ဘဝါ သဝ ကတော့ ရူပ ဘုံ ၁၆ဘုံ အရူပ ဘုံ ၄ ဘုံ ဆိုတဲ့ ဗြဟ္မာ့ ဘုံတွေ ကို တပ် မက်သော လောဘ တဏှာ
*ဒိဋ္ဌာ သဝ ကတော့ မှားသော မိစ္ဆာ အယူ၊ ဒိဋ္ဌိ စေသ သိက်တွေ ပေါ့
*အဝိဇ္ဇာ သဝ ကတော့ သစ္စာ ဉာဏ် အမြင် ကို ဖုံးလွှမ်း ပိတ်ပင် တားဆီး တတ်သော မောဟ ပေါ့
အား လုံးခြုံ ကြည့် လိုက်ရင် လောဘ၊ ဒေါသ၊ မောဟ တွေပါ ပဲ။

ကဲ နောက်ဆုံး အဆင့်
*အာသ၀ကကော ဘာကြောင့် ဖြစ်ရသလဲ ဆိုပြန်တော့
ဝိပဿနာ အလုပ် အားမထုတ်လို့ပါတဲ့

ကဲ ကောင်းပြီ .. ပြောင်းပြန် အတိုင်း ဒီတ ဏှာရဲ့ လက်သည် တွေကို သိပြီး တဲ့နောက် အစဉ် အတိုင်း လေးလည်း သိဖို့ လိုပါ သေးတယ်။ ဘယ်လို အစဉ်လေး လဲဆို တာ ထပ်ပြီး မှတ်သား လိုက်ပါဦး မိတ် ဆွေတို့။

*၀ိပဿနာ မလုပ်လို့ အာသ၀ပေါ်
*အာသ၀ ကြောင့် အ၀ိဇ္ဇာပေါ်
*အ၀ိဇ္ဇာ ကြောင့် အယောနိသော မနသီကာရဖြစ်
*အယောနိ သော မန သီကာ ရကြောင့် စီစစ် တတ်တဲ့ ဥာဏ် မရှိ
*စီစစ်တတ်တဲ့ ဥာဏ် မရှိလို့ ကလျာ ဏ မိတ္တ မရှာ
*ကလျာဏမိတ္တ မရှာ လို့ အကြားအမြင် မရှိ
*အကြားအမြင် မရှိ လို့ ယထာဘူတ ဥာဏ် မရ
*ယထာဘူတဥာဏ် မရ လို့ တဏှာ ဆိုတာ ပေါ်လာ ရတာ ပါပဲ ခင်ဗျာ။

ဒီ နေရာ လေးမှာ ကလျာ ဏမိတ္တ ဆရာ ကောင်း သမား ကောင်း ရှာမှီး သင့်ပုံနဲ့ ပတ် သတ်ပြီး မြတ်စွာ ဘုရားရှင် က အရှင် အာ နန္ဒာ ကို မိန့် ကြား ဖူးတာ ရှိပါ တယ်။

ရှင်တော် မြတ်ဘုရားက အရှင် အနန္ဒာ ကို
*ညီတော် အာနန္ဒာ ကလျာဏ မိတ္တ သည် တရား ရဖို့ ဘယ်လောက် အကူ အညီ ရသလဲ လို့ မေးတော် မူပါ တယ်။ ဒီအခါ အရှင် အာနန္ဒာ က
=ထက်ဝက် အကူ အညီ ရပါတယ် လို့ ဖြေတော် မှုတယ်။ ဒါကို ဂေါတမ ဘုရား ရှင်က
*မင်း သာဝက ဥာဏ် (သေးသိမ် တဲ့ဥာဏ်) လေးနဲ့ ပြောနေ တာပဲ၊ စင်စစ် သူမ ပါရင် တရား မရ ဘူးလို့ လုံးလုံး ဆို၊ သူ့ကြောင့် ရတာ လို့ လုံးလုံး ဆိုလို့ ပြန်လည် မိန့်ကြား တော် မှုပါ တယ်တဲ့ မိတ်ဆွေ တို့။

++ဒီလောက် ဆိုရင် တဏှာ ရဲ့ လက်သည် ကိုရှာ တွေ့ ပြီလို့ ပြောလို့ ရသလို ကလျာ ဏမိတ္တ သည် တရား ရဖို့ ဘယ်လောက် အရေးကြီး ကြောင်း ကိုလည်း သိလောက် ပါပြီနော်။ အားလုံးပဲ မမေ့ မလျော့ မပေါ့ မဆ မြဲမြံသော သတိ တရား တို့ ဖြင့် ကိုယ်စီ ကိုယ်ငှ ပြည့်စုံ နိုင်ကြ ပါစေလို့ ဆန္ဒပြု လျက်..

လေးစားစွာဖြင့်
ပြည့်စုံအောင်

01.12.2008, MON:, 08:29:21 pm
http://sonesiyar.blogspot.com/

မှတ်ချက်။ ။အထက်ပါ တရားအား အောက်ဖော်ပြပါ လင့်တွင် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။
http://titsartayar.0fees.net/wordpress/?p=17
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply