ရုပ်နာမ်ဖြစ်ပျက် ၊ အကြံစွက်၍
သတိဆက်ကာ ၊ ဆင်ခြင်မှတ်ပါ....
မှတ်ပါ အခါခါ ၊ ကိလေသာပါး
အသွားကြိုးပြတ် ၊ ဝဋ်ကျွတ်လွတ်မည်...
ဤတရားကို ၊ မလိုနှလုံး
အဝိဇ္ဇာအပြုံးနှင့် ၊ အခွင့်မဆုံးလေနဲ့…
မိုက်လေသမျှ ၊ မိုက်ချေးရွ၍
အပယ်ဘဝမှာ ၊ ကမ္ဘာအလီလီ
ခံရချီရဲ့...
မနှောင်းမှီပြင် ၊ ရှင်သန်ဆဲမှာ
တရားမြဲဖို့ ၊ လုပ်ကြစို့လား
အဆွေများတို့...
နှိုးဆော်လို့နေပါတယ်
ကျွဲပါးဝယ် စောင်းတော်တီးသလိုပ
မဖြစ်ကြလေနှင့်…
အခွင့်ကြုံခိုက်
အမိုက်ဘဝမှ ရုန်းကြပါ...
ရုန်းမှသာ လွတ်မှာမို့
ကြုံးဝါးကာ မာနမထောင်နဲ့
ဒုက္ခချဲ့လို့ မတော်ပေ
အဆွေတို့ရယ်...။ ။
>>ကျွန်တော် တရား အရ သာတွေ စတင် ထိတွေ့ ခံစား မိတော့ သူတစ် ပါးကို သိ စေချင်၊ ပြောပြ ချင်တဲ့ ဆန္ဒ တွေက တအား ကို ပြင်းထန် ခဲ့ပါတယ်..။ ဒီ သဘော လေးကို ပေါ်လွင် သွား အောင် အစ်ကို ၀င်းမြင့် က ရေးစပ် ဖော်ကျူး ပြီး ကျွန်တော့် ဆီ ပေးပို့ ခဲ့တဲ့ ကဗျာ လေးပါ..။ အားလုံး ပဲ *မမေ့ မလျော့ မပေါ့ မဆ မြဲမြံ သော သတိ တရား တို့ဖြင့် ကိုယ်စီ ကိုယ်ငှ ပြည့်စုံ ကြပါစေ* လို့ ကျွန်တော် ပြောပြ သတိ ပေးရုံ ကလွဲပြီး ဘာမှ မတတ် နိုင်တော့ ပါဘူး။ ကိုယ်တိုင် အားထုတ် ဖို့ပဲ လိုပါ တော့ တယ်။ ကြိုးစား အားထုတ် နိုင်ကြ ပါစေ ဗျာ..။
လေးစားစွာဖြင့်
ပြည့်စုံအောင်
29.11.2008, SAT:, 07:54:27 am
0 comments