Latest News

*အရှင်သာဓိနနှင့် ဆွေးနွေးမှု (၂)*

အရှင်သာဓိန



2:32 PM me: အရှင်ဘုရား မင်္ဂလာပါ။
တပည့်တော် တရားလေးတွေနာ စာလေးတွေစရေးတော့ တပည့်တော်အစ်ကို တစ်ယောက်ကပြောတယ်
စာရေးတာက စိတ်ပျံ့လွင့်စေတယ် ညီလေးတဲ့။ ခုချိန်မှာ ဓါးထက်အောင် အရင်သွေးရမယ်တဲ့။ ဓါးထက်ရင် အပင်ခုတ်ရပိုလွယ်တယ်တဲ့ဘုရား။ ဒါလေးနဲ့ပတ်သတ်ပြီး ဘုန်းဘုန်း တပည့်တော်ကို အကြံပေးလမ်းညွှန်ပါဦးဘုရား။

2:33 PM အရှင်သာဓိန: ဟုတ် မောင်ပြည့်စုံ

me: တင်ပါ့
2:34 PM သူကတော့တရားအားထုတ်တာကို ဦးစားပေးခိုင်းတာပေါ့ဘုရား
ကိုဝင်းမြင့်ပါ

အရှင်သာဓိန: အေး
2:36 PM အေး မောင်ပြည့် ဟုတ်တယ် ကိုဝင်းမြင့်က လက်တွေ့ကို ပိုသန်နေပီလေ

me: တင်ပါ့ဘုရား

2:37 PM နောက်တစ်ခုက ဖဿ ပစ္စယာ ဝေဒနာမှာ ဖဿကို သမုဒယ သစ္စာယူပြီး ဝေဒနာကို ဒုက္ခသစ္စာ ယူလို့ရသလား ဘုရား။ တပည့်တော်ဆိုလိုတာက အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့သဘောပါ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်ဆိုတဲ့သဘောပါ
2:38 PM ကိုဝင်းမြင့်လည်းမေးဖူးမယ်ထင်တယ်ဘုရား

2:41 PM အရှင်သာဓိန: ကိုဝင်းမြင့်ကတော့ မမေးဘူးသေးဘူးကွ၊ အကြောင်းနဲ့အကျိုးမှာ အဲဒီအခါမှာတော့ ဖဿဟာ ဟုတ်တာပေါ့ အကြောင်းတရား၊ ဝေဒနာက အကျိုးတရားဆိုတော့ အကျိုးချုပ်ချင်ရင် အကြောင်း အရင်သတ်ရမယ်ဆိုတော့ ဖဿက ဒီနေရာမှာ အကြောင်းတရား သမုဒယလိုဖြစ်တာပေါ့ ဒါပေမယ့် သမုဒယသစ္စာဆိုတဲ့နာမည်ကလည်း လောဘဆိုတဲ့ တဏှာကိုပဲ တရားကိုယ်လေ သူက အဲဒီနာမည်ယူပီးသားဆိုတော့ ဖဿက သမုဒယသစ္စာဆိုတဲ့အမည် မရနိုင်တော့ဘူးလေ ညီ၊ သမုဒယဆို လောဘ တဏှာရဲ့အမည်ဖြစ်တယ် သူပိုင်ထားပီးသားလေ

2:42 PM me: တပည့်တော်စက်ပြောင်းလိုက်ဦးမယ် ဘုန်းဘုန်း
တင်ပါ့ဘုရား

အရှင်သာဓိန: အေးအေး


2:44 PM me: နောက်တစ်ခုမေးချင်တာက လောဘက တဏှာဆိုတော့ သမုဒယသစ္စာထဲမှာ.. ဒါပေမယ့် ဖြစ်ပြီး ပျက်သွားတဲ့ သဘောလေးရှိလို့ ဒုက္ခသစ္စာ လည်းယူလို့ရတယ်လို့ နာဖူးတယ်
အရှင်ဘုရားရဲ့ အမြင်လေး ပြောပြပါဦး ဘုရား
2:46 PM အဲ.. ယူလို့ရတယ်လို့တော့မဟုတ်ဘူး
အဲဒီသဘောရှိတယ်လို့နာဖူးတာပါ
ဘုန်းဘုန်း

2:47 PM အရှင်သာဓိန: အဲဒါက လောဘကို မပြောတော့ဘူးလေ ဖြစ်ပျက်ဆိုတဲ့သဘောလေးကို ပြောတာ အဲဒါကျတော့ ဖြစ်ပျက်ရှိလို့ ဒုက္ခသစ္စာပြောတာ၊ အဲဒီခါကျတော့ လောဘ တဏှာ မဟုတ်တော့ဘူး

me: တင်ပါ့ဘုရား နားလည်ပါပြီ

2:48 PM အရှင်သာဓိန: အေးအေး သူ့နေရာလေးနဲ့သူ ပရမတ္ထတရားတွေဟာ ကိုယ်ပိုင်သဘော အားလုံးမှာရှိတယ်၊ သူတို့ရဲ့ ကိုယ်ပိုင် လက္ခဏာတွေကနေ ဘယ်တော့မှ မပြောင်းဘူး

2:49 PM me: သူ့သဘောသူ ဆောင်တာပေါ့နော်ဘုရား

2:50 PM အရှင်သာဓိန: ဟုတ်တယ် သူ့သဘောကို သူ့ဆောင်တယ် သူ့သဘော သူမဆောင်တဲ့ အခါမျိုးမရှိဘူး၊ ဒါပေမယ့် တစ်ချို့နေရာလေတွေမှာ ထင်ယောင်ထင်မှားလေးတွေ ဖြစ်တတ်တယ်၊ လောဘဆိုပါတော့ လိုချင်တာ လောဘလေ၊ ဒါပေမယ့် ပေးချင်ကမ်းချင်လို့ဥစ္စာရှာတဲ့နေရာမှာ တကယ်တော့ ယူချင်တာ ရချင်တာပဲ အဲဒီလိုနေရာမှာကျတော့ သမ္မာဆန္ဒတဲ့ ဆိုလိုတာက ဒီနေရာမှာ ဆန္ဒပေါ့

2:52 PM me: တင်ပါ့ ဒီသဘောလေးတော့ တပည့်တော်ရှင်းပါတယ်ဘုရား စီးပွားကို လိုချင်မှုရမက်နဲ့ရုန်းကန်ရှာတာက လောဘ၊ တရားသိချင်လို့ ရုန်းကန်ကြိုးစားတာကတော့ ဆန္ဒပေါ့နော်ဘုန်းဘုန်း

2:53 PM အရှင်သာဓိန: လောဘတဲ့ လိုချင်တာကိုခေါ်တယ်၊ လောဘကြီးတယ်တဲ့ လိုချင်တာထက် တအားပိုလိုချင်လာရင် ၀ိသမ-မတရာသဖြင့် လိုချင်တယ်တဲ့
ဟုတ်တာပေါ့ မှန်လိုက်လေကွာ

me: တင်ပါ့

အရှင်သာဓိန: ထင်ယောင်ထင်မှားလေးတွေပေါ့

2:54 PM me: စိတ်ကို လှည့်စားတတ်တဲ့ တရာလေးတွေကိုတော့ တပည့်တော်ဖတ်ဖူးပါတယ်။ ဒါပေမယ့် မမှတ်မိတော့ဘူး

အရှင်သာဓိန: အေးပေါ့ အရေးပေါ်ရင် အကြောင်းရှိရင် ဖတ်ဖူးတာလေးတွေက ပေါ်လာတတ်ပါတယ်၊
အကြောင်းမတိုက်ဆိုင်သေးလို့ပါ

2:55 PM me: အရှင်ဆန္ဒာဓိက ရေးတာလေးပါ
တင်ပါ့ ဟုတ်မှာပါ
ကျေးဇူးပါပဲ ဘုန်းဘုန်း

2:56 PM ဘုန်းဘုန်း အချိန်တွေ အများကြီးပေးလိုက်ရပြီ

အရှင်သာဓိန: အေး ခု တစ်ယောက်နဲ့ပါ ချက်နေတယ် မောင် ညဏ်ထွန်းဝေဆိုလားပဲ

2:57 PM me: ဒီဆွေးနွေးတာလေးတွေကို တပည့်တော်ဘလော့မှာတင်ချင်တယ်ဘုန်းဘုန်း
ဥာဏ်ဝေထွန်းဘုရား
တပည့်တော်ပေးလိုက်တာ
သူက ညီ့ထက် ၂ နှစ်ငယ်တယ်

2:58 PM အရှင်သာဓိန: အော်အေးအေး ကောင်းတယ် ကောင်းမယ်ထင်တာလေးတွေ လုပ်ပေါ့ကွာ

me: တပည့်တော်ထက်* လို့ပြောတာဘုရား
အကျင့်ပါနေလို့ မှားသွားတယ်

အရှင်သာဓိန: ငါနားလည်ပီးးသားပါကွ နင်တို့အသုံးကို သိတယ်လေ

2:59 PM me: တင်ပါ့ဘုရား

3:00 PM အရှင်သာဓိန: အေးအေး

3:01 PM me: ဘလော့မှာတင်ဖို့ ခွင့်ပြုလားဘုန်းဘုန်း

3:02 PM အရှင်သာဓိန: အေး သေချာပိုင်းခြားစိစစ်ပီးမှ သုံးညီ၊ တင့်တယ်မှ ကောင်းတယ်

me: တင်ပါ့

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

လေးစားစွာဖြင့်
ပြည့်စုံအောင်

06.12.2008, SAT:, 10:26:48 am
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply