အရှင်သာဓိန
10:59 AM me: အရှင်ဘုရား ဘွဲ့အမည်လေး သိပါရစေ ဘုရား
အရှင်သာဓိန: ဟာ အဲဒီအကောင့်က ကျုပ်ဘွဲ့လေ ဘာလုပ်မလို့တုန်း
11:00 AM ကြောက်တောင်လာပီ
me: စာလုံးမပေါင်းတတ်လို့ပါဘုရား
11:01 AM အရှင်သာဓိန: မြန်မာလိုလား ဦးသာဓိန (သို့) အရှင်သာဓိန အကောင့်ထဲကတိုင်းဆို အရှင်သာဓိန လေ
me: တင်ပါ့ဘုရား
အရှင်သာဓိန: ခင်ဗျားနည်မည်က ပြည်စိုးအောင်လား
11:02 AM me: ပြည့်စုံအောင်ပါဘုရား
အရှင်သာဓိန: အော် အော် ကောင်းတယ် ရုရှားကလား
me: တင်ပါ့
အရှင်သာဓိန: အော်အော် ဘယ်အတန်းတက်နေတုန်း
11:03 AM me: ခုမှ ပထမနှစ်စရောက်တာဘုရား
ဒီနှစ်မှ ရောက်တာပါ
11:04 AM အရှင်သာဓိန: အော်အော် ဘယ်နယ် ဘယ်အရပ်ကလည်း ပြောချင်မှပြောနော်
me: ကွမ်းခြံကုန်းက ပါဘုရား ရန်ကုန်တိုင်းကပါပဲ
11:05 AM အရှင်သာဓိန: အော်သိတယ် ဘုန်းဘုန်းဆရာ ဒေါက်တာမြင့်လှိုင်လည်း ကွမ်းခြံကုန်းကပဲ
me: ဟုတ်လားဘုရား တပည့်တော်တော့ မသိပါဘူးဘုရား
11:06 AM အကောင့်လေး ပေးလို့ရမလားဘုရား
နယ်သားတွေဆိုတော့ သိထားချင်လို့ပါဘုရား
11:07 AM တခြားအကြောင်းမရှိပါဘူး
အရှင်သာဓိန: ဟုတ်ဘူးဗျ၊ ကျုပ်ဆရာတော်ခဲ့တာကိုပြောတာလေ၊ သူ့အကောင့်မရှိဘူး၊ ထေရ၀ါဒမှာ တက်တုန်းက ဆရာနဲ့ဆုံတာ အရမ်းသဘောကောင်းတယ်၊ ဘုန်းဘုန်းနဲ့အရမ်းခင်တယ်၊ သူက အင်္ဂလန်က ဒေါက်တာဘွဲ့ရတာ
11:08 AM me: အော် တင်ပါ့ဘုရား
တပည့်တော်က 24 နှစ်ထဲမှာပါဘုရား
11:09 AM အရှင်ဘုရားရဲ့ သက်တော်လေးဖြစ်နိုင်ရင် ပြောပြပါလား ဘုရား တပည့်တော်တို့ မစွမ်းနိုင်တာတွေကို ထမ်းဆောင်နေလို့ ကြည်ညိုလို့ပါဘုရား
11:10 AM အရှင်သာဓိန: အော်အော် အေးအေး ဘုန်းဘုန်း ထက် အများကြီးငယ်ပါတယ်ကွာ- အသက်က 40 ကျော်ပီ၊ 41 ထင်တာပဲ
ဟားဟား
me: တင်ပါ့
ဘုန်းဘုန်းက ဓမ္မာစရိယတက်နေတာလို့ ပြောတယ်
11:11 AM မှော်ဘီမှာပဲဆိုဘုရား
11:12 AM အရှင်သာဓိန: ဟာ ဟုတ်ဘူးဟဲ့၊ ငါက ဘုံဘေမြို့၊ ဘုံဘေတက္ကသိုလ်မှာ ပါရဂူတန်းတက်နေတာ၊ ဓမ္မာစရိယကတော့ ၂ ခုတောင်ပီးပီ၊ ရိုးရိုးရော၊ မဟာဓမ္မာစရိယကောရယ်
11:13 AM me: အော်တင်ပါ့ တပည့်တော်လူမှားတာ (ဘုန်းကြီးမှားတာ) ဖြစ်မယ်
ဒါဆိုဘုန်းဘုန်းက ဦးကောသူငယ်ချင်းပေါ့
11:14 AM အရှင်သာဓိန: အစစ်ပဲလေ၊ ဓမ္မစေတီနဲ့က ကျောင်းနေဘက်၊ အတန်းတူ၊ အဆိုးတူ၊ အကောင်းတူ၊ ဒါပေမယ့် ဘုန်းဘုန်းက ဦးကောထက်တော့ ငါးနှစ်လောက် ငယ်တာပေါ့
11:15 AM me: တင်ပါ့
တပည့်တော်နှောင့်ယှက်နေမိပြီထင်တယ်
11:16 AM အရှင်သာဓိန: မဟုတ်ဘူးလေ ဟယ် စကားဆိုတာပြောမှ မေးမှသိကြမှာကို ပြောပါ ငါလည်း အားနေပါတယ်
me: တင်ထားတဲ့ဓါတ်ပုံက ကိုဝင်းမြင့်ဓါတ်ပုံပါဘုရား .. အရှင်ဘုရားသိမှာပါ။ အရှင်ဘုရားဆီက တရားတွေမေးမေးနေတဲ့သူပါ
11:17 AM အရှင်ဘုရားရောမာရဲ့လားဘုရား
11:18 AM အဆင်ကောပြေရဲ့လား အဲဒီမှာ နေရ ထိုင်ရ တာပါ
11:20 AM အရှင်သာဓိန: ပြေတယ် ဒကာလေး၊ ကိုဝင်းမြင့်နဲ့ကတော့ ရင်းနှီးတယ်၊ သူ့အလုပ်တွေကို လည်း အားကျတယ်လေ သူပြောတာတွေကလည်း အဆင့်ရှိတယ်၊ ဆိုလိုတာက တကယ်လုပ်ပီးပြောတာတွေက အနှစ်ပါတယ်ပြောတာ ညီရေ
11:21 AM me: တင်ပါ့ တပည့်တော်ကိုလည်း ကိုဝင်းမြင့်ပဲ သွန်သင်ပေးနေတာပါဘုရား
အရှင်သာဓိန: အေးကောင်းတယ်ဟေ့
11:23 AM me: တင်ပါ့ဘုရား တပည့်တော်ကိုလည်း သွန်သင်ပါဦးဘုရား
11:24 AM အရှင်သာဓိန: အေးပေါ့ ပြောရမှာပေါ့ မသိတာရှိလည်း မေးလေ ဘုန်းဘုန်းသိရင် ဖြေမယ်၊ မသိရင် ရှာပေးမယ်
me: တင်ပါ့
တပည့်တော်တစ်ခုမေးပါရစေဘုရား
11:25 AM အရှင်သာဓိန: အေးမေး
11:26 AM me: သစ္စာသိအောင် ဟောပြောဆုံးမနိုင်တဲ့ ဆရာသမား (လူပုဂ္ဂိုလ်) နဲ့ သစ္စာတရားကို ဟောပြောဆုံးမနိုင်စွမ်းမရှိ တဲ့ မိဘနှစ်ပါးမှာ ဘယ်သူ့ကို ရှေ့တန်းတင် ဦးစားပေးသင့်ပါသလဲ ဘုရား ။ တကယ်လို့ မိဘစကားနားမထောင်ဘဲ အဲဒီ သစ္စာဟောပြနိုင်သူရဲ့ စကားပဲနားထောင်မယ်ဆိုရင် ဘယ်ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲဘုရား
11:28 AM အရှင်သာဓိန: အေး အဲဒါကို ရှည်၂ပြောမှ ကောင်းမယ် မိုက်နဲ့ပြောရအောင် နောက်ပီးမှ ပြောရအောင် ဘုန်းဘုန်းမြန်မာနဲ့ ကြုံတောင့်ကြုံခဲမို့ပါ
နော် ညီလေး
me: တင်ပါ့
ဝမ်းမြောက်လှပါတယ်ဘုရား
11:32 AM အရှင်သာဓိန: ဟုတ်ပီညီလေး ဘုန်းဘုန်းဒီပေါ်မှာအချိန်ပြည့်လောက်ရှိနေပါ
11:33 AM me: တပည့်တော်လည်း ရှိမှာပါဘုရား
အရှင်ဘုရားအားမှပါ
အရှင်သာဓိန: အေးအေး
________________________________________ 14 minutes
11:47 AM me: ဘုန်းဘုန်း တပည့်တော် ဟင်းချက်လိုက်ဦးမယ် ဘုရား။ မြန်ပါတယ် ။
ကြက်ဥပဲကြော်မှာပါ။
11:48 AM အရှင်သာဓိန: အေးအေး ညီလေး လုပ်ပါ အေးဆေးမှခေါ်မယ်လေ
me: တင်ပါ့
________________________________________ 20 minutes
12:09 PM me: အရှင်ဘုရား အားရင်းအခုဆွေးနွေးပေးပါလားဘုရား သူငယ်ချင်းကွန်ပျူတာ အားနေတုန်းပါ
သူတို့ကျောင်းကပြန်လာရင် မအားတော့ဘူးဘုရား
အရှင်သာဓိန: အေးအေး ပြောရအောင်
me: တင်ပါ့
>>> ဘာတွေပြောဖြစ်လဲဆိုတော့ ဒီမေးခွန်းမှာ အပိုင်းနှစ်ပိုင်း ရှိုတယ်တဲ့။ လောကီထဲမှာ နေရင်တော့ လောကီလောက်သာ ပြောဆိုဆုံးမနိုင်တဲ့ မိဘစကား နားထောင်တာနဲ့တင် လုံလောက်တယ်တဲ့။ အဲ.. လောကုတ်မှာ ကျင်လည်မယ်ဆိုရင်တော့ သစ္စာဟောပြောညွှန်ပြနိုင်သူရဲ့ စကားကို နားထောင်ရမှာပေါ့တဲ့။ ဘုရားလောင်း သိဒ္ဓထ မင်းသားကိုပဲ ဥပမာပေးသွားပါတယ်။ သိဒ္ဓထမင်းသားဟာ ဘုရားဖြစ်မယ့် အကျင့်ကို ကျင့်ဖို့ မိဘနှစ်ပါးရဲ့စကားကို အကြီးကျယ်ဆုံး ဆန့်ကျင်ခဲ့တာတဲ့။ ဘုရားရှင်နဲ့ မိဘသည် ဂုဏ်ရည်ချင်းမတူပေမယ့် မိဘစကားကိုလည်း ကောင်းတာဆို မပယ်ရှားသင့်သလို၊ ဘုရားစကားကိုလည်း နားထောင်ရမယ်တဲ့။ ဦးကောသလ္လ ပြောဖူးသလို *ငါ့အမေကိုတော့ ငါမချစ်ဘဲနေမလား ချစ်တာပေါ့.. အဲ ဒါပေမယ့် ငါ့အမေထက် ဒီလောကကြီးကို ပိုချစ်တယ်* ဆိုတဲ့ စကားအတိုင်းပေါ့ ညီရာ တဲ့။
အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသောသတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါစေလို့
ဆန္ဒပြု မေတ္တာထားလျက်…
လေးစားစွာဖြင့်
ပြည့်စုံအောင်
06.12.2008, SAT:, 09: 56:27 am
pyaesoneaung2007@gmail.com

0 comments