Latest News

*ယနေ့မှစ၍*

အစ်ကို မေးပို့ထားတယ် ညီလေး

12:03 AM me: ဟုတ်အစ်ကိုညီတွေ့ပါတယ် မေးကို
12:05 AM ညီ့မှာ အစ်ကို့ကိုပေးဖို့ထိုက်တန်တဲ့မွေးနေ့လက်ဆောင်မရှိဘူး အစ်ကို။ ညီပြုသမျှ ကုသိုလ်တွေပဲ အစ်ကို့ကို မွေးနေ့လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ။

၄၄: ညီအားထုတ်မှုသည် အကို့ရဲ့လိုအင်ဆန္ဒပါပဲ

12:06 AM me: ဟုတ် ညီဘာလို့လဲမသိဘူး အစ်ကို ၀မ်းနည်းနေတယ်အစ်ကို

၄၄: ညီအားထုတ်မှုသည် အကို့ကိုပေးတဲ့လက်ဆောင်ပါပဲ

12:07 AM me: အစ်ကို့စကားတွေကို အချိန်တိုင်း နားမထောင်နိုင်လို့ ၀မ်းနည်းတာထင်တယ်။

12:08 AM ၄၄: ပစ္စုပ္ပာန်တည့်တည့်ကို ကြည့်ပါ
ဝမ်းနည်းတယ်ဆိုတဲ့စကားက သိပ်ကောင်းတဲ့စကားမဟုတ်ဘူး
အပယ်ကိုသွားတဲ့စကား

me: အင်း... ထားပါ။ အစ်ကို စိတ်မကောင်းဖြစ်နေဦးမယ်။ ညီ ဘာမှ မဖြစ်တော့ဘူး။ လုပ်စရာရှိတာလုပ်တော့မယ်။

12:09 AM ၄၄: ညီကအလုပ်ကိုသိနေပြီပဲ
ရှိလည်းရှိနေပြီပဲ
12:10 AM ရှိတာကို တိုးပွားအောင် လုပ်ဖို့ပဲရှိတယ်

12:11 AM me: ဟုတ်ကဲ့ အစ်ကို။ ညီပြောပေါင်းလည်း များနေပါပြီ။ အချိန်တိုင်းသတိရအောင် အားစိုက်ဖို့ပဲ လိုနေတယ်အစ်ကို။

၄၄: အေးအေးညီလေး

12:12 AM me: ဟုတ်အစ်ကို ။ အစ်ကို့အမေလည်း ဒီအချိန်ဆို သေမင်းနဲ့စစ်ခင်းဖို့ တာစူနေလောက်ပြီနော်။

12:13 AM ရိုသေလေးစားပါတယ် အစ်ကို...

၄၄: လေးစားပါတယ်ညီလေး
12:14 AM အေးညီလေး.. အတိတ်ကိုတွေး ဖြစ်ဆဲလွတ်တယ်
အနာဂတ်တွေး ဖြစ်ဆဲလွတ်တယ်
ဖြစ်ဆဲလွတ်တော့ အမှန်မမြင်
အမှန်မမြင်တော့ အမှားခင်တယ်
အမှားခင်တော့ အပယ်ဝင်သည်
ဒါသည် ဖြစ်ဆဲကာလဖြစ်နေတာကို လွတ်သွားလို့
မမြင်လို့

12:15 AM အတိတ်က ပူးတူးလေးဘဝ၊ အမေကို အဖေရိုက်လို့ ငိုတာတွေ၊ အမေက ကိုယ့်ကိုမွေးလို့ ငိုတာတွေကို စဉ်းစားမနေပါနဲ့
12:16 AM ဒါတွေက စာအနေဲ့ကြည့်ရင် ရသမြောက်တယ်
တရားနဲ့ကြည့်ရင် သဘောလွတ်တယ်
အကိုပြောချင်တာက သိပ်မတွေးပါနဲ့
12:17 AM စာရေးရင် စိတ်ပျံ့လွင့်တယ်ဆိုတာ အဲဒါကို ပြောတာပါ
ဖြစ်ဆဲလွတ်တာသည် ဖြစ်ဆဲအာရုံပေါ်မှာ မသိခြင်းသော စိတ်လွှင့်သွားခြင်းပါပဲ
12:18 AM တို့က သေက္ခဆိုတဲ့ ကျင့်ဆဲပုဂ္ဂိုလ်ပါ
ကျင့်ဆဲပုဂ္ဂိုလ်သည် ယခုဖြစ်ဆဲ ရုပ်နာမ်အပေါ်မှာ သူ့သဘော သဘာဝအတိုင်း အမှန်သိရမယ်
အမှန်မသိရင် အမှားသိနေတာပဲ။
12:19 AM ကံလိုရင်တော့ ကံနယ်ကပြောလို့ရပါတယ်။
စကားလှလှတွေနဲ့ ဂုဏ်တွေတပ်ပြီးပြောလို့ရပါတယ်။
ဉာဏ်လိုရင်တော့ ဉာဏ်နယ်ကပြောရလိမ့်မယ်။
စကားကတော့ မလှပါဘူး။
ဒုက္ခသစ္စာပါတဲ့။
ဂုဏ်တွေ ဂုတ်တွေမရှိဘူး။
12:20 AM ဖောက်ပြန်ပျက်စီးနေတဲ့ သဘော သဘာဝ လက္ခဏာသက်သက်ပါပဲ။
ဒါတွေပဲ ကြည့်နေ၊ သိနေရမှာလားလို့ မေးခွန်း မေးနိုင်တယ်။
မကြည့်ချင်ရင် မကြည့်သလောက် သံသရာရှည်တယ်ဆိုတဲ့ အဖြေပဲ ပေးရလိမ့်မယ်။
12:21 AM သံသရာမပြတ်တဲ့ပုဂ္ဂိုလ်မှာ အမှန်မသိရင် မသိသလောက် သံသရာရှည်တာပဲ။
အကိုအခု ပြောနေတဲ့ စကားတွေက ဉာဏ်နယ်၊ ပရမတ်နယ်က အသားတင်ပြီးပြောတာပါ။

12:22 AM me: ဟုတ်ကဲ့

၄၄: ကံနယ်ကို အသားမတင်ပါဘူး။
ကံနယ်ကိုလည်း အကိုမပယ်ပါဘူး။
ဉာဏ်ရဖို့ ကုသိုလ်ကံတွေလည်း လုပ်ပါတယ်။
အခုဉာဏ်ရလို့ ဉာဏ်အလုပ်ပဲ လုပ်တဲ့သဘောပါ။

12:25 AM me: ဟုတ်ကဲ့ပါအစ်ကို။ ညီ အများကြီးလိုနေသေးတယ်။ ဒါတွေကို အရင်ဖြည့်ရမှာကို မဖြည့်ဘဲ မလိုတာတွေလုပ်နေမိတယ်။ အစ်ကို ခဏခဏ သတိပေးနေတဲ့ကြားက မိုက်နေတာ။ ပြင်မယ်အစ်ကို။ ညီပြင်ရမယ်။

၄၄: ပျက်အစဉ် ပြင်ခဏပါ
12:26 AM အေးအေးညီလေး
အလုပ်ကို အလေးမပေးတာသည် အလုပ်မလုပ်တဲ့သူတို့ရဲ့ သဘောဖြစ်သလို
အလုပ်ကို အလေးထားတာသည် အလုပ်လုပ်တဲ့သူတို့ရဲ့ သဘောပါပဲ
12:28 AM လုပ်အားမှ မစိုက်ရင် လခမရပါဘူး။
လခမရရင် ငတ်မယ်။
ငတ်ရင် ငတ်သေ သေရမယ်။

12:29 AM သံတုံးကို သံလိုက်အားပွတ်ပေးရတာ
ပွတ်တာက သန္ဒိဋ္ဌိကော
ပွတ်လိုက်တော့ သံခဲမှာ သံလိုက်ဓာတ်ကိန်းဝပ်သွားတာက ဩပနေယိကော
ပွတ်တဲ့အခါ သံလိုက်ဓာတ်ထွက်တာကတော့ အကာလိကောပေါ့
12:30 AM ထွက်လာတဲ့ သံလိုက်ဓာတ်က နဂိုသံတုံးမှာ ကိန်းဝပ်နေတာကတော့ ဩပနေယိကော
အဲဒီ ဩပနေယိကောကို အလွှမ်းမိုးခံထားရသူ။ အပွတ်ခံရသူပဲသိတာ
12:31 AM သံတုံး ဒီအတိုင်းထားလို့ အဘယ်မှာ သံလိုက်ဓာတ်ရှိလာပါလိမ့်မလဲ?
ဒါကြောင့် နာနာပွတ်ခိုင်းနေတာ
သံလိုက်က ပေးထားပြီးပြီလေ
မဂ္ဂင်ရှစ်ပါးပေါ့
ဝိပဿနာဉာဏ်ပေါ့
ဒါနဲ့ ပွတ်
12:32 AM ခန္ဓာကပြတဲ့တရားက သံတုံးပေါ့
ပွတ်သာ ပွတ်စမ်းပါ
မပွတ်လို့ ပွတ်ပါလို့ ပြောနေရတာ
ပွတ်မှ မိမိသန္တာန်မှာ တရားကိန်းလာမှာ
အေးဒီလောက်ဆိုရင် ညီနားလည်မှာပါ
12:33 AM အကိုက ကိုယ့်ကိုယ်ကိုလည်း ပွတ်ဖို့ အားပေးတယ်
ညီကိုလည်း အားပေးတယ်

12:34 AM me: ဟုတ်အစ်ကို..ညီ လုပ်မယ်။ နားလည်ပါတယ်အစ်ကို။ အသိခေါက်ခက် အ၀င်နက်နေတာ။ အစ်ကို မွေးနေ့မှာ... ညီမပြောတတ်တော့ဘူး.. အလုပ်တွေ များများလုပ်နိုင်ပါစေ။

12:36 AM ၄၄: အေးအေးညီလေး
12:37 AM ပုံမှန်သာဖြစ်အောင်လုပ်ပါ
ဟိုနေ့မို့လို့ ဒီနေ့မို့လို့တွေ ဖြစ်စရာမလိုပါဘူး
ဝိပဿနာအားထုတ်တဲ့သူကတော့ နေ့တိုင်း အခါကြီးနေ့ကြီးပါပဲ
နေ့တိုင်း မွန်မြတ်တဲ့နေ့
နေ့တိုင်း မင်္ဂလာရှိတဲ့နေ့ပါပဲ
12:38 AM ဝမ်းထဲမှာ ဘုရားအဆုံးအမ၊ တရားအသိ၊ သံဃာအဆုံးအမ တွေ ကိန်းဝပ်ပြီးတော့ တည်နေပါတယ်။
ဒါမှ ရတနာသုံးပါးကို အပြောကိုးကွယ်တာမဟုတ်၊ အဟုတ်ကိုးကွယ်တာပါ။

12:40 AM me: ဟုတ် အစ်ကို ညီရတနာသုံးပါးကို အပြော လွတ်အောင် ကိုးကွယ်ပါတော့မယ်။

12:41 AM ၄၄: အေးအေးညီလေး
ဖြစ်ပျက် တစ်ခါလောက် ဆုံးအောင် အားထုတ်ပါ
ဒါပြီးရင် မြဲသွားပြီ
ဒါမပြီးရင် ပြောရတဲ့စကားက ရှည်တတ်တယ်။
12:42 AM ဒါပြီးသွားရင်တော့ ပြောရတဲ့စကားကလည်း တိုသွားပြီ။ သံသရာလည်း တိုသွားပြီ။

me: ဟုတ်ကဲ့ပါ အစ်ကို။
12:43 AM လေးစားရိုသေလျက်ပါ။

၄၄: လေးစားပါတယ်။

လေးစားထိုက်သူများကို လေးစားလျက်
ဖိုးသား

09.12.2008, TUE:, 00:54:26 am
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply