အားလုံးဖတ်ရှု အကြုံနှိုးဆောင်ထုလို့ ဝေဖန်သုံးသပ်ကြပါစို့.. မှားရင် အကြံပေးပြုပြင်ကြပါ..မှန်ရင် နှလုံးသွင်းခံယူကြပါ
ကံမကုန် ဉာဏ်ဆုံကြသမို့ ဝဋ်ကျွတ်ဖို့ကျေးဇူးမျှော် နှိုးဆော်ကာ ဒါနပြု ထပ်တူအစုစုရကြပါစေ...
8:51 PM me: မင်္ဂလာပါအစ်ကို
8:52 PM ၄၇: အေး
မင်္ဂလာပါ
me: ညီ့ကိုဘာမေးချင်လို့လဲမသိဘူး
၄၇: အေးကွာ
အားရောအားလား
me: ဟုတ်ကဲ့
၄၇: မင်းကအလုပ်များတယ်
အကို့ကိုအားမနာနဲ့
me: ရပါတယ်အစ်ကို
8:53 PM ၄၇: တစ်ခြားမဟုတ်ပါဘူး။ မင်းအရင်နေ့ကတင်ထားတဲ့စာလေး။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ...... ဆိုတာကို ဘယ်လိုနားလည်ရမလဲလို့ပါ
8:54 PM me: သိချင်နေတဲ့သူတစ်ယောက်ကို ကိုယ့်ရင်ဘတ်မှာ လှံစိုက်နေရင်တောင် အဲဒီလှံကို အရင်မနုတ်ဘဲ သိချင်တဲ့သူကို အရင်ပြောပြရမယ်တဲ့။
ကိုဝင်းမြင့်ဆုံးမထားတာပါ
၄၇: အေးအေး
မနေ့ကတော့ လှံမစိုက်လို့ထင်တယ်
း)
စတာနော်
8:55 PM me: ဒိဋ္ဌေ ဒိဋ္ဌမတ္တံဆိုတာ သိရင်သိတယ် မြင်ရင်မြင်တယ် သူ့သဘောလေးအတိုင်း သိတာကို ဆိုလိုတာပါ။
မြင်ရင် မြင်ကာမျှ။ သိရင်သိကာမျှ .. စသဖြင့် သဘောထားတာကိုပြောတာ
8:56 PM ၄၇: သူ့ချည်းပဲလား
ဘာတွေပါရဦးမလဲ
me: ဦးဆန်းလွင်ရေးတဲ့ ကိုယ်တွေ့ဝိပဿနာမှာပါတယ်
၄၇: အကို့မှာ မရှိဘူးကွ
8:57 PM me: ညီ့မှာလည်း စာအုပ်ပဲပါတယ်
၄၇: ဟိုခေတ်က ဆရာကြီးရွှေဥဒေါင်းတို့တော့ အဲ့ဒိနည်းကိုသုံးကြတယ်ပြောသံကြားဖူးတယ်
သေချာနားမလည်လို့ပါ
8:58 PM me: အာရုံနောက်ကို မလိုက်ဘူး
၄၇: ဒါဆိုရင် ဖြစ်ပျက်နဲ့ ဘယ်လိုပြန်ကိုက်ရမလဲ
me: သူ့သဘောက
၄၇: အင်း
me: အစ်ကို ခဏလေးနော်
၄၇: အေးအေး
9:00 PM me: ဒါက စာသဘောမို့လို့ နှစ်မျိုးကွဲနေတယ်ထင်တာ။ အားထုတ်ကြည့်ရင် သိတယ်။
ဖြစ်ပျက်မြင်တာနဲ့ အော်တို ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ကသူ့အလိုလို ဖြစ်ပြီးသား အစ်ကို
9:01 PM ၄၇: အင်း
9:02 PM me: နောက်ကောအစ်ကို
9:03 PM ၄၇: ဖြစ်တိုက်း ပျက်တတ်သလားညီ။ ပျက်တိုင်းရော ဖြစ်တတ်သလား။ သူတို့က ဘယ်လိုမျိုးလည်း
9:05 PM me: အစ်ကို ဒါတွေက ပြောရင် နားလည်ရခက်တယ်။ အားထုတ်ကြည့်ရင် သိသာတယ်။ ဖြစ်ပြီး ရင်ပျက်တယ်ဆိုတာတော့ ဘုရားဟောမို့လို့ သံသယမ၀င်ပါနဲ့။
9:06 PM ပဋ္ဌါန်းဒေသနာမှာလည်း အဲဒါပါတယ်.. ဖြစ်ပျက်အကြောင်း
9:07 PM ခုအစ်ကို မေးတဲ့စကားတွေတောင် ပြောချင်တဲ့စိတ်လေးပေါ်လာပြီး ပျောက်သွားရတာပဲလေ
၄၇: အင်း
နောက်တော့ရော
9:08 PM me: ဘာလိုသေးလို့လဲအစ်ကို
9:09 PM ပဋိစ္စသမုပ္ပါဒ် ကို သဘောတရား အရင်နားလည်အောင် လုပ်ဖို့ ညီတိုက်တွန်းပါတယ်
၄၇: ပျက်တိုင်းရော ဖြစ်တတ်သလားလို့ကွာ
me: အဲဒီ အမေးက ဒိဋ္ဌိမလွတ်တဲ့အမေးအစ်ကို
9:10 PM ၄၇: ဘယ်လိုမလွတ်တာလဲညီ
me: ဘုရားက အဲဒီအယူကို သူမယူဘူးလို့ အတိအလင်းဟောထားတယ်အစ်ကို
9:11 PM အဲဒါသဿတ ဒိဋ္ဌိ
လောကမှာ အကြောင်းနဲ့ အကျိုးပဲရှိတယ်
9:12 PM အကြောင်းကို ချုပ်အောင်မလုပ်သ၍တော့ အကျိး ကပေါ်နေဦးမှာပဲ
ခဏလေး
9:13 PM ရပြီ အစ်ကို
စကိပြောင်းလိုက်လို့
9:14 PM ၄၇: ခဏလေး
9:15 PM me: ဟုတ်ကဲ့
9:18 PM ၄၇: restart ကျသွားလို့ညီ
ဆောရီး
9:19 PM me: ဟုတ်ရပါတယ်အစ်ကို
9:20 PM မနေ့က ညီလှံမစိုက်တာမဟုတ်ဘူး ။ ဆရာတော်နဲ့ပြောနေလို့
၄၇: ခုနကဟာလေးဆက်ပါဦးကွာ
အေးပါ
အကိုနားလည်းပါတယ်ညီ
မင်းကို တမင်စတာပါ
me: ဟုတ်
၄၇: စိတ်မဆိုးပါနဲ့
me: အာ .. ညီမဆိုးတတ်ပါဘူး
9:22 PM အကြောင်းရှိရင် အကျိုးဖြစ်တယ်။ အကြောင်းချုပ်ရင် အကျိုးချုပ်တယ်။ အဲဒါကို အစ်ကိုက ပျက်တိုင်းဖြစ်သလားဆိုတော့ ဒီနှစ်မျိုးထဲက တစ်ခုနဲ့မှ မကိုက်ဘူး
9:23 PM ဒါကြောင့်ဘုရားရှင်က အဲဒီ ဒိဋ္ဌိအယူကို သူမယူဘူးလို့ပြောတာ
၄၇: အင်း
9:24 PM အကျိုးရှိတိုင်းကော အကြောင်းဖြစ်လားညီ
9:28 PM me: အကျိုးတစ်ခု ဖြစ်ပြီဆိုတာနဲ့ ယင်းအကျိုးကိုချုပ်အောင်ထပ်မလုပ်ရင် နောင်တစ်ဖန်အကြောင်း ဖြစ်မယ်။
9:30 PM အကြောင်းနဲ့အကျိုးသည် ဘယ်လိုပြောမလဲ ဆက်စပ်နေတယ်လို့ပဲပြောရမှာပေါ့အစ်ကို
အစ်ကိုကော အားရဲ့လား
၄၇: အေး ဆက်စပ်တာပေါ့
အားတယ်ညီ
9:31 PM ခုနက ညီလေးပြောတဲ့ အကျိုးတစ်ခု ဖြစ်ပြီဆိုတာနဲ့ ယင်းအကျိုးကိုချုပ်အောင်ထပ်မလုပ်ရင် ဆိုတော့ အကျိုးကို ဘယ်လိုလုပ်မှ ချုပ်မှာလဲ
9:32 PM me: ၀ိပဿနာအလုပ်နဲ့ အမြစ်ပြတ်အောင် ဖယ်ရှားလို့ရတယ်လေအစ်ကို
9:33 PM ၄၇: ဒါဆို အကျိုးတရားတွေက ဘာတွေလဲ
me: အစ်ကို စကားပြောမလား
၄၇: အေး
ရပါတယ်
9:34 PM ကြားရတယ်
9:35 PM အသံတွေတအားဆူနေတယ်
ဝူးဝူးနဲ့
me: ညီ့ဆီကလား
9:36 PM ၄၇: အေး
အေး
ဟုတ်လား
me: ဟုတ်
၄၇: စာရိုက်တာပဲကောင်းပါတယ်ကွာ
အသံတွေတအားဆူနေတော့အာရုံမရဘူး
me: သူငယ်ချင်းတွေ အခွေကြည့်နေလို့ ။ ဟုတ်ကဲ့အစ်ကို
9:37 PM ၄၇: အော်
မိုက်ချလိုက်မယ်
me: ခဏလေး
၄၇: တအားဆူတော့ အာရုံစိုက်ရတာ အဆင်မပြေဘူးညီရာ
9:38 PM စိတ်မရှိပါနဲ့
me: ဟုတ်ရပါတယ်အစ်ကို
9:39 PM ၄၇: ခုနက အကိုမေးတဲ့ အကျိုးတရားတွေဆိုတာ ပဋိစ္စသမုပ္ပါဒ်မှာဆိုရင် ဘာတွေဖြစ်မလဲညီရာ
me: အကျိုးကတော့ ကိုယ်လုပ်တဲ့ အရာပေါ်မူတည်ပြီး ကွဲသွားတာပေါ့အစ်ကိုရာ
9:40 PM ၄၇: အင်း
me: လက်ယာရစ်အတိုင်းကြည့်ရင် အကြောင်းပြီးရင် အကျိုး။ ဥပမာ
9:41 PM အ၀ိဇ္ဖာသည် သင်္ခါ၇ရဲ့ အကြောင်း
၄၇: အင်း
me: ကျန်တာတွေလည်း အဲလိုပဲ
အဲဒါကို အနုလုံ လို့ခေါ်တယ်
၄၇: ညီလေးပြောပုံအရဆိုရင် ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ က အကျိုးတရားပေါ့
9:42 PM me: ပြောရရင် သံသရာလည်ကြောင်းပေါ့ လက်ယာရစ်ဆိုတာ
၄၇: အင်း
me: အဲလို အကုန်စုပြုံ မကြည့်နဲ့
၄၇: အေး
9:43 PM me: တစ်ခုချုင်းသုံးသပ်ပါ။ ပါဠိတွေ ကို သိပ်အာရုံမထားနဲ့အစ်ကို။ သဘောကို မြင်အောင်ကြည့်
၄၇: အေး
9:44 PM me: ညီပြောတာတွေ နားလည်ရဲ့လားအစ်ကို။ မရှင်းတာပြန်မေးပါ
၄၇: အကျိုးတရားကိုချုပ်အောင်လုပ်ရမယ်ဆိုတာကို အကိုက မရှင်းဘူးဖြစ်နေတာ
နားရှုပ်နေတာ
me: ဟုတ်
ဥပမာ။
9:48 PM ၀ိဥာဏ်ကြောင့် နာမ်ရုပ်ဖြစ်လာတယ်။ နာမ်ရုပ်ကြောင့် သဠာယတန ၆ ပါးဖြစ်လာတယ်။ အဲဒီမှာ ၀ိဥာဏ်သည် နာမ်ရုပ်ဖြစ်ဖို့အတွက် အကြောင်း။ နာမ်ရုပ်က အကျိုး။ ... အဲ.. ထပ်ဆက်ကြည့်တော့ နာမ်ရုပ်သည် အကျိုးဆိုပေမယ့် အဲဒီမှာ ဒီနာမ်ရုပ်ကို ချုပ်အောင် မလုပ်နိုင်ရင်.. သဠာယတနဖြစ်ပေါ်ဖို့အတွက် အကြောင်းပြန်ဖြစ်သွားရော။
9:49 PM ၄၇: အေး
9:50 PM me: အစ်ကုနားလည်လား မသိဘူး
9:51 PM ၄၇: အေး
နားလည်ရတာတစ်မျိုးပဲ
9:52 PM အကိုထမင်းနဲနဲလွေးလိုက်ဦးမယ်ညီရာ
ပြီးမှ ဆက်ပါဦး
ရလား
me: ဟုတ်ကဲ့လုပ်လုပ်အစ်ကို
ရပါတယ်
၄၇: ကျေးဇူးတင်တယ်ကွာ
me: ညီကပြောချင်နေတာိာုး
၄၇: ခုလိုရှင်းပြတာကို
9:53 PM me: စောင့်ရမှာပေါ့
၄၇: အေးပါကွာ
me: ဖြည်းဖြည်းစားအစ်ကို
ရပါတယ်
၄၇: အေးအေး
me: ညီ လှောင်တာမဟုတ်ဘူးနော်အစ်ကို ညီကိုယ်တိုင်ကပြောပြချင်လို့ပါ
22 minutes
10:16 PM me: အစ်ကို ခဏလေးနော် ညီဖြေထားတာနဲ့ပတ်သတ်ပြီး ဆရာတော်ကိုပြောပြနေလို့ပါ
10:17 PM အားပြီလားအစ်ကို
10:19 PM အစ်ကိုရှိလား
25 minutes
10:45 PM me: အစ်ကိုပြီးပြီလား
10:46 PM ၄၇: အေးလာပြီညီရေ
ခုမှပြီးတယ်
သူငယ်ချင်းတစ်ယောက်ကို ဖိုတိုရှော့ပြနေလို့ခဏကြာသွားတာ
ဆောရီ
10:47 PM me: ဟုတ်ရပါတယ်အစ်ကို
၄၇: ခုနကတရားလေဆက်ပါဦး
me: ဒါလေး ခဏဖတ်ကြည့်ပါနော်
၄၇: အင်း
me: ညီပြောတဲ့အထဲမှာ မှားသွားတာလေးရှိလို့
၄၇: အေးအေး
10:48 PM me: အရှင်သာဓိန: အေးပေါ့ ကောင်းပါတယ် ဒီထဲမှာ ဘုန်းဘုန်းသတိထားမိတာက ဖြစ်တိုင်းပျက်သလားနဲ့ ပျက်တိုင်းရောဖြစ်သလားတဲ့၊ အဲဒီမှာ ဒီလိုဖြေရမယ် ညီ၊ ဖြစ်တိုင်းကတော့ ပျက်တာ သေချာတယ်၊ ပျက်တိုင်းဖြစ်လားဆိုတာမှာကမှ အဓိက ဟုတ်တယ် ပျက်တိုင်းမဖြစ်ဘူး၊ နိဗ္ဗာန်ကိုရောက်သွားရင်တာက ကိလေသပရိနိဗ္ဗာန်ပြုတာကိုပြောတာမဟုတ်ဘူး ဒို့များမြတ်စွာဘုရားဟာ ကုသိနာရုံ မလ္လာမင်းတို့ဥယျာဉ် အင်ကြင်းနှစ်ပင်ကြားမှာ ခန္ဓပရိနိဗ္ဗာန်ပြုတယ်၊ အဲဒီအနိစ္စတရားဖြစ်ပီးသွားတော့ကား နောက်မဖြစ်တော့ဘူး၊ အကြောင်းတွေ အားလုံးချုပ်သလို အကျိုးတွေလည်း ပေါ်မလာတော့ဘူး လုံးဝဥဿုံကို ချုပ်ငြိမ်းသွားပီ၊ တခြားရဟန္တာများလည်း ဒီတိုင်းပဲ။ ဒီတော့ ဖြစ်တိုင်းပျက်တယ်၊ ပျက်တိုင်းတော့ မဖြစ်ဘူး ဟုတ်ပီလား ညီ
10:49 PM အစ်ကိုရလား
၄၇: ဟုတ်တယ်ညီ
ရတယ်
အဲ့ဒါကိုရှင်းသွားပြီ
me: နောက်ကောအစ်ကို
10:50 PM ၄၇: နာမ်ရုပ်သည် အကျိုးဆိုပေမယ့် အဲဒီမှာ ဒီနာမ်ရုပ်ကို ချုပ်အောင် မလုပ်နိုင်ရင်.. သဠာယတနဖြစ်ပေါ်ဖို့အတွက် အကြောင်းပြန်ဖြစ်သွားရော။ ဆိုတာကို သိပ်ဘ၀င်မကျဘူးညီရာ
ထပ်ရှင်းပါဦး
နာမ်ချုပ်ဖို့၊ ရုပ်ချုပ်ဖို့လုပ်ရမှာလား
10:53 PM me: အဲဒါ အကြောင်းနဲ့ အကျိုးကို ခွဲခြားပြတာလေအစ်ကို။ ချုပ်အောင်တော့လုပ်ရမှာပေါ့။*ချုပ်အောင် မလုပ်နိုင်ရင်.. သဠာယတနဖြစ်ပေါ်ဖို့အတွက် အကြောင်းပြန်ဖြစ်သွားရော။ * ဆိုတာက
အစ်ကို ရှင်းလေရှုပ်လေဖြစ်တော့မယ်ထင်တယ်။ စကားပြောလို့ရရင်ကောင်းမယ်။
10:54 PM ၄၇: စာနဲ့ရှင်းပါညီရာ
စာကိုသေချာဖတ်ရင်းနဲ့ပြောတာက ပိုကောင်းပါတယ်
ရိုက်နိုင်တယ်မိုလား
း))
10:55 PM me: ဟုတ် ကဲ့ ညီကြိုးစားပြီး ရှင်းပြမယ်နော်
၄၇: ရုပ်ကိုချုပ်အောင်လုပ်ရမယ်ဆိုရင် ဘယ်ရုပ်ကိုလုပ်ရမှာလဲ
10:56 PM ဒီရုပ်ကြီးကိုချုပ်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေရမဲ့သဘောလား
10:57 PM me: ကိုယ့်ကိုယ်ကိုသတ်သေတိုင်း ရုပ်ချုပ်တယ်လို့ ပြောရင်.. သတ်သေတဲ့သူတွေတိုင်း.. တော်ပြီအစ်ကို.. အဲလိုမယူရဘူးလေ...
10:58 PM ၄၇: အကိုရုပ်ချုပ်တာကို သဘောမပေါက်ဖြစ်နေတာညီရာ
အကိုဘယ်လိုယူရမလဲ
me: သတ်သေတိုင်း ဘယ်လိုလုပ်ရုပ်ကချုပ်မလဲ
အဲဒါလေး တော့အစ်ကို သိရဲ့သားနဲ့
10:59 PM ၄၇: အကိုသိတာက တစ်မျိုးဖြစ်နေလို့
ညီသိတာနဲ့ ကွာနေလို့အကိုကလိုက်နေတာ
me: အစ်ကိုသိတာလေး ပြေပြလေ
11:00 PM ရတယ်အစ်ကို သိသလိုတာပြော
11:01 PM ၄၇: ကိုကြားဖူးတာက အကျိုးကို ချုပ်အောင်လုပ်တာ မဟုတ်ဘဲ အကြောင်းကို ချုပ်အောင် လုပ်တာပဲ ကြားဖူးထားတာ
ညီက အကျိုးကို ချုပ်အောင်လုပ်ရမယ်ဆိုတော့ အကိုနဲ့က ပြောင်းပြန်ဖြစ်နေတော့ နားမလည်ဖြစ်နေတာ
me: ပြောင်းပြန်မဟုတ်ဘူးလေအစ်ကို
11:02 PM ၄၇: ပြောင်းပြန်မဟုတ်ပေမဲ့လွဲနေသလားလို့
11:04 PM me: အဲဒီ နေရာလေးမှာ နာမ်ရုပ်က သဠာယတနအတွက် အကြောင်းပြန်ဖြစ်သွားတယ်လေ
ပြောင်းပြန်မဟုတ်ဘူး
အဲဒီမှာ ၀ိဥာဏ်ကို ထည့်မစဉ်းစားနဲ့လေ
ဖြစ်ပြိးသွားပြီ
11:05 PM ၄၇: အင်း
ဒါဆိုရင် ဖဿ ဖြစ်ဖို့အတွက် သဠာယတနက အကြောင်းပေါ့
me: ဒါပေါ့အစ်ကိုရ
11:06 PM ၄၇: ဖဿမဖြစ်ချင်ဘူးဆိုရင် သဠာယတနကို ဘာလုပ်ပစ်ရမလဲညီ
11:09 PM me: သဠာယတနကကို ချုပ်အောင်ပဲလုပ်ရမှာ.. ဒါပေမယ့် သဠာယတန ၆ ပါးမှာ စိတ်ကိုပဲ စောင့်ကြည့်ရမှာ..
11:10 PM ၄၇: ဒါဆိုရင် သဠာယတနကြောင့်၊ ဖဿဖြစ်၊ ဖဿကြောင့် ဝေဒနာဖြစ်၊ ဝေဒနာကြောင့် တဏှာဖြစ်မယ် ညီရာ။
11:11 PM ဒီလိုဆိုရင် ဝေဒနာကို ချုပ်အောင်လုပ်ရမလား တဏှာကို ချုပ်အောင်လုပ်ရမလား
11:13 PM me: အစ်ကို ကိုယ်တိုင်တရားတွေ အရင်နာပါ။ အားထုတ်တာကို အရင်မလုပ်ပါနဲ့ ။ အဲ... တရားနာရာမှာလည်း သစ္စာတရားကို ရွေးနာပါ။ မသိခင်မှာ မေးခွန်းတွေက တအားများတယ်။ သိသွားရင် ကိုယ်မေးချင်တဲ့ မေးခွန်းကို ကိုယ်ကိုယ်တိုင် ပြန်ဖြေလာနိုင်လိမ့်မယ်။
11:14 PM ၄၇: အင်း
11:16 PM me: တဏှာကိုမကူးအောင်လုပ်ရာမှာ.. ဖဿကနေ မကူးအောင်လုပ်လည်းရတယ်။ ဝေဒနာက မကူးအောင်လုပ်ရင်လည်းရတယ်.. အဲဒါပေမယ့် တဏှာဖြစ်သွားပြီဆိုရင်တော့ တစ်ပတ်ပြန်လည်သွားပြီအစ်ကို .. ဒါကြောင့်တဏှာကနေတော့ ချုပ်အောင်လုပ်၍ မရပါဘူးအစ်ကို
11:17 PM ၄၇: အင်း
11:19 PM me: ညီပြောတာကို အစ်ကိုနားလည်မှာပါ.. ဆရာလုပ်တာမဟုတ်ပါဘူး... ဖြစ်စေချင်လို့ပါ.. ညီလည်းသိသလောက်လေးပြောပြရတာပါ
၄၇: အေးပါညီရာ ခုလိုရှင်းတာကိုပဲ ကျေးဇူးအများကြီးတင်ပါတယ်
စိတ်ရှည်လက်ရှည်နဲ့ စာတွေအများကြီးရိုက်ပေးတာကို တော်လှပြီ
11:21 PM me: အာ .. ညီက စာမရိုက်ချင်လို့ မဟုတ်ဘူးအစ်ကို.. စကားနဲ့ဆိုတော့ အသွားအလာပိုမြန်တာပေါ့.. ဒါပေမယ့်စာရိုက်လိုက်တော့လည်း အစ်ကိုပြန်ဖတ်ချင်ရင် ဖတ်လို့ရတာပေါ့အစ်ကိုရာ
၄၇: အေး
နောင်ဖတ်တော့လည်း အဆင်ပြေတာပေါ့
me: ဟုတ်ကဲ့အစ်ကို
၄၇: အကိုမေးဦးမယ်ညီရာ
me: ဟုတ်
11:22 PM ၄၇: မြန်မာစကားကပဲရှုပ်နေတာလား ၊ အကိုကပဲရှုပ်နေတာလား တစ်ခုခုပဲ
ဒီလိုကွာ
me: ဟုတ်မေးပါအစ်ကိုရာ
၄၇: တစ်ချို့က ပယ်တယ်ဆိုတဲ့အသုံး၊ တစ်ချို့က ချုပ်တယ်ဆိုတဲ့အသုံး၊ တစ်ချို့က ဖြတ် တယ်ဆိုတဲ့အသုံး၊ ဘာတွေကွာသွားတာလဲ
11:25 PM me: အဲဒါ စကားလုံးပဲကွာတာ .. သဘောကအတူတူပဲလေ.. အစ်ကိုက စာတွေကို လိုက်ပြီး သုံးသပ်ဝေဖန်နေတယ်ထင်တယ်.. သဘောကိုသာ မြင်အောင်ကြည့်ပါ.. ဒါလေးကို အစ်ကိုကြည့်ပြီး သုံးသပ်ကြည့် စာကိုမယူနဲ့ သဘောကိုယူပြီးတော့..
11:26 PM ၄၇: အေး
11:27 PM me: ကလေးလိုချင်ရင် အပျိုဘ၀ စွန့်ရမယ် တဲ့.. အဲဒါကို အစ်ကို သဘောဘယ်လိုမြင်လဲအစ်ကို.. သိသလိုသာပြောပါ.. ညီအစ်ကို့ကိုပညာစမ်းတာမဟုတ်ပါဘူး
၄၇: တစ်ခုလိုချင်ရင် တစ်ခုတော့စွန့်ရတယ်လို့ဆိုရင်ရမလား
11:28 PM me: မှန်တာပေါ့အစ်ကိုရာ.. အဲလိုပဲ ဘယ်အရာပဲဖြစ်ဖြစ် စာသဘောမယူနဲ့.. စာသဘောယူရင်..
11:29 PM တစ်နေရာပဲ အသုံးတည့်မယ်.. သဘောယူရင် ကြိုက်တဲ့နေရာမှာ ကြိုက်သလိုသုံးလို့ရပါတယ်.. ဒါကြောင့်
11:30 PM အစ်ကို အပါအ၀င် ကျွန်တော်တို့တစ်တွေသည် သညာသိမှ ပညာသိကို သိအောင်ကြိုးစားအားထုတ်ရပါမယ်..
11:31 PM သညာဆိုတာ စာသိကိုပြောတာ..
11:32 PM ပညာကတော့ အဲဒီစာကိုအသုံးချပြီး မိမိပင်ကိုယ်ဥာဏ်နဲ့ ထိုးထွင်းသိ၊ ပိုင်းခြားသိတာကို ဆိုလိုတာပါ အစ်ကို.
၄၇: အေး
11:33 PM ညီလေးရှင်းပြတာတွေကို ပြန်ဖတ်နေတာကွာ
me: မေးပါအစ်ကို .. အစ်ကိုမေးတော့ ညီစဉ်းစားရင်း ပြန်လည်ဆင်ခြင်လို့ရသလို.. ဥာဏ်လည်းတက်တာပေါ့အစ်ကို
ဟုတ်ကဲ့
၄၇: အဲ့ဒိမှာ နောက်တစ်ခုတွေ့တာကိုမေးဦးမယ်
11:34 PM me: ဟုတ်ကဲ့
၄၇: ညီနဲ့ပြောရတာ တရားအရသာပဲကွာ
မင်းနားမညီးနဲ့နော်
me: စာရိုက်တာ ဘယ်လိုလုပ်ပြီး နားငြီးမလဲအစ်ကိုရ
စတာ..
11:35 PM ၄၇: ဒီလိုကွာ သဠာယတနကြောင့် ဖဿဖြစ်တယ်၊ ဖဿကြောင့် ဝေဒနာဖြစ်တယ်၊ ဝေဒနာကြောင့် တဏှာဖြစ်တယ် ...........လို့ဆိုတော့ သူတို့တွေက တစ်ခုပြီးမှ နောက်တစ်ခုက ဖြစ်တာလား၊ တစ်ပြိုင်တည်းလား
11:37 PM me: အစ်ကို့ကို ညီပြန်မေးဦးမယ်.. အစ်ကို ထမင်းစားတာနဲ့ စားချင်တဲ့စိတ်ပေါ်တာနဲ့ တပြိုင်တည်း ဖြစ်လို့လား
မဖြစ်ဘူးလေ..
၄၇: မဖြစ်ဘူး
me: စားချင်စိတ်ဆိုတဲ့ အကြောင်းကြောင့် စားတယ်ဆိုတဲ့ အကျိုးဖြစ်လာတယ်လေ..
11:38 PM ၄၇: ဒါဆို တစ်ခုပြီးမှ တစ်ခုပေါ့
me: ခုလည်းအဲလိုပဲပေါ့..
ဟုတ်ကဲ့အစ်ကို
တစ်ခုပြီးမှ တစ်ခုဖြစ်တာအစ်ကို..
၄၇: အင်း
11:39 PM me: ဒါပေမယ့်
၄၇: ဒါဆိုရင် အကြောင်းနဲ့ အကျိုးက တစ်ခုပြီးမှ တစ်ခုလို့ပြောလို့ရတာပေါ့
ဒါပေမယ့် ဘာဖြစ်လို့လည်းညီ
me: တစ်ခုနဲ့တစ်ခုက ကူးဖို့အင်မတန်လွယ်သလို.. ကူးပြီဆိုရင်လည်း အင်မတန်မြန်တယ်
11:40 PM ၄၇: အင်း
အကြောင်းက အမြဲတမ်း အရင်ဆုံးဖြစ်လေ့ရှိလားညီလေး
me: ညီ ဥပမာလေးနဲ့ပြောပြဦးမယ်
၄၇: အေး
11:41 PM လုပ်ပါဦး
me: ဘောလုံးတစ်လုံးမြေပေါ်ကျလို့ အသံမြည်တာလေးကို တစ်ချက် စဉ်းစားကြည့်ရအောင်
၄၇: အေး
11:42 PM me: မြေပေါ်ကျလို့ အသံမြည်တာလား .. အသံမြည်ပြီးမှ မြေပေါ်ကျတာလား
11:43 PM အစ်ကိုစဉ်းစားကြည့်ပါ
၄၇: ညီရှင်းပြသွားခဲ့သလိုဆိုရင် ကျပြီးမှပဲ မြည်ရမှာပေါ့။ ဒါပေမယ့် တစ်ခုနဲ့တစ်ခုက အရမ်းမြန်နေမလားပဲ
11:44 PM me: ဒါပဲလေအစ်ကို .. အစ်ကိုမြင်တတ်လာပြီပဲ..
ဒါဟာ ဥာဏ်တက်လာတာအစ်ကိုရေ
11:45 PM ၄၇: အင်း
11:46 PM me: တစ်ပြိုင်တည်းလို့ မြင်ရင်တော့ရတယ်.. ပြောရရင် ကာလမခြားပေါ့နော.. ဘာလို့လဲဆိုတော့ တအားမြန်တာကိုး
၄၇: အေးပေါ့
11:47 PM me: ဒါပေမယ့် ဘောလုံးကျတယ်ဆိုတဲ့ အကြောင့် အသံမြည်ခြင်းဆိုတဲ့ အကျိုးဆက်ဖြစ်ပေါ်လာရတာပဲအစ်ကို
၄၇: အေး
me: အကြောင်းကြောင့် မှားသွားတယ်
11:48 PM စာရိုက်တာမှားတာ
၄၇: အေးအေး အကိုဖြည့်ဖတ်ပါတယ်
me: ဟုတ်ကဲ့
၄၇: နောက်ပြီးတော့ အကြောင်းတရားက အမြဲတမ်း အရင်ဆုံးဖြစ်လေ့ရှိလားညီလေး
11:49 PM me: အစ်ကိုက အရင်ဖြစ်တာလား နောက်ဖြစ်တာလား ဝေဖန်သုံးသပ်မနေနဲ့အစ်ကို.. သေချာတာက တော့ အကြောင်းကြောင့် အကျိုးဖြစ်တာ.. ဒါလေးကိုသိရင် တော်တော်လုံလောက်သွားပြီ အစ်ကို
11:50 PM ၄၇: ကိုစဉ်စားကြည့်မိတာပါ
အေးပါ
me: သိသင့်တာလေးကို အရင်သိအောင်လုပ်ပါအစ်ကို .. ဘာလို့လဲဆိုတော့ အချိန်တွေကို ကိုယ်မပိုင်ဘူးလေ
11:51 PM ၄၇: အေး
me: ဘယ်နေ့သေမလဲ ဘယ်သူမှမပြောနိုင်ဘူးမဟုတ်လား အစ်ကို
11:52 PM ၄၇: အင်း
11:53 PM me: မသေခင် လုပ်သင့်တာလေးတွေကို အရင်ဆုံးလုပ်ပါလို့ ညီ အလေးထားပြီး တလေးတစားနဲ့ပြောပါရစေ.. သူများတွေ ဝေဖန်တာကိုဂရုမစိုက်ပါနဲ့.. ကိုယ်လုပ်တဲ့အလုပ်က မှန်နေပြီလေ..
၄၇: အေးပါညီရာ
ကြိုးစားတာပေါ့
11:54 PM me: အလုပ်ဆိုရာမှာလည်း သစ္စာဥာဏ်ကို သိအောင်လုပ်တဲ့ ၀ိပဿနာအလုပ်ကို ပြောတာပါအစ်ကို
11:55 PM ၄၇: အင်း
11:56 PM me: ညီထပ်ပြီး သတိပေးပြောကြားပါရစေ.. အားထုတ်တော့မယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကို အရင်နားလည်အောင်လုပ်ပါ.. အဲလိုနားလည်ဖို့ စာဖတ်တာလည်း လိုသလို တရားများများနာဖို့လည်းလိုပါတယ်..
နာမှုနဲ့ အားထုတ်မှုမှာ နာမှုကို အဓိကထားပါအစ်ကို
11:57 PM ညီကတော့မိုးကုတ်ဆရာတော်ဘုရားကြီးတရားတွေကို ခုတော့နာဖြစ်နေပါတယ်.. အဓိကက ဘာပဲနာနာ သဘောလေးကို မိအောင်ယူတတ်ဖို့ပါပဲအစ်ကိုရာ
11:58 PM ၄၇: ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် လေ့လာနေတုန်းပါပဲ
me: ဟုတ်ကဲ့အစ်ကို
၄၇: ဒါကြောင့်မရှင်သေးတာတွေ မသေချာတာတွေ ညီကိုသေချာမေးနေတာ
me: ညီတောင်ဘယ်လိုသိသွားလည်းဆိုတော့
12:00 AM စာပေ ၂ မှာတုန်းက မိုးကုတ်ဝိပဿနာ ရက် ၂၀ တရားပွဲကို ၁၉ ရက်သွားနာဖြစ်တယ်.. တစ်ရက်ကလည်း မနာချင်လို့မဟုတ်ပါဘူး.. ညီတို့ကို အကြီးအကဲတစ်ယောက်စကားလားပြောလို့ သွားမနာဖြစ်တာ.. အဲလိုနာဖြစ်အောင် ဘယ်သူကထောက်ပံ့သလဲဆိုတော့
12:01 AM ကလျာဏမိတ္တဆိုတဲ့ မိတ်ဆွေစစ်ပဲအစ်ကို..
၄၇: အင်း
me: ညီ့ကိုတောင် ညီ့သူငယ်ချင်းဆွဲခေါ်လို့ ပါသွားတာ
12:02 AM အဲဒါနဲ့ ပဋိစ္စသမုပ္ပါဒ်ထဲက ပါဠိစကားလုံးတွေက နားယဉ်သွားတာ.. ဒါပေမယ့် သဘောတော့ ဒီရုရှားရောက်မှ သိတာအစ်ကို
12:03 AM ၄၇: အင်း
me: ကိုဝင်းမြင့် ရဲ့ကျေးဇူးတွေပေါ့အစ်ကို
12:04 AM ၄၇: အင်း
me: ဒါကြောင့် ညီပြောချင်တာက မိတ်ဆွေကောင်း ဆရာသမားကောင်းကို မှီဝဲ ဆည်းကပ်တာဟာလည်း တရားရဖို့ မှာ အရေးကြီးတယ်ဆိုတာပါပဲ..
12:06 AMုမြတ်စွာဘုရားကတောင် အရှင်အာနန္ဒာကို မိတ်ဆွေကောင်း ဆရာသမားကောင်းကို မှီဝဲဆည်းကပ်တာသည် တရားရဖို့အတွက် .. ဘယ်လိုပြောမလဲ.. ခေတ်စကားနဲ့ဆို ၁၀၀ % အရေးပါတယ်လို့ ဟောထားတာပေါ့
၄၇: အင်း
ဟုတ်တာပဲ
12:07 AM me: ဒီအထဲက မရှင်းတာရှိသေးရင်မေးနိုင်ပါတယ်အစ်ကို..
ည
စောရီး
12:08 AM သူငယ်ချင်းကွန်ပျုတာလည်း အားတုန်းမို့ပါ
၄၇: ဒီစာတွေကို ဘလော့ပေါ်ကိုမတင်ပါနဲ့ညီရာ
ဘယ်လိုမှတော့မထင်ပါနဲ့
me: ဒါပေမယ့် အများကိုတော့သိစေချင်တာအမှန်ပဲအစ်ကို
၄၇: မြင်တတ်တဲ့သူအတွက်တရားဟာ မမြင်တတ်သူအတွက် အလကားပါပဲ
me: အစ်ကို့နာမည်ကိုမသုံးပါဘူး
၄၇: အော်
အေးအေး
ဒီလိုဆိုရင်တော့ တင်ပါ
း))
me: ညီဖြုတ်ပေးပါ့မယ်နော်
12:14 AM me: ၄၇ ကို
၄၇:း))
သဘောပါပဲဗျာ
အကြောင်းအရာတွေ အသစ်တွေသိလိုက်ရလို့ ကျေးဇူးတစ်ကယ်တင်တယ်
12:15 AM နောက်လည်း မေးစရာတွေရှိရင်မေးဦးမယ်။
me: ကျေးဇူးအစ်ကို သူများကွန်ပျူတာနဲ့ဆိုတော့ ပြင်ဆင်ချိန်မရလို့ ၄၇ ကိုတော့ မဖြုတ်တော့ဘူးအစ်ကို .. အစ်ကိုသဘောတူလားမသိဘူး
၄၇: အခု တရားတစ်ပုဒ်လောက်နာဦးမယ်။ ဆွေးနွေးတာကို နောက်မှ ဆက်တာပေါ့
ရပါတယ်
လုပ်ပါ
me: ဟုတ်ကဲ့ပါ
12:16 AM တရားနှလုံးသွင်းပြီး ကောင်းမြတ်အေးချမ်းတဲ့ ညချမ်းဖြစ်ပါစေအစ်ကိုရေ
၄၇: အသိလည်း မှန်၊ အကျင့်မှန်၊ နိဗ္ဗာန် အမြန်ရောက်ပါစေ ညီလေး။
12:17 AM me: ကြိုးစားအားထုတ်လျက်ပါအစ်ကို
လေးစားစွာဖြင့်
ဖိုးသား
10.12.2008, WED:, 01:07:15 am
Latest News
December 10, 2008 at 6:43 AM
မင်္ဂလာပါ
ဆွေးနွေးသွားတာလေးတွေက တော်တော်ကောင်းပါတယ်။ ဒီနေရာမှာ ဆွေးနွေးဖက်ဖြစ်တဲ့ မေးသူအနေနဲ့ ပါဝင်သရုပ်ဆောင်သူကလည်း အလုပ်သမားပါပဲဆိုတာ အကိုသိပါတယ်။ လူသိမဟုတ်ပါ။ ဆွေးနွေးသွားတာကို သိတာပါ။
ဒီဆွေးနွေးပွဲမှာ ချုပ် ဆိုတဲ့ ဝေါဟာရ နှင့် ပယ်ဆိုတဲ့ ဝေါဟာရကို ဦးစွာ ခွဲပြပါမယ်။
မိုးကုတ်ဆရာတော်ဘုရားကြီးက မဂ္ဂသစ္စာဆိုတာကကွာတဲ့ - အကြောင်းသမုဒယကို ပယ်ပြီးတော့ အကျိုးဒုက္ခကိုသိမ်းတဲ့အလုပ်က သူ့အလုပ်ကွတဲ့ -
ဒီနေရာမှာ သိမ်းတယ်ဆိုတာသည် စပါးသိမ်းတာတို့၊ အမိုက်ကို လှဲသိမ်းတာတို့နဲ့ သဘောမြင်ပါ။
ဒီတော့ မဂ်ဆိုတဲ့ အလုပ်က ပယ်ပြီး သိမ်းတဲ့အလုပ်ပါလားဆိုတာကို မြင်တတ်ရပါမယ်။
ဘယ်လိုသိမ်းသွားလဲဆိုတာကို ပဋ္ဌာန်းနည်းနဲ့ပြောရလျင် သဟဇာသသတ္တိကို သတ်လိုက်တာပါပဲ။ သဟဇာတ ဆိုတဲ့နေရာမှာ ဆီမီး နှင့် အလင်း ဆိုတဲ့ အရာနှစ်ခုပါပါတယ်။
ဆီးမီးအကြောင်းကိုပယ်ရင် အလင်းချုပ်သည်ပဲ။ အလင်းချုပ်ပျောက်သွားပြီဆိုရင်တော့ ဆီမီးစခန်းသိမ်းသွားပြီဆိုတာကိုတော့ အလိုအလျောက် သဘောပေါက်မြင်နိုင်ပါတယ်။
ဒီနေရာမှာလည်း - ရုပ်နာမ်ကို ဘယ်လိုချုပ်အောင်လုပ်ရမလဲဆိုတဲ့ ဆွေးနွေးကွက် ကို ပြောရလျင် -
သင်္ခါရ-ရုပ်သစ်နာမ်သစ် ဆိုတဲ့နှစ်ခုက သဟဇာတကမ္မ နှင့် အတူတကွ ကျေးဇူးပြုတဲ့သဘောရှိပါတယ်။
ဒီတော့ သင်္ခါရဆိုတာ ပစ္စုပ္ပာန်မှာကျေးဇူးပြုနေတဲ့တရားအနေနဲ့ပြောရလျင်- ဘယ်လို ကျေးဇူးပြုတုံးဆိုတော့ အဆင်းနဲ့ စက္ခုယတနနဲ့ ထိတွေ့မှုဖဿဆိုတဲ့ တရားတို့ ဆုံဖြစ်သွားအောင် ပြုပြင်ပေးလိုက်တော့ မြင်စိတ်ဖြစ်တယ်။ ဒီနေရာမှာ ပြုပြင်ပေးလိုက်တဲ့အရာကသင်္ခါရ ပဲ။ ဒီသင်္ခါရကျေးဇူးပြုတော့ မြင်စိတ်အသစ်ပေါ်ရော။ဒီတော့ နဂိုက မြင်စိတ်ရှိသလားလို့ မေးလိုက်။ မရှိပါ။ ဒီတော့ နဂိုကတော့ မရှိဘူး၊ အခုမှ ဖောက်ပြန်ပြီးပေါ်လာတာပေါ့။ ဒီတော့ ဖောက်ပြန်ပေါ်ပြီးတော့ သူ့သတောက မြဲနေတဲ့သဘောရှိလား၊ ပျက်စီးရတဲ့သဘောရှိလားလို့ မေးလိုက်တော့။ ပျက်စီးရတဲ့သဘောရှိနေတယ်။ ဒီတော့ ဖောက်ပြန်တာက မြင်စိတ်၊ ပျက်စီးသွားရတဲ့သဘောကတော့ မြင်စိတ်ရဲ့သဘော သဘာဝလက္ခဏာ။ ဒီလက္ခာကို ဝီရိယ၊ သတိ၊ ပညာနဲ့ ကြည့်နေသူက မြင်တယ်။ မြင်တော့ ခင်လုံးမင်လုံးလေးမလာဘူး။ မြင်စိတ်အပေါ်မှာ ခင်မင်တဲ့ သမုဒယမဆက်ဘူးပေါ့လေ။ သူ့သဘောကို အမှန်သိတဲ့သူက( အနိစ္စလက္ခဏာဉာဏ်) ရှိတဲ့သူကတော့ အနိစ္စကို မခင်ဘူး။ မခင်တော့ သမုဒယကို ပယ်ရှားလိုက်တဲ့သဘောကို သက်ရောက်သွားတာပေါ့။ ဘယ်သူက ပယ်လိုက်တာတုံးလို့ မေးလိုက်တော့ မြင်တဲ့ မဂ်က ပယ်လိုက်တာ။ သူက ပယ်လိုက်တဲ့အခါမှာ - ပုံမှန်ရေစီးကြောင်းက သင်္ခါရ-ရုပ်သစ်နာမ်သစ်ရှိနေတဲ့ ရေစီးကြောင်းဖြစ်နေတယ်။ အခုတော့ အဲဒီရေစီးကြောင်းအသွားက ပျက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ မြင်စိတ်ကနေ လိုချင်စိတ်ကို ပြုပြင်တတ်တဲ့ သင်္ခါရကို ဉာဏ်က သတ်ပစ်လိုက်တာ။ ဒီတော့ ဒီဉာဏ်ရဲ့လက်အောက်မှာ သမုဒယက သေတယ်။ မြင်စိတ်ဆိုတာကတော့ သူ့သဘောအတိုင်း ချုပ်ပျောက်သွားတဲ့ ဓမ္မပေါ့။ ဒါပေမယ့် မဂ်က မြင်စိတ်ဖြစ်ပျက်-ဒုက္ခသစ္စာရဲ့ အမိုက်ကို သိမ်းလိုက်တော့ သမုဒယကို ပယ်တဲ့ဖက်ကိုပါ ကျေးဇူးပြုသွားတယ်။ ဒီတော့ သမုဒယသေတယ်။ သမုဒယသေတော့ သူနဲ့ အတူတကွကျေးဇူးပြုဖြစ်တဲ့ ရုပ်သစ်နာမ်သစ်က ချုပ်ရတယ်။ ဒီတော့ နောက်ရုပ်နာမ်ခန္ဓာမလာတာက နိရောဓသစ္စာ.. အဲဒီလို သစ္စာလေးပါးက ပြည့်သွားတာပါ။ ဒါက စာနဲ့ပြောလို့သာရှည်တာပါ။ အလုပ်နဲ့က လက်တစ်ဖြောက်လေးတင် ဖြစ်သွားတဲ့ သဘောပါ။ ဒါပေမယ့် စာနဲ့မပြောလို့က မရပါဘူး။ နားလည်အောင် ပြောပြတော့မှ သဘောသိ၊ ဒီသဘောအသိကို တကယ့်အရှိဖြစ်အောင် ခန္ဓာမှာ ရှာတဲ့အခါကျတော့မှပဲ တရားက ရှိလာတာဆိုတော့။
အပေါ်က ပြောသွားတဲ့ဟာလေးမှာ မရှင်းတာရှိရင် မေးမြန်းဆွေးနွေးလို့ရပါတယ်..
နိဂုံးချုပ်ကလေးပြောလိုသည်မှာ -
” သင်္ခါရတရားတွေ ပျက်တတ်တယ်။ သတိနဲ့ ကြည့်” ဆိုတာ ဒါကြောင့် မြတ်စွာဘုရားရှင်၏ ရွှေနှုတ်တော်က နောက်ဆုံးထွက်တဲ့ စကားပေါ့ ...
သင်္ခါရသဘောကို မြင်တော့ သင်္ခါရကို ငါလုပ်တယ်။ ငါ့ဟာလုပ်တယ်၊ ငါ့ဥစ္စာလုပ်တယ်။ ပြီးတော့ အဝိဇ္ဇာအပြုံးနဲ့ ပြုံးရွှင်ပြီးသကာလ ကျေးနပ်နေကြတာတော့ တော်တော့ကို အရုပ်ဆိုးလွန်းတယ်...
ဒီတော့ အရုပ်မဆိုးကြပါနဲ့။
အမေးမွေးတုံးက အရုပ်မဟုတ်ပါဘူး။
အခု စိတ္တဇရုပ်တွေကို ပြောတာပါ။
လေးစားစွာဖြင့်
ဝင်းမြင့်