Latest News

*တစ်ဖိုပြည့်ဖို့ တစ်ခဲလို* (သို့) *မေတ္တာကွန်ယက်*

M = ကိုဥပါသကာ (၃၆ နှစ်)
၄၄ = ကိုဝင်းမြင့် (၂၇ နှစ်)
me = ဖိုးသား (၂၃ နှစ်)

3:40 PM M: ဖိုး သား

me: အစ်ကိုမင်္ဂလာပါ
နေကောင်းတယ်နော်

3:41 PM M: အဆင် ပြေတယ်။ ဟုတ်။
ကိုဝင်း မြင့်ကြီးရောက်နေလို့ဗျ

me: အစ်ကိုနဲ့စကားပြောနေတာလား
အခု

M: စာနဲ့ပြောနေ တာ

me: ဟုတ်

M: မိုက်မရှိ ဘူးလေ

3:42 PM me: ကိုဝင်းမြင့်နဲ့ညီတောင်မပြောရတာ တော်တော်လေးကြာသွားပြီ။

M: လူတော် ဗျ

me: ဆရာတော်တွေနဲ့ ပြောနေတာနဲ့

3:43 PM M: ဟုတ်

me: တကယ်တော်တယ်အစ်ကို။ ညီ့အတွက်တော့ အကုန်အတော်တွေနဲ့ချည်း၊ သူ့ထက်ငါ လူစွမ်းကောင်းတွေနဲ့ချည်းလာတိုးနေတော့တာပဲ အစ်ကိုရေ
3:44 PM ညီကံကောင်းတယ်လို့ပြောရမှာပေါ့နော်

M: ညီရာ အစ်ကို့ကိုတော့
လူစွမ်းကောင်း စာရင်း ထဲမထည့် နဲ့နော်
3:45 PM အစ်ကို ဆိုးတာညီမသိ လို့ ဗျ

3:46 PM me: အစ်ကိုရာ ပညာရှိတွေကတော့ ကိုယ့်ကိုယ်ကိုတော်တယ်လို့ ဘယ်ပြောပါ့မလဲ။ ညီလည်းဆိုးဖူးတာပဲ အစ်ကိုရ။ လူတိုင်းအမှားနဲ့တော့ဘယ်ကင်းပါ့မလဲ။ အဓိကက အဲဒီအမှားကို ပြန်တွေးနေဖို့မှ မဟုတ်တာ။ နောက်ထပ်အဲလိုအမှုမျိုး မပြုဖို့ပဲအရေးကြီးတော့တာလေ။
ဆရာတော် ရဝေနွယ်ပြောပြထားတာပါ။

M: အစ်ကို ဆိုးတာ က
3:47 PM သာသနာ တော်နဲ့ ပတ် သက် လာရင်

me: ဟုတ်

M: ကိုယ့် လူ မျိုး ကို တိုင်း တပါးကစော် ကား လာရင်
ဆိုး ချင် လာတယ် ဗျ

3:48 PM me: အစ်ကို့စိတ်ဓါတ်ကို ညီသိပါတယ်အစ်ကိုရာ။
3:49 PM ဒါပေမယ့်လည်း ကိုယ်တစ်ယောက်တည်း မတတ်နိုင်တော့လည်း ကိုဝင်းမြင့်ပြောသလို ဖြစ်စေချင်တဲ့ စေတနာကိုပဲ ဖြစ်ပျက်ပြန်ရှုရတော့တာပေါ့ အစ်ကိုရာ

M: ဒါပေါ့

me: အစ်ကိုဖိုးသားကို ထောက်ခံမဲတွေများနေပြီနော်
3:50 PM အစ်ကိုဝင်းမြင့်ကော နေကောင်းရဲ့လားအစ်ကို

M: အမှန် ပြောရင် ထောက် ခံရမှာပေါ့
မဟုတ် တာ ပြောရင် ဆဲမှာပေါ့
3:51 PM ကောင်း ပဗျာ

me: ညီလည်းနှောင့်ယှက်မိမှာ စိုးလို့ ကိုဝင်းမြင့်နဲ့ စကားမပြောဖြစ်တာပါ
အစ်ကိုကလည်း အလုပ်များတယ်လေ

3:56 PM M: ရပါတယ် ဗျာ အတူတူ ပဲလေ ညီအစ် ကို တွေပါ ဗျ

3:58 PM me: ကိုဝင်းမြင့်နဲ့ ထပ်ပြောနေတာလားအစ်ကို

3:59 PM M: ပြောနေတယ် ညီလေး
ဖိုး သား လည်း ပြောလေ

me: ညီတို့လည်းရယ်ရတယ်.တစ်ယောက်နဲ့တစ်ယောက်အပြင်မှာ တစ်ခါမှလည်းမတွေ့ဖူးကြပဲနဲ့ ညီအစ်ကိုတွေဖြစ်သွားတယ်နော်
4:00 PM ခုဆိုသုံးယောက်ပေါ့

M: ဒါပေါ့ဗျ
ဓမ္မလေ

me: ဟုတ်

========== ========== ==========

3:53 PM me: အစ်ကိုမင်္ဂလာပါ။

၄၄: မင်္ဂလာပါ ညီလေး

me: ကိုဥပါသကာတောင် ပြောရင်းနဲ့ပျောက်သွားတယ်

၄၄: ခုနက အကိုဥပါသကာနဲ့ တွေ့လိုက်တယ်
အင်တာနက် ကျသွားတယ်ထင်တယ်

me: ဟုတ်ကဲ့

3:54 PM အစ်ကို့ရဲ့ ညီလေးဖိုးသန့် ညီဖတ်နေတာ ခုနက
3:55 PM ညီ အလှူငွေကို မြိတ်ကို တစ်ခါတည်းလွှဲလိုက်တာ အဆင်ပြေပါ့မလားအစ်ကို
ဖုန်းနံပါတ်တောင်ထည့်မပေးလိုက်မိဘူး
လာထုတ်မယ့်သူရဲ့လိပ်စာပဲပါသွားတယ်

________________________________________ 8 minutes
4:04 PM ၄၄: ဆရာတော့်နာမည်ပါသွားလား?
မှတ်ပုံတင်နံပါတ်ပေါ့

4:05 PM me: မပါဘူးအစ်ကို ဆရာတော်က လာထုတ်မယ့်သူရဲ့နာမည်နဲ့ မှတ်ပုံတင်နံပါတ်ပေးလို့ အဲဒါနဲ့ပို့လိုက်တာ

၄၄: အေးဒါဆိုရင် နာမည်နဲ့ မှတ်ပုံတင်ပါရင်တော့ လုံလောက်ပါတယ်

me: ညီနဲ့ညီ့သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး ပို့လိုက်တာ
ဟုတ်အစ်ကို

၄၄: ညီ့သူငယ်ချင်းက ဘယ်ကလဲ?

4:06 PM me: ညီနဲ့ခုတော့ကျောင်းအတူတူပဲ။ သူက မြိတ်ကပဲအစ်ကို

4:07 PM ၄၄: ညီတို့က အတူတူနေတာလား?

4:08 PM me: ဟုတ် တစ်ဆောင်တည်းအစ်ကို

4:09 PM ၄၄: အေးအေးညီလေး..
အေးဒါဆိုရင်တော့ ရောက်မှာ သေချာပါတယ်

me: ဟုတ်အစ်ကို

၄၄: ညီတို့ဆီမှာ ပို့ပေးတဲ့သူရှိလား?

4:10 PM me: ဟုတ်ရှိတယ်အစ်ကို 48 က။ မော်စကိုနဲ့ဆက်သွယ်ပြီးလုပ်တယ်ပြောတယ်။ ဒေါ်လာ 100 ကို ရူဘယ် 90 တဲ့

၄၄: အော်
အကိုတို့ဆီမှာလည်း အဲလောက်ပါပဲ

me: ဟုတ် ကျေးဇူးပါအစ်ကို

4:11 PM ၄၄: လုပ်လုပ်ညီလေး

me: ဟုတ်

၄၄: ကြောင်ကို တအားတော့ မရောနဲ့နော..
ရောဂါ ရတယ်..

me: ဟုတ်အစ်ကို ညီနားထောင်ပါ့မယ်

4:12 PM ၄၄: ချစ်တာက မေတ္တာပါ
မေတ္တာကို အကို မကန့်ကွက်ပါဘူး
4:14 PM ဘယ်အရာမဆို သိပ်ရောလို့မကောင်းပါဘူး
ဆားကြိုက်လို့ ဆားစားများတဲ့သူက ဆားကြောင့်ရောဂါရတယ်

me: ဟုတ်

၄၄: အချိုကြိုက်လို့ အချိုများများစားတဲ့သူက အချိုကြောင့် ရောဂါရတယ်
4:15 PM ကာမခုံမင်လို့ ကာမလိုက်စားတဲ့သူက ကာမကြောင့် ရောဂါရတယ်

me: ဟုတ်ကဲ့

၄၄: လောဘကြီးလို့ လောဘတကြီးလုပ်တဲ့သူက လောဘကြောင့် ရောဂါရတယ်
အချစ်ကို အားသန်ရင် အချစ်ကြောင့် ရောဂါရတယ်
4:16 PM ကြောင်ကိုချစ်လို့ ကြောင်ကိုပဲချစ်နေတတ်တဲ့သူက ကြောင်ကြောင့်ပဲရောဂါရတယ်

4:18 PM me: ဟုတ်ကဲ့ပါအစ်ကို .. ဓါတ်ပုံထဲက ဆရာတော်ကလည်းညီ့ကိုဆုံးမပါတယ်။ *၀ိဟာရတိ* ဆိုပြီးတော့။ အားလုံးကို မျှတအောင်လုပ်ရမယ်တဲ့။ ညီလည်း ဆရာတော့်ကို ကတိပေးထားပါတယ်။ ခုလည်း အစ်ကို့ကိုပါထပ်ပြီး ညီ ကတိပေးပါတယ်။

4:19 PM ၄၄: ကတိပေးထားထက် အသိရှိတာက ပိုကောင်းပါတယ်
ကတိကို မြဲအောင် အဓိကလုပ်ပေးရတဲ့သူက အသိတရားပါ
ဒါကြောင့် အသိရှိအောင် သုံးသပ်ဆင်ခြင်ပါ။
4:20 PM အသိကိုလည်း သတိက ကူညီထောက်ပံ့ပေးတယ်

me: ဟုတ်အစ်ကို ညီ အသိကို သတိကပ်ပြီး ကတိမြဲအောင်လုပ်ပါ့မယ်

၄၄: အေးအေးညီလေး

me: ဟုတ်ကဲ့ ရိုသေလေးစားလျက်ပါ အစ်ကို

၄၄: ကျန်းမာအေးမြပါစေ

4:21 PM me: အစ်ကိုလည်း အေးမြချမ်းသာပါစေ

လေးစားစွာဖြင့်
ဖိုးသား

12.12.2008, FRI:, 08:16:20 pm
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. "ဘယ်အရာမဆို သိပ်ရောလို့မကောင်းပါဘူး
    ဆားကြိုက်လို့ ဆားစားများတဲ့သူက ဆားကြောင့်ရောဂါရတယ်

    me: ဟုတ်

    ၄၄: အချိုကြိုက်လို့ အချိုများများစားတဲ့သူက အချိုကြောင့် ရောဂါရတယ်
    4:15 PM ကာမခုံမင်လို့ ကာမလိုက်စားတဲ့သူက ကာမကြောင့် ရောဂါရတယ်"


    သိပ်ကောင်း သိပ်မှန်တဲ့ စကားပဲ အများကြီး တာသွားပါတယ် သတိပေးနေသလိုပဲ..
    သာဓုသာဓုသာဓုပါဗျား။

Leave a Reply