
အို…
လှမ်းလို့မျှော်လိုက်တော့
သတ္တ၀ါတို့ လျှောက်ရမည့်လမ်း
မတွေးတော့ဘူး။
မမ လည်း လျှောက်နေတယ်
လမ်းမှာ ကျောက်ခဲလေးတွေအများကြီး
အစုံအညီ ပလုံစီလို့
လောကဓံကို သည်းခံရင်း။
တွေးလိုက်မိတယ်
တန်ဖိုးအသီးသီး
ရှုမငြီးဖွယ်
ကျောက်ခဲလေးတွေနဲ့
ဆက်စပ် ပတ်သတ်ပြီး။
စိန်
သူကတော့
တန်ဖိုးအရှိဆုံး
အမာဆုံး
အလှဆုံး
အရောင်တလက်လက်နဲ့
မှတ်ကျောက် အတင်ခံနိုင်ဆုံး
လူသားတွေကို
အလှဆင်မှု
အကျိုးအပြုဆုံး
-------- ဆုံး
-------- ဆုံး။
မမ
လျှောက်နေရင်း
လှမ်းနေရင်း
ဘ၀ခရီးကို ချီတက်နေရင်း
သုံးသပ် ဆုံးဖြတ်
အားတင်းလိုက်ပြီ
ဆက်လျှောက်…
စိန်စီသောလမ်းဆီ…။ ။
လှမ်းလို့မျှော်လိုက်တော့
သတ္တ၀ါတို့ လျှောက်ရမည့်လမ်း
မတွေးတော့ဘူး။
မမ လည်း လျှောက်နေတယ်
လမ်းမှာ ကျောက်ခဲလေးတွေအများကြီး
အစုံအညီ ပလုံစီလို့
လောကဓံကို သည်းခံရင်း။
တွေးလိုက်မိတယ်
တန်ဖိုးအသီးသီး
ရှုမငြီးဖွယ်
ကျောက်ခဲလေးတွေနဲ့
ဆက်စပ် ပတ်သတ်ပြီး။
စိန်
သူကတော့
တန်ဖိုးအရှိဆုံး
အမာဆုံး
အလှဆုံး
အရောင်တလက်လက်နဲ့
မှတ်ကျောက် အတင်ခံနိုင်ဆုံး
လူသားတွေကို
အလှဆင်မှု
အကျိုးအပြုဆုံး
-------- ဆုံး
-------- ဆုံး။
မမ
လျှောက်နေရင်း
လှမ်းနေရင်း
ဘ၀ခရီးကို ချီတက်နေရင်း
သုံးသပ် ဆုံးဖြတ်
အားတင်းလိုက်ပြီ
ဆက်လျှောက်…
စိန်စီသောလမ်းဆီ…။ ။
သူငယ်ချင်း ပန်းခရေအတွက် ရည်ရွယ်ပြီး ရေးစပ်လိုက်ခြင်းပါ။
အားလုံးသော မိတ်ဆွေတို့လည်း စိန်စီသောလမ်းဆီသို့ ချီတက်နိုင်ကြပါစေလို့…
လေးစားစွာဖြင့်
ဖိုးသား
20.12.2008, SAT:, 09:57:21 am
December 20, 2008 at 12:07 AM
မမ
လျှောက်နေရင်း
လှမ်းနေရင်း
ဘ၀ခရီးကို ချီတက်နေရင်း
သုံးသပ် ဆုံးဖြတ်
အားတင်းလိုက်ပြီ
ဆက်လျှောက်…
စိန်စီသောလမ်းဆီ…။ ။
ကျေးဇူးတင်ပါတယ် ဖိုးသားရယ်
ခုလို နာမည်ကို ကဗျာတစ်ပုဒ်စပ်ပေးရင်းအားအင်တွေဖြစ်စေတဲ့အတွက် အတိုင်းအဆမရှိ ကျေးဇူးတင်ပါတယ်..
December 20, 2008 at 1:14 AM
ဖတ်သွားပါတယ် ကိုဖိုးသား