
**ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။**
**ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာ နတံ။**
အိပ်မပျော်ဘဲ
နိုးနေတဲ့သူအတွက်
တစ်ညဥ့်တာကာလဟာ
မိုးမလင်းနိုင်တော့လောက်အောင်
ရှည်လျားလွန်းလှပါတယ်။
ခရီးပန်းလို့
နွမ်းလျနေတဲ့သူအတွက်
တစ်ယူဇနာခရီးဟာ
ဆက်မသွားချင်တော့လောက်အောင်
ရှည်လျားလွန်းလှပါတယ်။
သူတော်ကောင်းတရားကို
မသိမြင်တဲ့
လူမိုက်အတွက်
အစမထင်သံသရာကြီးကလည်း
အဆုံးမမြင်နိုင်တော့လောက်အောင်
ရှည်လျားလွန်းလှပါတယ်။ ။
(ဓမ္မပဒ - ၆၀)
လေးစားစွာဖြင့်
ဖိုးသား
18.12.2008, THU:, 07:07:32 pm
0 comments