ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိဆုံးမတော်မူသော မြတ်စွာဘုရား

**စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။**
**ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။**
မိတ်ကောင်း ဆွေကောင်းပေါင်းချင်လို့
ရှာဖွေနေတဲ့ပုဂ္ဂိုလ်ဟာကိုယ်ကျင့်ဖြောင့်မတ်မှုဂုဏ်
စိတ်ဓါတ်မြင့်မားမှုဂုဏ်နဲ့
အသိဉာဏ် ကြီးကျယ်မှု ဂုဏ်အရာမှာ
ကိုယ့်ထက်သာလွန်တဲ့သူ
ဒါမှမဟုတ်
ကိုယ်နဲ့တန်းတူတဲ့သူကို
ဘယ်လိုမှ မရနိုင်ဘူးဆိုရင်
အဖော်မတွဲ တစ်ယောက်တည်း
နေထိုင်ကျင့်သုံးခြင်းကိုပဲ
ခိုင်ခိုင်မြဲမြဲ
ပြုလုပ်သင့်ပါတယ်။
ဘာလို့လဲဆိုတော့
ကိုယ့်ထက်နိမ့်ကျတဲ့
လူမိုက်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ
မိတ်ကောင်းဆွေကောင်းရဲ့
ဂုဏ်အင်္ဂါ လက္ခဏာတွေ
လုံးဝ မရှိနိုင်လို့ပါပဲ။
(ဓမ္မပဒ ဂါထာ - ၆၁)
လေးစားစွာဖြင့်
ဖိုးသား
12/23/2008, TUE:, 1:08:04 PM
0 comments