Latest News

*လွမ်းလို့ကျန်ရစ်ခဲ့မှာကိုတော့ အားနာပါတယ်လေ*

အရှင်ဝိဇ္ဇောတ (ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်) (သက်တော် - ၂၃ နှစ်)



သဘောတရားတွေ သိဖန်များတော့
တရားသဘောတွေ ပါလာပြီ။

အသိတရားရှိသူတွေ အတွက်တော့
တရားအသိတွေပါပဲလေ။

အမေပြောရင်
အမောပြေပေမယ့်
အိပ်ရင်
တရေး (နဲ့) အားရမှုမရှိတဲ့ကျွန်တော့်ကို
တရားရေအေးက
ပိုလို့ အမောပြေစေခဲ့ပြီ။

ဒီတော့ကာ
အပြောချိုတဲ့
အပျိုချောရေ…
အကျွန်ုပ်
တရုတ်အားထားတာကိုရပ်လို့
တရားအားထုတ်တော့မှာမို့
ဒီဘ၀အတွက်တော့
နှမလက်လျှော့ နေလေတော့။ ။

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေခင်ဗျာ။

လေးစားစွာဖြင့်
ဖိုးသား

27.12.2008, SAT:, 07:59:52 am
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ကိုပြည့်စုံ.... ရေ...
    အခုလိုမျိုး တင်ထားတော့ တစ်မျိုးကြီးပဲ...
    တော်ကြာ လူထွက်ချင်ရင်တောင် ထွက်လို့မရဘဲ နေဦးမယ်.. :D...
    ဒါလဲ ကောင်းပါတယ်လေ..သာသနာအတွက် ဆက်လက်ကြိုးစားရဦးမှာပေါ့....ကျေးဇူးတင်ပါတယ်...

Leave a Reply