
သူ့မှာ
သတ္တ၀ါတွေအပေါ်
ညှာတာသနားတတ်တဲ့
ကရုဏာတရားတွေရှိတယ်။
သူ့မှာ
ရန်ကိုရန်ချင်း
မတုံ့နှင်းလိုတဲ့
မွန်မြတ်စိတ်ဓါတ်ရှိတယ်။
သူ့မှာ
သေသပ်လှပ
ဥပေက္ခာတရားနဲ့ယှဉ်တဲ့
မေတ္တာတရားတွေရှိတယ်။
သူ့မှာ
အရောင်မခြယ်
သဒ္ဓါကြွယ်တဲ့
ချစ်ခြင်းတရားတွေရှိတယ်။
သူ့မှာ
သူများကောင်းကျိုး
သယ်ပိုးလိုတဲ့
စေတနာတရားလည်းရှိတယ်။
သူ့မှာ
သူများကောင်းစား
ဝမ်းသာအားတဲ့
မုဒိတာတရားလည်းရှိတယ်။
သူ့မှာ
ညှာတာထောက်ထား
စာနာတတ်တဲ့
အကြင်နာဓါတ်လည်းရှိတယ်။
သူ့မှာ
သူနဲ့ ကိုယ့်ကိုယ်ကို
နှိုင်းယှဉ်စဉ်းစားလိုတဲ့
ကိုယ်ချင်းစာတရားလည်းရှိတယ်။
သူ့မှာ
ခုနစ်ဖြာညီတဲ့
သူတော်ကောင်းတရားလည်း
အစီအရီ ရှိလိုက်သေးတယ်။
သူဘယ်သူပါလိမ့်?
သင်လည်းဖြစ်နိုင်သလို
ကျွန်ုပ်လည်းဖြစ်နိုင်တယ်။
သူ့လို
ကျင့်ကြံနိုင်ရင်ပေါ့။
အားထုတ်နိုင်ရင်ပေါ့။
စဉ်းစားဆုံးဖြတ်
သုံးသပ်တတ်ရင်ပေါ့။ ။
သတ္တ၀ါတွေအပေါ်
ညှာတာသနားတတ်တဲ့
ကရုဏာတရားတွေရှိတယ်။
သူ့မှာ
ရန်ကိုရန်ချင်း
မတုံ့နှင်းလိုတဲ့
မွန်မြတ်စိတ်ဓါတ်ရှိတယ်။
သူ့မှာ
သေသပ်လှပ
ဥပေက္ခာတရားနဲ့ယှဉ်တဲ့
မေတ္တာတရားတွေရှိတယ်။
သူ့မှာ
အရောင်မခြယ်
သဒ္ဓါကြွယ်တဲ့
ချစ်ခြင်းတရားတွေရှိတယ်။
သူ့မှာ
သူများကောင်းကျိုး
သယ်ပိုးလိုတဲ့
စေတနာတရားလည်းရှိတယ်။
သူ့မှာ
သူများကောင်းစား
ဝမ်းသာအားတဲ့
မုဒိတာတရားလည်းရှိတယ်။
သူ့မှာ
ညှာတာထောက်ထား
စာနာတတ်တဲ့
အကြင်နာဓါတ်လည်းရှိတယ်။
သူ့မှာ
သူနဲ့ ကိုယ့်ကိုယ်ကို
နှိုင်းယှဉ်စဉ်းစားလိုတဲ့
ကိုယ်ချင်းစာတရားလည်းရှိတယ်။
သူ့မှာ
ခုနစ်ဖြာညီတဲ့
သူတော်ကောင်းတရားလည်း
အစီအရီ ရှိလိုက်သေးတယ်။
သူဘယ်သူပါလိမ့်?
သင်လည်းဖြစ်နိုင်သလို
ကျွန်ုပ်လည်းဖြစ်နိုင်တယ်။
သူ့လို
ကျင့်ကြံနိုင်ရင်ပေါ့။
အားထုတ်နိုင်ရင်ပေါ့။
စဉ်းစားဆုံးဖြတ်
သုံးသပ်တတ်ရင်ပေါ့။ ။
လေးစားစွာဖြင့်
ဖိုးသား
26.12.2008, FRI:, 04:18:40 am
December 26, 2008 at 9:00 AM
သူလည်း မရှိ၊ ငါလည်းမရှိ၊ ရုပ်နဲ့နာမ်သာရှိ၊
ကောင်းတဲ့ စားသားလေးတွေကို သီကုံးထား
တဲ့ ဖိုးသားအသိပညာတွေ နှလုံးသားထဲကိန်း
ပါစေ
December 26, 2008 at 9:19 AM
တင်ပါ့ ကျေးဇူးပါဘုန်းဘုန်း။ ဖိုးသားကြိုးစားနေပါတယ်။
ဘုန်းဘုန်းလည်း ကျန်းမာပါစေ။
လေးစားရိုသေစွာ ဦးချလျက်
ချစ်တပည့်လေး
ဖိုးသား