
အမိမဲ့သား
ရေနည်းငါးတဲ့၊
အဖမဲ့သား
ထရံကြားတဲ့၊
မင်းအားငယ်နေသလား။
မင်းဘ၀ဟာ
မိခင်ပါပဲ
မင်းသတ္တိဟာ
ဖခင်ပါပဲ
ဘယ်မှာ အားငယ်ရမှာလဲ။
မိဂုဏ် ဖဂုဏ်
ဓနဂုဏ်နဲ့
နုံချာသိမ်ဖျင်း
နေရခြင်းထက်
ကိုယ့်အသက်ကိုယ်ရှူ
ကိုယ့်ကိုယ်ကို လူဖြစ်အောင်လုပ်
မင်းရဲ့ဂုဏ်ပုဒ်ဟာ
မင်းပါပဲ။ ။
ရေနည်းငါးတဲ့၊
အဖမဲ့သား
ထရံကြားတဲ့၊
မင်းအားငယ်နေသလား။
မင်းဘ၀ဟာ
မိခင်ပါပဲ
မင်းသတ္တိဟာ
ဖခင်ပါပဲ
ဘယ်မှာ အားငယ်ရမှာလဲ။
မိဂုဏ် ဖဂုဏ်
ဓနဂုဏ်နဲ့
နုံချာသိမ်ဖျင်း
နေရခြင်းထက်
ကိုယ့်အသက်ကိုယ်ရှူ
ကိုယ့်ကိုယ်ကို လူဖြစ်အောင်လုပ်
မင်းရဲ့ဂုဏ်ပုဒ်ဟာ
မင်းပါပဲ။ ။
ဒီကဗျာလေးကိုတော့ ကျွန်တော် 08.12.2006 ခုနှစ် (စနေနေ့) က အစ်ကိုတစ်ယောက်ထံမှ ကူးယူရေးသား ဖတ်ရှုခဲ့ရခြင်းပါ။ ဘယ်သူရေးခဲ့သလဲဆိုတာကိုတော့ ကူးယူခဲ့စဉ်ကတည်းက မသိခဲ့ပါဘူးခင်ဗျာ။
ဒီကဗျာလေးနဲ့ ကျွန်တော် စိတ်ဓါတ်တွေကျတိုင်း ကိုယ့်ကိုယ်ကို အားပေးခဲ့ရပေါင်း မနည်းပါဘူး။
မိတ်ဆွေတို့ကိုလည်း ဒီကဗျာလေးက တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနိုင်ကောင်းပါရဲ့။
အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကို်ယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေခင်ဗျာ။
လေးစားစွာဖြင့်
ဖိုးသား
29.12.2008, MON:, 04:42:05 am
0 comments