
ကော်ဖီတစ်ခွက်…
သင်ကြိုက်သလား…
ကြိုက်သူရှိသလို
မကြိုက်ချင်ရင်လည်းနေပေါ့။
ကောဖီကတော့ …
သူ့ဟာသူနေတာပဲ။
သောက်သူတွေကသာ
ပညတ်နေတယ်ထင်ပါ့။
ကောင်းတယ် မကောင်းဘူး
ခါးတယ် မခါးဘူး
ရင်တုန်တယ်
အိပ်ရေးပျက်တယ်
ကျန်းမာရေးထိခိုက်တယ်
ဘာဖြစ်တယ်…
ညာဖြစ်တယ်…။
နောက်ဆုံးတော့လည်း …
ကော်ဖီဟာ ကော်ဖီပါပဲ ..
သူကတော့ စင်ပေါ်မှာပဲလေ ..
လူတွေရဲ့
အတ္တတွေ …
လောဘတွေ...
တဏှာတွေ…
မာနတွေ…
ဒိဋ္ဌိတွေ…
အကုန်လုံးကို ငုံ့ကြည့်ရင်း။
အားလုံးကို စိန်ခေါ်ရင်း။ ။
သင်ကြိုက်သလား…
ကြိုက်သူရှိသလို
မကြိုက်ချင်ရင်လည်းနေပေါ့။
ကောဖီကတော့ …
သူ့ဟာသူနေတာပဲ။
သောက်သူတွေကသာ
ပညတ်နေတယ်ထင်ပါ့။
ကောင်းတယ် မကောင်းဘူး
ခါးတယ် မခါးဘူး
ရင်တုန်တယ်
အိပ်ရေးပျက်တယ်
ကျန်းမာရေးထိခိုက်တယ်
ဘာဖြစ်တယ်…
ညာဖြစ်တယ်…။
နောက်ဆုံးတော့လည်း …
ကော်ဖီဟာ ကော်ဖီပါပဲ ..
သူကတော့ စင်ပေါ်မှာပဲလေ ..
လူတွေရဲ့
အတ္တတွေ …
လောဘတွေ...
တဏှာတွေ…
မာနတွေ…
ဒိဋ္ဌိတွေ…
အကုန်လုံးကို ငုံ့ကြည့်ရင်း။
အားလုံးကို စိန်ခေါ်ရင်း။ ။
လေးစားစွာဖြင့်
ဖိုးသား
12/29/2008, MON:, 02:57:15 pm
December 30, 2008 at 6:19 AM
အင်း..ပြောပေါ့လေ....
ပြောပိုင်ခွင့်ရှိတာပဲ...ကော်ဖီခွက်က သိမှာမှ မဟုတ်တာ..
ကြိုက်တယ်/မကြိုက်ဘူးဆိုတာကတော့ သောက်သူအလိုပေါ့....
ခါးတယ်/မခါးဘူးဆိုတာတော့ ကော်ဖီအလိုပေါ့...
အလိုနှစ်ခုကို သွားမရောနဲ့နော်...
ကော်ဖီမခါးလို့လဲ စိတ်မညစ်နဲ့...
ကော်ဖီခါးလွန်းလို့လဲ စိတ်မဆိုးနဲ့..
ကော်ဖီကို အေးအေးလေး သောက်နိုင်ပါစေနော်..
(မှတ်ချက်= ရေခဲရေထည့်သောက်ခိုင်းခြင်း မဟုတ်ပါ။)